 ပျောက်သောသူရှာရင်တွေ့  ၊သေသောသူကြာရင်မေ့ အနုပညာကြယ်ပွင့်ကြီး ဒွေးတစ်ယောက်ကိုတော့ အခုထိ  မမေ့နိုင်ကြ သေးပါဘူး။ သူကွယ်လွန်တာ ၄ နှစ်ရှိပြီ ဖြစ်ပေမယ့်  သူ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ရင်ထဲမှာတော့ မနေ့တနေ့ကလိုပါပဲ။  ကိုသားကြီး(ဒွေး)က သူမကွယ် လွန်မီက တေးရေးစောခူဆဲနဲ့ တတွဲတွဲရှိခဲ့ပြီး  သီချင်းတွေဖန်တီးခဲ့သူပါ။ ကိုသားကြီးရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့  စောခူဆဲကလည်း ကိုသားကြီးကို အချိန်နဲ့အမျှသတိရနေတဲ့သူပါ။ ဒွေးဆုံးတဲ့ညမှပဲ  ‘သွားနှင့် တော့ သူငယ်ချင်း”ဆိုတဲ့ သီချင်းကို သူကိုယ်တိုင်ချက်ချင်း  ရေးစပ်ခဲ့ပြီးစီးတီးအက်ဖ်အမ်က ထုတ်လွှင့်ပေးခဲ့ပါတယ်။ အချိန်နဲ့ အမျှ  ကိုသားကြီးကို သတိရနေတဲ့ စောခူဆဲက ကိုသားကြီးကွယ်လွန်တဲ့ ၄ နှစ်ပြည့်မှာ  သူနဲ့ကိုသားကြီးရဲ့ ကြားက အမှတ်တရ တွေကို ဒီလို  ပြောပြခဲ့ပါတယ်။”ကိုသားကြီးက ကျွန်တော့်အပေါ်မှာတင် မဟုတ်ပါဘူး။  အပေါင်းအသင်းတွေ အားလုံးပေါ်မှာ စေတနာရှိတယ်။ ကျွန်တော်နဲ့ကျတော့  သူသီချင်းတွေလုပ်တော့ ကျွန်တော်နဲ့တောက်လျှောက်ပဲလေ။ တော်တော် ကြာကြာ  တွဲဖြစ်တာပေါ့။ အဲဒီတုန်းက ကျွန်တော်ကျောက်မြောင်းထဲမှာနေတာ။  ရပ်ကွက်ထဲဆိုတော့သိတဲ့အတိုင်း သူ့ကားကြီးရပ် လိုက်ရင်အားလုံးထွက်ကြည့်တယ်။  လူနည်းနည်းပါးပါးလေးနဲ့လုပ်တဲ့ ကျွန်တော့်မွေးနေ့ပွဲကိုလည်း သူလာတယ်။  နယ်ရောက် နေရင်တောင် နယ်ကနေအမီပြန်လာတယ်။ ကျွန်တော့်ကိုခင်တာ လည်းပါ  တာပေါ့။ အဲဒါလေးတွေက အမှတ်တရပဲ။ အိမ် ရောက်ရင်လည်း သူကမင်းသားဆိုပြီး  ဘာစားမယ်၊ ညာစားမယ်၊ အဲဒီလိုဖွယ်ဖွယ်ရာရာလည်း သိပ်မစားဘူး။ အမှတ်တရ ကတော့  သူအိမ်ကိုလာတိုင်းလက်ဖက်ရည်နဲ့ ရေမုန့်ဝယ်ဝယ်ပေးရတယ်။ သူကအဲဒီလို  အစားအစာလေးတွေကြိုက်တယ်။ သူ့အပြုအမူလေးကတော့ ကိုယ့် အ တွက်အမှတ်တရဖြစ်တယ်။  သီချင်းရေးခိုင်းတယ်ဆိုလည်း သူက သူလိုချင်တဲ့ စာသား လေးတွေကို သူ့လက်ရေးနဲ့ ကျွန်တော့်စာအုပ်ပေါ်မှာရေးရေးပေးတယ။် လိုချင်တဲ့ စကားလေးတွေကအစပေါ့။  အဲဒီလို တိုင်တိုင်ပင်ပင်လည်းလုပ်တတ်တယ်။ သီချင်းဆိုရင်လည်း ကျွန်တော်က  အမြဲသွားစောင့်ပေးရတယ်။ ကျွန်တော်မရှိရင် သူကလည်း မဆိုဘူး။  သူကသီချင်းဆိုရင်တစ်ခါတလေ ၁၁ နာရီ၊ ၁၂နာရီလောက်မှဆိုချင်တယ်။ အေးအေးဆေးဆေး  ရှိတဲ့အချိန်ပေါ့။ အဲဒါကို လိုက်စောင့် ပေးခဲ့ဖူး တယ်။  ကျွန်တော်သီချင်းတစ်ပုဒ်ရေးပြီးတော့ စီးတီးအက်ဖ်အမ်ကလွှင့်တယ်။  ကျွန်တော်ကိုယ်တိုင်ရေးဆိုပြီးတော့ပေါ့။  “သွားနှင့်တော့သူငယ်ချင်း”ဆိုတဲ့သီချင်း ။ သူဆုံးဆုံးချင်းတော့ တန်းပြီး  သတင်းမရဘူး ။တစ်ဆင့်စကား တစ်ဆင့်နားနဲ့ကြားပြီး သူ့အိမ်ကို ရောက်သွား တော့  တကယ်ဟုတ်တယ်။ ခုသူဆုံးတာ လေးနှစ်ရှိ သွားပြီဖြစ်တဲ့အချိန်မှာပြောချင်တာက  သူတကယ်လို့သိနေမယ်ဆိုရင်တော့ ကိုယ်ဟာ သူ့သူငယ်ချင်းကောင်း တစ်ယောက်  အနေနဲ့သူ့သီချင်းလေးတွေကို အမြဲသတိရ နေပါတယ်။  ကျွန်တော့်ရဲ့အင်တာဗျူးတွေထဲမှာလည်း ကျွန်တော်ရေးပြီး  သူဆိုခဲ့တဲ့သီချင်းအကြောင်းလည်း ထည့်ထည့်ပြောဖြစ်တယ်။ ဟိုတလောကပဲ  ကျွန်တော့် ရင်ထဲမှာရှိတဲ့ သီချင်းလေးများဆိုပြီး “မူပိုင်ရှင်မကြီး  မမခိုင်” သီချင်းကို သူနဲ့ပတ်သက်ပြီး အမှတ်တရပြောဖြစ်ပါ  တယ်။အနုပညာလမ်းကြောင်းနဲ့ပတ်သက်ပြီး ကိုသားကြီးကိုတော့  မေ့မှာမဟုတ်ပါဘူး။အချိန်နဲ့အမျှမေ့လို့လည်းရမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

Friday, May 4, 2012
ဒွေးအတွက် ညတွင်းချင်း သီချင်းရေးဖြစ်ခဲ့တဲ စောခူဆဲ

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment