 ဒွေးကိုယ်တိုင်ကြိုက်လို့ဝယ်ပြီးသိမ်း  ထား တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒီ့ဇာတ် ကို သူမရိုက်ခဲ့ပါဘူး။  ဒွေးမရိုက် ဖြစ်ခဲ့ပေမယ့် ဒွေးရဲ့ညီဝမ်းကွဲဖြစ်တဲ့ ကောင်းကင်က သူ့ရဲ့  အစ်ကိုအစားရိုက်ကူးခဲ့ပါတယ်။ အဲဒီ့ဇာတ်ရဲ့ နာမည်က ‘ချစ်ခြင်းစိတ္တဇ’ပါ။  ကောင်းကင်  ကိုယ်တိုင်ကလည်းဒွေးကြိုက်လို့ ဝယ်ထားခဲ့ ပေမယ့်  မရိုက်ဖြစ်ခဲ့ရတဲ့ ဒီဇာတ်လမ်းကို သူရိုက်ရတဲ့အတွက် စိတ်ထဲမှာဂုဏ်လည်း   ယူမိသလို၊ အဲဒီကားရိုက်နေစဉ်တစ်လျှောက် လုံးမှာလည်း အစ်ကိုဖြစ်သူ  ကိုသတိရနေခဲ့ ပါတယ်။”အဲဒီ့ဇာတ်က လမင်းမိုမိုရဲ့ဝတ္ထုပါ။ အဲဒီ ဇာတ်လမ်းက  ကောင်မလေးတစ်ယောက်ကို အရမ်း အသည်းအသန်လိုက်ကြိုက်ရတာဆို တော့ ကိုသားကြီးက  နည်းနည်းအသက်ကြီး သွားတော့ သူမရိုက်ဖြစ်ခဲ့ဘူး။ ကျွန်တော်က  သူမရိုက်ဖြစ်ခဲ့တာသိတော့ မမိုးမိုးဆီကနေ တောင်းပြီးရိုက်ခဲ့တယ်။  အမှတ်တရတော့ ဖြစ်သွား တာပေါ့။ အဲဒီကားကို ကျွန်တော်  အကောင်းဆုံးကြိုးစားပြီးသရုပ်ဆောင်ခဲ့ပါ တယ်လို့ ကောင်းကင်က  ရှင်းပြပါတယ်။  ကောင်းကင် နဲ့ ဒွေးကညီအစ်ကို ဝမ်းကွဲတော် စပ်ပေမယ့် အသက်အရွယ်ချင်းကတော့  တော်တော်ကွာနေပါတယ်။ ဒွေးဆိုပြီးဖြစ်နေ တဲ့အချိန်မှာ ကောင်းကင်ကတော့  ကျောင်း  တက်နေဆဲပဲရှိပါသေးတယ်။ ကျောင်းပြီးလို့ အနုပညာအလုပ်တွေစပြီး  လုပ်တော့မယ်ဆို တဲ့အချိန်ကျပြန်တော့ ဦးလေးဖြစ်သူကျော် ဟိန်းက  အနုပညာလောကကနေ အနားယူ သွားသလို၊ အစ်ကိုဖြစ်သူဒွေးကလည်း ကွယ်  လွန်သွားခဲ့ပါပြီ။ ကောင်းကင်ကလည်း ဒီ အချိန်မှာ  ဦလေးနဲ့အစ်ကိုဖြစ်သူသာရှိရင် အရမ်းကောင်းမှာဆိုပြီး တွေးမိခဲ့ကြောင်း လည်း  ပွင့်လင်းစွာဝန်ခံခဲ့ပါတယ်။ ”ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် တော့  ကိုသားကြီးတို့နဲ့ အမြဲတွေ့ဖြစ်တယ်။ ကိုသား ကြီးဆီသွားပြီး ကန်တော့တယ်။  သူတို့အိမ်မှာ သွားနေတယ်။ ကြီးလာ တဲ့အခါကျတော့  ကျွန်တော်ကလည်းကျောင်းတစ်ဖက်နဲ့ကိုသား ကြီးကလည်း အလုပ်တွေများနေတော့ မတွေ့  ဖြစ်ခဲ့ကြတော့ဘူး။ ကျွန်တော်ကို သားကြီး ဇာတ်ကားတွေကို အရမ်းကြည့်တယ်။  ကိုသားကြီးနဲ့ ကိုလွင်မိုးရိုက်ထားတဲ့ ‘ကိုယ် တိုင်ရေးရာဇဝင်’ဆိုတဲ့  ဇာတ်ကားကို အရမ်း ကြိုက်တယ်။ သူတို့ဘယ် အခန်းမှာ၊ ဘယ်  လိုအိုက်တင်မျိုးလုပ်လဲဆိုပြီးတော့ လေ့လာ တယ်။ ကိုသားကြီးက  ဒီလိုအိုက်တင်လုပ်လို့ ငါလည်းသူ့လို အိုက်တင်မျိုးလုပ်မယ်ဆိုတာ မျိုးတော့  မရှိပါဘူး။ ဒါပေမဲ့ အမျိုးတွေဆို တော့ တစ်ခါတလေ မထင်မှတ်ဘဲ လုပ်လိုက်  တာမျိုးတွေက ကိုသားကြီးနဲ့သွားတူနေတာ မျိုးရှိတယ်။ ပရိသတ်တွေကတော့ ကိုသား  ကြီးပြုံးတာနဲ့ ကျွန်တော်ပြုံးတာတူတယ်လို့ တော့ပြောကြတယ်။ ကျွန်တော်က  ကိုသား  ကြီးကိုလေးစားသလို၊ အားလည်းအားကျ တယ်။ သူ့လိုမျိုးဖြစ်အောင်  ကျွန်တော်ကြိုး စားမယ်။ အမြဲတမ်းလည်း ကျွန်တော့်အစ်ကို ကိုသားကြီးကို  သတိရနေမှာပါ”လို့ ကောင်း ကင်က ဒွေးအတွက် ၄ နှစ်ပြည့် အမှတ်တရ စကား  ပြောခဲ့ပါတယ်။

Friday, May 4, 2012
ဒွေးမရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားကို ဒွေးကိုယ်စားရိုက်ပေးခဲ့တဲ့ ကောင်းကင်

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment