 ကျော်ဟိန်း၊ဒွေးတို့  သရုပ် ဆောင်ခဲ့ကြတဲ့ ‘ဝေလည်းမွှေး၊ကြွေ လည်းမွှေး’ စစ်ကားအဆက်ကို ဒါရိုက်တာ  ခင်မောင်ဦး၊စိုးသိမ်းထွဋ် က ‘အသက်ထက်မြတ်တဲ့ဂုဏ်’ဆို ပြီး လူမင်း၊  ကောင်းထက်သူ၊ မျိုး သန္တာထွန်း၊ Mမရာကျော်တို့နဲ့ ရိုက် ကူးမှာဖြစ်ပါတယ်။  ဒီကားကို ဇာတ် လမ်းတွဲအနေနဲ့ မြဝတီကနေ ထုတ် လွှင့်မှာဖြစ်ပြီး ဇာတ်ကား  ရိုက်ကူးမှု ကိုတော့မေလ၅ ရက် နေ့မှာစ တင်မှာဖြစ်ကြောင်း သိရပါ တယ်။’အသက်  ထက်မြတ်တဲ့ဂုဏ်’ စစ် ကားမှာ နှစ်ကိုယ်ခွဲအဖြစ် သရုပ်ဆောင်ရ မယ့်  ကောင်းထက်သူက သူ့ရဲ့စစ် သားဇာတ်ရုပ်ပီပြင်နိုင်ဖို့အတွက် စ  တင်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ ဇာတ်ကား မရိုက် ကူးခင်မှာ စစ်သား  ဇာတ်ရုပ်အတွက် ၇ ရက်လောက် လေ့ကျင့်ခဲ့တဲ့ကောင်းထက်သူက ”မော်လမြိုင်က  အရှေ့တောင်တိုင်း စစ်ဌာနချုပ် မှာသွား လေ့ကျင့်ခဲ့ပါ တယ်။  စစ်သားတစ်ယောက်ပုံစံဖြစ် အောင်ပေါ့။ အဓိကကတော့ စစ် ကားရိုက်ဖို့အတွက်  ရှိသင့်ရှိထိုက်တဲ့ အတွေ့အကြုံတွေရအောင်ပေါ့။ တစ်နေ့ကို ၂ ကြိမ်လေ့  ကျင့်တယ်။ တကယ့်စစ်သားတစ်ယောက်လို လေ့ကျင့်ခဲ့ရတာပါ။ အဖြစ်သဘော  အနေနဲ့လေ့ကျင့်ခဲ့တာမဟုတ်ပါဘူး။ တခြားသရုပ်ဆောင်တွေမပါဘဲ ကျွန်တော်တစ်ယောက်  တည်း သီး သန့်လေ့ကျင့်ခဲ့တာပါ။ လေ့ကျင့်နေ ရင်းနဲ့ လည်း ပြောမပြတတ်အောင်  ပင်ပန်းမှုတွေရှိခဲ့ပါတယ်။ သေနတ် ကအစိတ်အပိုင်းတွေနဲ့ ထိခိုက်မိ တာမျိုးတွေ၊  နောက်မြက်တွေထဲမှာ လှိမ့်ရတဲ့အခါ ပုရွက်ဆိတ်တွေ အကိုက်ခံရတာတွေ၊  ရှမိ၊ပွန်းမိတာ မျိုးတွေအများကြီးဖြစ်ခဲ့တယ်။ စစ် သားတစ်ယောက်လို  လေ့ကျင့်ခဲ့ရ တာအရမ်းကိုပင်ပန်းခဲ့ပါတယ်။ ဒီလို လေ့ကျင့်တော့မှ  စစ်သားတွေရဲ့ အခက်အခဲဘယ်လောက်ရှိလဲဆိုတာ သိလာရပါတယ်”လို့ ပြောပါတယ်။  စစ်ကားမရိုက်ခင် မှာလည်း ‘ဝေလည်းမွှေးြေ<ွကလည်းမွှေး’ ကား ကိုလည်း  လေ့လာတဲ့သဘောအနေ နဲ့ ခဏခဏပြန်ကြည့်ဖြစ်သလို၊ တခြားနိုင်ငံခြား စစ်ကားတွေကို  လည်း ကြည့်တယ်လို့ပြောပါတယ်။ ကောင်းထက်သူက သူငယ်စဉ်က  အရမ်းကြိုက်ခဲ့ရတဲ့ကားတစ် ကားကို အခုလိုသူကိုယ်တိုင်ပြန်ရိုက်ရမယ် လို့  အရင်ကတစ်ခါမှ မတွေး ခဲ့ဖူးဘဲ တကယ်လည်း အခုလိုပြန်ရိုက်ရ တော့မယ့်အချိန်မှာ  အရမ်းလည်း စိတ်လှုပ်ရှားမိသလို၊ အရမ်းလည်း ပျော်ရွှင်မိပါတယ်လို့ ပြောပါတယ်။  အခုအချိန် မှာတော့ ဒီစစ်ကား ဇာတ်ရုပ်အတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး  လုပ်နိုင်မယ်လို့ယုံ ကြည်စိတ်ချသွားပြီဖြစ်ပြီး၊ အဖေ ဖြစ်သူ  ဦးမြသန်းစံကလည်း အစစ အရာရာ ကူညီပေးပါတယ်လို့ ပြော ပါတယ်။  ပရိသတ်တွေအနေနဲ့လည်း ဒီစစ်ကားကို ကြည့်တဲ့အခါ ကိုရီး ယားကားတွေလို  မထတမ်းကြည့် ကြသလိုမျိုးဖြစ်အောင် အကောင်း ဆုံးကြိုးစားပြမှာပါလို့  ကောင်းထက် သူကပြောပါတယ်။

Friday, May 4, 2012
ကျော်ဟိန်း၊ ဒွေးတို့ရဲ့ ဝေလည်းမွှေးကြွေလည်းမွှေး ဇာတ်ကားအဆက် လူမင်း၊ ကောင်းထက်သူတို့ရဲ့

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment