-->

Wednesday, May 9, 2012

သတ္တိပြောင်တဲ့ တကယ့် လူ

ဗိုလ်ချုပ်အောင်ဆန်း မွေးရက်ဟာ၊ ဖေဖော်ဝါရီ 13 ပါ။
ရှေ့နေ ဦးဖာ အဖေကွယ့်၊ အမေ ဒေါ်စု တဲ့။
မွေးရက်ဇာတိ ပြည်မြန်မာ၊ မြေလတ်နတ်မောက် မြို့လေးပါ။
အောင်ဆန်းဆိုတာ ဘာနေ့သား၊ အဟုတ် စနေသား။
စနေသားရဲ့ ငယ်အမည်၊ ထိန်လင်း လို့ ခေါ်သည်။
အစ်ကို့နမည် အောင်သန်းမို့၊ အောင်ဆန်းခေါ်သဗျို့။
အောင်ဆန်းတို့ရဲ့ သက္ကသိုလ်မှာ၊ အောင်ဆန်း အယ်ဒီတာ။
စာရေးဆရာ ကိုအောင်ဆန်း၊ သခင် ကိုအောင်ဆန်း။
စစ်တွက်ရှေ့တန်း ရာဇ၀င်၊ ဗိုလ်တေဇလို့တွင်။
တိုက်ပွဲဝင်တဲ့ လွတ်လပ်ပန်း၊ ဗိုလ်ချုပ် အောင်ဆန်း။
ဗိုလ်ချုပ်အောင်ဆန်း ပန်းလိုကြွေ၊ မွေးနေ့ ထိုစနေ။
ဖြေမပြေတဲ့ သည်ရက်ဆိုး၊ ဇူလိုင်တစ်ဆယ့်ကိုး။
နိုင်ငံ လူမျိုး လွတ်လပ်ရန်၊ သူ့ကျွန် ဘယ်မခံ၊
အဖိုးတန်မို့ မမေ့ရ၊ ခုတိုင်သတိရ၊
သတိရစိတ် အလံထူ၊ သတ္တိပြောင်တဲ့ တကယ့်လူ။
နိုင်ငံပြည်သူ အချစ်ပန်း၊ အဲ့ဒါဦးအောင်ဆန်း။

No comments:

Post a Comment