 ဒွေးအမှတ်တရလုပ်မယ်  ဆိုတာနဲ့အရင်ဆုံး ဒွေးအကြောင်း ကို ပြောနိုင်မယ့်လူစာရင်းကို ချရေး  ကြည့်တဲ့ အခါမှာ နန္ဒာလှိုင် ထိပ်ဆုံးက ပါလာပါတယ်။ ဒွေးနဲ့နန္ဒာလှိုင် ဆိုတာ  အနုပညာ လောကမှာ ဆရာတပည့် အဖြစ်နဲ့ လက်တွဲလုပ်ခဲ့တဲ့လူတွေမို့ တစ်ယောက်  အကြောင်းတစ်ယောက် အတွင်းသိတွေပဲဖြစ် ပါတယ်။ ဒွေးအမှတ်တရ အတွက်နဲ့  စကား  ပြောဖြစ်ခဲ့တဲ့ အခါမှာတော့ အမြဲတမ်း သွက်လက်စွာ မေးဖြေလုပ် တတ်တဲ့  နန္ဒာလှိုင်က မေးခွန်းတွေကြားမှာ ဒွေးအကြောင်းတွေးရင်း နဲ့ဖြေတဲ့အခါ  ဝမ်းနည်းနေတဲ့ အသံတွေကို သတိထားမိခဲ့ပါတယ်။ နန္ဒာလှိုင်ပြောတဲ့ ဒွေး  အကြောင်းကတော့”နန္ဒာဒီလောကထဲစပြီး ဝင်လာတော့ မင်းသမီးအသစ်တစ်ယောက် အနေနဲ့  ဘယ်သူမှလက်တွဲပြီးမခေါ်ချင်ကြတဲ့ အချိန်မှာ ကိုသားကြီးကအချိန်ပေးပြီး သေသေ  ချာချာဂရုတစိုက်နဲ့ သင်ပြပေးခဲ့တယ်။ လက် တွဲခေါ်ခဲ့တယ်။ တကယ့်ကို  လက်ဦးဆရာပါပဲ။ အဲဒီတုန်းက အိုက်တင်ဆိုတာ ဘာမှလည်း နားမလည်ဘူး။ ဘာမှလည်း  မလုပ်တတ်ဘူး။ လုပ်ဆိုရင်လုပ်လိုက်တဲ့အချိန်မှာပဲ ရမ်းသန်း ပြီး လုပ်ထည့်  လိုက်တာပဲ။ အဲဒီလို အချိန်မျိုးမှာ ကြောက်ကြောက်လန့်လန့်နဲ့ဆိုတော့ ဘဝမှာ  အမှတ်ရစရာတွေပါပဲ။ တစ်ခါတလေကျရင် လူဆိုတာ စိတ်ညစ် စရာလေးတွေ ရှိလာ တာပဲ။ ဒီ  လောက နဲ့ပတ် သက် ပြီး လုပ်ငန်း နဲ့ပတ် သက်ပြီး စိတ်ညစ်စရာ လေးတွေ တိုင်ပင်  စရာလေးတွေရှိ ရင် အစ်ကို့ကိုပဲ အမြဲတမ်းတိုင်ပင် ဖြစ်တယ်။ အမြဲ တမ်းပဲ  တကယ့် အကြံဥာဏ် ကောင်းတွေ ပေးလေ့ရှိပါ တယ်။ တကယ် တမ်းလည်း ဘဝ  မှာအသုံးကျသွား တာတွေလည်း အများ ကြီးပါ။ ကိုသားကြီးဆုံးတဲ့ အချိန်မှာ အစ်မ  ခန့်စည်သူနဲ့ သန်လျင်မှာကား ရိုက်နေတယ်။ ဦးမျိုးမင်းက ဖုန်းလှမ်းဆက်  လာတယ်။ ကြားကြားချင်းတော့ တကယ့် ကို ရှော့ခ်ပဲ။ ဘယ်လိုမှကို လက်မခံဘူး။  ဦးမျိုးမင်း နေရာမှာ တခြားလူတစ်ယောက် ယောက်သာပြောခဲ့မယ်ဆိုရင်  ယုံမှာမဟုတ်ဘူး။ ဦးမျိုးမင်းကိုယ်တိုင်ကတကယ့်ကို ဆို့နင့် နေတဲ့အသံကြီးနဲ့  နန္ဒာရေ ကိုသားကြီး ဆုံးပြီ ဆိုတဲ့ အသံကြီးက အခုအချိန်ထိ ပြန်ကြားရင်  ကြက်သီးတောင်ထတယ်။ သူဆုံးသွားတာကို မြင်ရတာက အိပ်မက်လိုပဲ။ တကယ်ကော  ဟုတ်ရဲ့လား၊ အိပ်မက် ကြီးကျနေတာပဲ။ စိတ် ထဲမှာအိပ်မက်လိုပဲခံစားနေရတာ။  ကိုသားကြီး ကို အခုအချိန်မှာ ပြန်ဆုံချင်တယ်။ ကိုယ် လည်း အိမ်ထောင်နဲ့  သားသမီးနဲ့ အဲဒီလို ဖြစ်နေချိန်မှာ အစ်ကို့ကို သူ့တပည့်လေး ဒီလို မျိုး  အေးအေးချမ်းချမ်းနဲ့နေတာလည်း တွေ့ စေချင်တယ်။ အစ်ကို သာရှိခဲ့ လို့ရှိရင်  နန္ဒာ အိမ်ထောင်ပြုပြီး ရုပ်ရှင်မရိုက်ဘဲ အနားယူ လိုက်တယ်ဆိုရင် အစ်ကိုလည်း  ကြိုက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အစ်ကိုက အနုပညာကို သိပ်ပြီး  ရူးသွပ်တဲ့လူတစ်ယောက်၊ အနုပညာကိုသိပ်ချစ်တဲ့လူ တစ်ယောက် အနေ နဲ့ နန္ဒာ့ကို  သူကအပြစ်ပြောမှာ။ နန္ဒာလှိုင် ဆိုတဲ့ မင်းသမီးတစ်ယောက်ဖြစ်လာဖို့ သရုပ်  ဆောင်တစ်ယောက်ဖြစ်လာဖို့ကို ကိုသားကြီး ရဲ့ သင်ပြ ပေးတာ ကြိုဆိုခဲ့တာ  လက်တွဲပြီး ခေါ်ခဲ့တာမရှိခဲ့ဘူးဆိုရင် နန္ဒာဒီလို အခြေ  အနေမျိုးရောက်ဖို့ဆိုတာ တော်တော့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။  နန္ဒာလှိုင်ကို ပရိသတ်လက်ခံနေသရွေ့ နန္ဒလှိုင်ဖြစ်နေ သရွေ့ကတော့ အစ်ကို့ကို  မေ့လို့မရပါဘူး။ ကမ်းလွန်ပင်လယ်ပြင်ကို ဗဟို ပြု၍ရုပ်ရှင်သွား  ရိုက်တဲ့အချိန်မှာ သူကအမြဲတမ်း ဒူးပြုတ်လေ့ ရှိတယ်။ မကြာခဏပဲ။  အဲဒီအချိန်မှာ ကား ရိုက်နေရင်းတန်းလန်းနဲ့ ဒူးကြီးပြုတ်သွား တာ။ အဲဒီဒူးကို  သူက ရအောင်ပြန်တည့်ပြီး ဆက်ရိုက်တာပဲ။ တကယ်တမ်းဆိုရင် နား နေရမယ့်  အခြေအနေမျိုးတစ်ခုမှာ သူမနား ဘူး။ အဲဒါကလည်း ပင်လယ်မှာ သင်္ဘောနဲ့  သွားပြီးရိုက်တဲ့အတွက် ဘယ်သူ့ကို ဘယ်တော့ မှ  စောင့်လို့မရတဲ့အခြေအနေတစ်ခုမှာ ဆိုတော့ သူကလည်း ကျွန်တော်နာနေလို့  မရိုက်ဘူး ဆိုတာမျိုးလည်း ဖြစ်နိုင်ပါရက်နဲ့ ဒူးကိုပြန်သွင်းပြီး  ဆက်ရိုက်တယ်ဆိုတဲ့ လူစား မျိုး။ အဲဒါမျိုးကလည်း နန္ဒာ ခဏခဏ ကြုံရ တယ်။  ကားရိုက်နေရင်း ဒူးပြုတ်သွားတာမျိုး၊ ဖြစ်သွား ပြီဆိုရင်လည်း သူပြန်သွင်း  ပြီး ဆက်ရိုက်တာပဲ။ နာနာ နဲ့ပဲ။ ဇွဲကတော့ တကယ် ကောင်း ပါတယ်”လို့ ပြောပြ  ခဲ့ပါတယ်။

Friday, May 4, 2012
ဝမ်းနည်းနေတဲ့အသံတွေနဲ့ ဆရာဖြစ်သူဒွေး အမှတ်တရအကြောင်းပြောတဲ့ နန္ဒာလှိုင်

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment