 ဒွေးနဲ့အတူ  ဇာတ်ကားတော်တော်များများကို ရိုက်ခဲ့တဲ့ဒါရိုက်တာတွေထဲမှာ  မိုက်တီးလည်းအပါအဝင်ပါပဲ။ ဒွေးအမှတ်တရနဲ့ ပတ်သက်ပြီး ဒါရိုက်တာမိုက်တီးက  ”ဒွေးကစတန့်လုပ်တာ ဝါသနာပါတယ်။  သူက မင်း သားဆိုတော့ ကိုမိုက်က  တစ်ခါတလေကျရင်အားနာတာပေါ့။ လူစားထိုးလိုက်မယ်လို့ ပြောတာပေါ့။ အဲဒီ  အခါကျရင်သူက အသည်းအသန်ငြင်းတော့တာပဲ။ မရဘူး၊ ကျွန်တော်ကိုယ်တိုင်  လုပ်မယ်တဲ့။ ထက် ထက်မိုးဦးနဲ့ ‘မချစ်ဖူးတဲ့  အချစ်ရူး’ကားမှာပန်းဆိုးတန်းတံတားက ပြီးခါစပေါ့။ ရိုက်ရမယ့်အခန်းက တံတား  ပေါ်မှာ သူက ကောင်မလေး ၃ ယောက်ကို ပတ်ပြေးနေတာ။ နောက်ဆုံးမှာ ပိတ်မိပြီးတော့  တံတားပေါ်က ခုန်ချပြီးတော့ ဟီးနိုးကားကြီးတစ်စင်းရဲ့  ခေါင်မိုးပေါ်ကနေပြီးတော့ ထွက်သွားတဲ့အခန်းပေါ့။ အဲဒီအခန်း မှာ  ခုန်လည်းခုန်ချရမယ်ဆိုတော့ မကောင်းဘူး၊လူစားထိုးမယ်ဆိုတာကိုမဟုတ်ဘူး။  ကျွန်တော်လုပ်မယ် ရအောင်လုပ်မယ်ဆိုတော့ အဲဒီတော့လည်း ကိုယ်တွေကကင်မရာ  နှစ်လုံးရိုက်ထားရတာပေါ့။ သူကအဲဒီ လိုမျိုး စတန့်တွေကို ဝါသနာပါတာပေါ့။  ဝါသနာပါလို့ပဲလားမသိဘူး။ ငယ်ငယ်ကတည်းက ဟိုအပင်ပေါ် က ခုန်ချ၊  ဒီအပင်ပေါ်ကခုန်ချနဲ့ လက်မှာလည်းဒဏ်ရာတွေ ရှိခဲ့တယ်။  သူကစိတ်ကောင်းရှိတယ်။  သနား တတ်တယ်။ သေသွားတဲ့လူတစ်ယောက်အတွက်တော့  ကိုမိုက်သိပ်မပြောချင်ဘူး။ကျန်တဲ့လူတွေအတွက်ကိုပဲ ပြောချင်တယ်။ ဒွေးဆိုတာ  အင်မတန်အိုက်တင် ကောင်းတဲ့လူတစ်ယောက်၊ အင်မတန်အနုပညာကို ချစ်တဲ့လူတစ်ယောက်။  သူဘယ်လို အိုက်တင်ကောင်းလာလဲ၊ ဘယ်လိုအသိဥာဏ်တွေကောင်းခဲ့တာလဲ၊  ဘာဖြစ်လို့ဆုံးခဲ့တာလဲ၊ အဲဒါကို ကျန်တဲ့လူတွေအားလုံးက  ကောင်းတာတွေယူနိုင်ရမယ်။ မကောင်းတာကိုပယ်နိုင်ရမယ်”လို့  ပြောပါတယ်။ဒါရိုက်တာ မိုက်တီးဟာ နေမင်း၊ယုန်လေး၊ ဖိုးကျော်တို့နဲ့ ဇွန်လ ၂ဝ  ရက်က ဘန်ကောက်ကိုတစ်ပတ်ကြာ အပန်းဖြေခရီးထွက်ရင်း  ဇာတ်ကားရိုက်ရင်အဆင်ပြေအောင် Location တွေကြည့် ခဲ့တယ်လို့ပြောပါတယ်။

Friday, May 4, 2012
ဒွေးဆိုတာ အိုက်တင်အရမ်း ကောင်းပြီး အနုပညာကို အရမ်းချစ်တဲ့ လူတစ်ယောက်ပါ

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment