 အဖွဲ့က  ဖော်ကာကလည်း ဒွေးနဲ့အတူ ပြင်ဦးလွင်မှာလိုက်ပြီး ဒွေးအတွက်  သီချင်းတွေရေးစပ်ခဲ့ဖူးပါတယ်။ ကိုသားကြီး က သူ့ဘဝအတွက်  ခွန်အားတွေပေးခဲ့ပါတယ် ဆိုတဲ့ ဖော်ကာကသူနဲ့ဒွေးတို့ရဲ့ကြားကအမှတ် တရတွေကို  အခုလိုပြောပြခဲ့ပါတယ်။ ”ကိုသားကြီးနဲ့က ၂ဝဝ၅ ခုနှစ် ဒီဇင် ဘာလောက်မှာ  စတွေ့တာပေါ့။ ကျွန်တော် တို့ ရော့ခ်ပွဲတစ်ပွဲလုပ်မယ်ပေါ့။ ကိုဇော်လတ်  တို့နဲ့ပေါင်းပြီး အဲဒီမှာ ကိုသားကြီး(ဒွေး)က စပွန်ဆာပေးတာပေါ့။  အဲဒီမှာစပြီး ရင်းနှီးတယ်။ ပြီးတော့ ကိုသားညီကို  ကျွန် တော်  သီချင်းရေးပေးရင်းနဲ့ အဲဒါကိုကြိုက်သွားပြီး သူ့အတွက်  သီချင်းတွေလိုက်ရေးပေးဆိုပြီး (ရုပ်ရှင်အတွက်သီချင်းတွေပေါ့)  ပြင်ဦးလွင်ကို လိုက်သွားဖြစ်တယ်။ ပြီးတော့တစ်ခါ ကျွန်  တော်စိတ်ဓာတ်ကျနေတဲ့အချိန်စစ်တွေကို ပြန်မယ်လုပ်တုန်းက  ကျွန်တော်ကိုသားကြီးဆီ ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီတုန်းက လမ်းဘေးဖုန်း  နဲ့ဆက်တာ။ ဒါပေမဲ့ သူကိုင်တယ်။ ပြီးတော့သူကပြောတယ်။ တောင်  ကြီးရောက်နေတယ်တဲ့၊ ကျွန်တော့် ကို ဘာမှစိတ်ဓာတ်မကျနဲ့တဲ့။  သူကကျွန်တော့်ကို အားပေး တယ်။ အဲ ဒီမှာ ကျွန်တော်အားပြန်တက် လာတယ်ပေါ့။  အရင်တုန်းက ဆို သူကမာနကြီးမယ် ထင် ခဲ့တာလေ။ တကယ်တမ်း ပေါင်းကြည့်တော့ တော်  တော်ကြီးကိုခင်ဖို့ ကောင်း တယ်။ စတူဒီယိုတွေဘာတွေ  မှာတွေ့ရင်ရင်းရင်းနှီးနှီးပဲ။ သူ့ ဆီက ဂီတနဲ့ပတ်သက်ပြီး တော့  ထွေထွေထူးထူးပညာ မယူဖြစ်ပါဘူး။ ဒါပေမဲ့ နေပုံထိုင်ပုံ ပေါ့ နော်။ အရမ်း  တည်တယ်။ သူက ပရိသတ် ကို ဆက်ဆံတာ အရမ်းမိုက် တယ်။ မှတ်မှတ်ရရတစ်ခုရှိတာ က  သူ့ရဲ့ပြင်ဦးလွင်  ရိုက်ကွင်း တစ်ခုမှာ သူ့အခန်း မရိုက်သေးခင် သူနဲ့  ကျွန်တော်ဂစ်တာထိုင်တီးနေတုန်း ပရိ သတ်တွေက ရှေ့ကနေ အုံလာတာ ပေါ့။ သူကလည်း  ပရိသတ်တွေကို လက်တွေပြ၊ ရယ်ပြ၊ ပြုံးပြပေါ့။ လုံး ဝ မာနမကြီးဘူး။ သဘော  အရမ်းကောင်းတယ်။ ပရိသတ်တွေကလည်း အော်တာပေါ့။ ကိုဒွေး(သားကြီး) က အပြင်မှာ  ပို ချောတယ်ပေါ့။ သူ့ အခွေမှာ ကျွန်တော် ရေးတဲ့ သီချင်းနှစ်ပုဒ်  သုံးထားတယ်။တကယ် သူယူသွားတာတော့ ၈ ပုဒ်လောက်ရှိတယ်။ ပြီးတော့ သူ့အတွက်  ရေးမယ်ဆို တည်ထား ပြီး တစ်ပိုင်းတစ်စနဲ့ မရေးဖြစ်တဲ့ သီချင်း တွေလည်း အများ  ကြီးရှိတယ်။ သူကကျွန်တော့်ကို အခွေထုတ် ပေးမယ်လို့ပြောဖူးတယ်။  သူဆုံးပြီိလို့ကြားတဲ့ အချိန်မှာ ကျွန်တော်မယုံဘူး။ ရပ်ကွက်ထဲမှာ  လူတွေပြောနေကြ တာပေါ့။ နင့်လူကြီးဆုံးပြီ ဆိုတော့ ဘယ်သူလဲလို့မေးတော့  ဒွေးတဲ့။ အဲဒါနဲ့ကျွန်တော် ကိုမောင်မောင်ဇော်လတ် ဆီကိုဆက် လိုက်တယ်။  ကောလာဟလတစ်ခု ကြားတယ်။ ဟုတ်လားပေါ့။ ကိုသားကြီးဆီ တော့ မဆက်ရဲဘူး။  အားနာလို့။ အဲဒါနဲ့ ကိုဇော်လတ်ကပြောတယ်။ ဖော်ကာရယ် စိတ်မညစ်ပါနဲ့ကွာတဲ့။  အဲဒါနဲ့ တကယ်ကြီး လားဆိုပြီး မှင်တက်သွားတယ်။ မှတ်မှတ်ရရ  ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြိုက်နှစ် သက်ခဲ့တဲ့ သူလိုလူ တစ်ယောက် နဲ့  အတူတူ နေ အတူတူစားပြီး တစ်ကား တည်းအတူတူ စီးဖူးခဲ့တာကိုတော့  တကယ်ကိုအမှတ်ရတယ်။ ကျွန်တော်လို တောသားတစ်ယောက်ကို သူ လိုမင်းသား တစ်ယောက်က  အားပေးခဲ့တယ်။  သူ့လိုစိတ်ဓာတ်ကောင်းတဲ့ လူတစ်ယောက်က ရောက်လေရာဘဝတိုင်းမှာ  အကောင်းဆုံး တွေပဲဖြစ်နေမှာပါ။

Friday, May 4, 2012
ဒွေးအကြောင်းပြောတဲ့ ဖော်ကာ(Wanted)

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
အပေါ်က စာတွေကို ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ReplyDeleteကို ဖော်ကာ ရဲ့ လိပ်စာတွေရှိရင်ပို့ပေးပါလို့
တောင်းဆိုချင်ပါတယ်