-->

Friday, May 4, 2012

ဒွေးမရှိတော့ပေမယ့် သူ့အနုပညာကျန်ဆဲပဲဟု ဆုပန်ထွာပြော


Su Pan Htwar‘ပိတောက်နဲ့ ဧပရယ်’ဆိုတဲ့ကားကို ဆု ပန်ထွာက ကျော်ကျော်ဗိုနဲ့ ရိုက်ကူးနေပါ တယ်။ ဇာတ်ကားတွေကို ရိုက်ကူးနေရင်း ‘မတည့်အတူနေ’ ဗီစီဒီကိုလည်း ရိုက်ကူးနေ တဲ့ ဆုပန်ထွာက….”အစ်မက ကားရိုက်အားမှ ဗီစီဒီကို ရိုက် ဖြစ်တယ်။ ကိုယ်အားတဲ့ရက်ကျမှ ဗီစီဒီကို ရိုက်ဖြစ်တာများတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျရင် အစ်မရဲ့အခွေမှာ ဆိုပေးတဲ့ညီမတွေ လည်း ပါသေးတော့ သူတို့အားတဲ့ရက်၊ ဒါရိုက်တာအားတဲ့ရက်တွေကို ချိန်နေတော့ နည်းနည်းတော့ကြာနေတယ်”လို့ ပြောပါ တယ်။ ဒွေးနဲ့ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဆုပန်ထွာ က ဒွေးအမှတ်တရနဲ့ပတ်သက်ပြီး…  ”ကိုသားကြီးနဲ့မပန် အမှတ်တရက ကား ရိုက်တုန်းက ကိုသားကြီး သင်ပေးခဲ့တဲ့ စကား လေးတစ်ခွန်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ဖြစ်ပြီ လို့ ထင်တဲ့နေ့က ကျတဲ့နေ့ပဲတဲ့။ အဲဒီစကား တစ်ခွန်းကို မပန်ဒီနေ့ အချိန်အထိ မှတ်ထား တယ်။ မပန်နဲ့ ကိုသား ကြီးနဲ့ ကားတွေ အများ ကြီးရိုက်ခဲ့တာမျိုးမရှိဘူး။ ကိုသားကြီးက စကားအများကြီးမပြောဘူး။ သူပြောခဲ့တဲ့ စကားလေးက တန်ဖိုးရှိတယ်။ စိတ်ထဲမှာ အမြဲ တမ်းမှတ် ထားတယ်။ အနုပညာလောက မှာ အဲဒီစကားလေးကို အမြဲတမ်းပြောတယ်။ အင်တာဗျူးဖြေတိုင်းပြောလေ့ရှိပါတယ်။ မပန် တို့ အနုပညာလောကမှာ အနုပညာနဲ့ပတ် သက်ပြီး တန်ဖိုးကြီးတဲ့ ကိုသားကြီးသာ မရှိ တော့တာ သူ့ရဲ့အနုပညာတွေက အခုချိန်ထိ ရှိနေတုန်းပါ”လို့ အမှတ်တရပြောပြပါတယ်။

No comments:

Post a Comment