 နောက်  ၄ နှစ်အကြာမှာ အိမ်ထောင်ရေး အတွက် ဒုတိယအကြိမ် တရားဝင်းဆုံးဖြတ်မယ့်  အစီအစဉ်ဖြစ်ပြီး အဲဒီအစီအစဉ်တွေကို ပရိသတ်များ စာနာနားလည်ပေးနိုင်ရန်  ပြောကြားပုံက. . . .“ကိုသားကြီးဆုံးပြီးတဲ့နောက်ပိုင်းမှာ အစ်မ  တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်။ ဒုက္ခတွေရောက်တာလည်း အများကြီးပဲ။  တစ်ခါတလေငတ်တစ်လှည့်၊ ပြတ်တစ်လှည့်တောင် ဖြစ်သွားတယ်။ ဒါပွင့်ပွင့်လင်းလင်း  ပြောတာပါ။ အဲဒီ့အချိန်မှာ တော်တော်လေး ပင်ပန်းခဲ့တယ်။  မနည်းပြန်ပြီးအားတင်းခဲ့ရတယ်။ အဲဒီအချိန်မှာ အစ်မရှိသမျှ အပေါင်းအသင်းတွေ  အကုန်လုံးကို အဆက်အသွယ်ဖြတ်ခဲ့တယ်။ သူများတွေကအကူအညီ      တောင်းမလားဆိုတဲ့  အထင်ကို မခံချင်တဲ့အတွက် တစ်ယောက်တည်းပဲရအောင် ရုန်းခဲ့တယ်။  မိန်းမသားတစ်ယောက်အနေနဲ့ အားငယ်စိတ်တော့ ဖြစ်ခဲ့မိတယ်”လို့ပြောပါတယ်။   ၄နှစ်တာကာလကိုခက်ခဲမှုတွေနဲ့ မိန်းမသားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရပေမယ့်  သားလေး ကိုငဲ့ညှာပြီး တစ်ပင်လဲတစ်ပင်မထူဖြစ်ခဲ့ပါဘူး။ သားလေး ယံမိုးကို  ၄နှစ် တာကာလအတွင်းမှာ အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး  စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ မမိုးမိုးက“သားလေးက ငယ်စဉ်ကတည်းကအဖေမရှိခဲ့ဘူး။  အခုတစ်ခါသူ့ရဲ့အဖေ ကိုသားကြီးက လည်း မရှိတော့ပြန်ဘူး။ သူကဖွင့်  ပြောချင်မှဖွင့်ပြောမှာ။ သူ့ရင်ထဲမှာတော့ရှိနေမှာလေ။အစ်မနောက်  အိမ်ထောင်ပြုဖို့ဆိုတာကျ တော့စဉ်းစားကြည့်လေ။ အဖေ အစားထိုးချင်မလား။  အမေအစား ထိုးချင်မလား။ အစ်မသာသူ့နေ ရာမှာဆိုရင်လည်း လက်ခံချင်  မှလက်ခံမှာလေ။ ဒါကြောင့် အစ်မသူ့အတွက်လည်း စဉ်းစားရတယ်။  လိုအပ်နေတာလည်းရှိတယ်။ လက်မခံချင်တာလည်း ရှိတယ်။ အစ်မလုပ်ချင်တာကို  သားကိုခေါင်းတင်ပြီးတော့ သားအတွက်လိုအပ်နေလို့ပါဆိုပြီးတော့  အစ်မရဲ့ခံစားမှု၊ အစ်မရဲ့ သာယာမှုကို ရှေ့တန်းလည်းမတင်ချင်ဘူး။ သားကတကယ်  ဘာလိုချင်တာလဲ။ သူမလိုချင်တာကကော ဘာလဲဆိုတာ အစ်မသိဖို့လိုလာပြီ။ နောက်  အစ်မတို့မိသားစု ဆီကိုလာတဲ့လူတွေက အစ်မတို့အပေါ် တကယ်ကောင်းမယ့်လူတွေလား၊  တကယ်မှန်တဲ့လူတွေလားဆိုတာ ရွေးချယ်ရတာခက်ပါတယ်။ လိမ်ပြီးတော့လာနေတာလား  လည်းမသိနိုင်ဘူးလေ။ အခုကောင်းပေမယ့် နောက်ဆိုးရင်ဆိုးသွားနိုင်တယ်။  အစ်မရဲ့ဒုက္ခတွေကြားထဲမှာဝင်လာတဲ့ လူတွေကကောင်းတဲ့လူတွေ တော်တော်ရှား တယ်။  တချို့လူတွေက အစ်မတို့ရဲ့ဒုက္ခတွေကိုမြင်ပြီး အသာလေးပြန်ထွက်သွားကြတယ်။  အဲဒီအထဲမှာမှ အစ်မအကောင်းဆုံးလူတစ်ယောက်ကို ရွေးချယ်လိုက်တယ်။ ဒါပေမဲ့  အစ်မယူ ဖို့ရွေးချယ်ခဲ့တာမဟုတ်ဘူး။အစ်မ တို့မိသားစုအတွက်  အဖြစ်နိုင်ဆုံးလူတစ်ယောက်၊ မိသားစုရဲ့ပြဿနာတော်တော်များများကို အစ်မအစားဝင်  ပြီးတော့ လုပ်ပေးနိုင်တဲ့ လူတစ်ယောက်ကိုတွေ့ခဲ့တယ်။အစ်မက  အရင်ဆုံးအစ်မနဲ့အနီးကပ်ဆုံးဖြစ်အောင် မထားဘဲ သားနဲ့အနီးကပ်ဆုံးဖြစ်အောင်  ထားလိုက်တယ်။ သားနဲ့အဆင်ပြေပြီဆိုမှ အစ်မဒုတိယအကြိမ်  ထပ်ပြီးစဉ်းစားမယ်”လို့ ဆိုပြီး တစ်ပင်လဲမူတစ်ပင်ထူမယ့်အစီအစဉ်ကို  ”သားကျောင်းပြီးမှပဲတရားဝင် လက်မှတ်ထိုးဖို့ကို စဉ်းစား မှာပါ။  အခုချိန်မှာတော့ သားနဲ့သူနဲ့က အရမ်းအဆင်ပြေနေတယ်။ သူကအစ်မအပေါ်ကောင်းကောင်း၊  မကောင်းကောင်းအစ်မစိတ်မဝင်စားဘူး။ အစ်မသား အပေါ်မကောင်းရင်  အစ်မအရမ်းစိတ်ဆိုးတယ်။ အခု လည်းအစ်မနဲ့သူနဲ့က တစ်နေရာစီနေကြပြီး  အစ်မတို့လိုအပ်တာကို ရန်ကုန်ကနေ သူကဖြည့်ပေးနေတယ်။ အဲဒီ လောက်  အနေအထားမှာပဲရှိပါသေးတယ်။ အစ်မတို့ နှစ်ယောက်က မြန်မာနိုင်ငံမှာလည်း  တွဲသွားတွဲလာမလုပ်သလို၊ စင်ကာပူမှာလည်း တွဲသွားတွဲလာမလုပ်ပါ  ဘူး”လို့ပြောပြီး မမိုးမိုးရည်မှန်းထားသူမှာ နိုင်ငံကျော်  အနုပညာရှင်ဒွေးရဲ့ ပရိသတ်တစ်ဦးဖြစ်သလို ဒွေးရဲ့မိသားစုနဲ့  လည်းအဆင်ပြေသူတစ်ဦးဖြစ်ကြောင်းကို.. ”သူက ကိုသားကြီးကို အရမ်းရိုသေတယ်။  သူအရမ်းကြိုက်ခဲ့တဲ့ မင်းသားတစ်ယောက်လေ။ သူ့အရှေ့မှာအစ်မက  ကိုသားကြီးအကြောင်းထိုင်ပြောနေလည်း သူ့စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။  ကိုသားကြီးအကြောင်းကို အစ်မက အမြဲတမ်းပြောနေတာပဲ။ တချို့ယောက်ျားတွေဆိုရင်  ဒီလိုမျိုးပြောနေတာ လက်ခံချင်မှ လက်ခံ မှာလေ။ အစ်မက ကိုသားကြီးကို  မေ့ပစ်လို့မှမရတာ။ ဒါကြောင့် ကိုသားကြီးအကြောင်းကို နေ့တိုင်းပြော နေတာပဲ။  သူက အစ်မရဲ့မိသားစုနဲ့လည်း အဆင်ပြေ သလို၊ ကိုသားကြီးဘက်က မိသားစုနဲ့လည်း  အဆင်ပြေတယ်။ အဲဒီတော့ အစ်မအတွက်စိတ်ချမ်းသာတယ်။ သူကလည်း  အစ်မစိတ်ဆင်းရဲမယ့်ကိစ္စမှန်သမျှကို သူ့ဘက်က ဘာမှမတောင်းဆိုဘူး။  အစ်မသူ့ကိုရွေးလိုက်တာ စိတ်ကောင်းရှိတာလေးရယ်၊ အစ်မရဲ့သားကို  သူ့သားလိုသဘောထားတာရယ်ကြောင့်ပါ။ အစ်မ အနေနဲ့ကတော့ ပရိသတ်က  မုန်းသွားမှာကိုလည်း မလိုလားဘူး။ အစ်မရဲ့အခက်အခဲတွေလည်း ရှိတဲ့အခါကျတော့  အရမ်းကြီးမလိုအပ်ပေမယ့် ကိုယ့်ရဲ့မိသားစုကို နွေးနွေးထွေးထွေး ဆက်ဆံတဲ့  သူ့ကိုရွေးလိုက်တာပါ” လို့ပြောပါတယ်။

Friday, May 4, 2012
တစ်ပင်လဲမူ တစ်ပင်ထူလေမလား မမိုးမိုးရဲ့ နောင် ၄ နှစ်ကြာအတွက်အစီအစဉ်

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment