 လွန်ခဲ့တဲ့  ၁၅နှစ်၊ ၁၆ နှစ် လောက်က သရုပ်ဆောင်ဒွေးရိုက် ကူးအောင်မြင်ခဲ့တဲ့  ‘တစ်ရွာလုံးနဲ့ တစ်ယောက်’ ဗီဒီယိုဇာတ်လမ်းကို အခုအခါမှာ ဒါရိုက်တာဒေါနက   သရုပ်ဆောင်မင်းထက်နဲ့ ပြန်လည် ရိုက်ကူးမှာဖြစ်တယ်လို့ သိရတာကြောင့်  တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့အခါ…”မင်းထက်က သူစိတ်ကူးထားတဲ့ ‘ကွိုင်နက္ခတ်’  ဆိုတဲ့ ဇာတ်လမ်းလေးကို ရိုက်ပေးဖို့ပြောလာတော့ သူပြောတဲ့ ဇာတ်ကိုသဘောကျတာ  နဲ့ရိုက်ပေးဖြစ်တယ်။ အဲဒီကားရိုက်တော့လည်း သူ့ရဲ့သရုပ်ဆောင်မှုဟာ အားကောင်း  တာ ကိုတွေ့ရ တယ်။ ပြီးတော့ သူ့ကိုလေ့လာမိတာက  မဟုတ်မခံတဲ့ခပ်မာမာကာရိုက်တာတွေနဲ့ လိုက်ဖက်တာကိုလည်း မြင်တွေ့ရတော့သူ့ကို  ဘဝအခြေခံကျတဲ့ ဇာတ်လေးတွေနဲ့ရိုက်ကူးပေးမယ်ဆိုပြီး ဇာတ်ရှာခဲ့တယ်။ အဲဒီမှာ  မင်းထက်ကလည်း  ‘တစ်ရွာလုံးနဲ့တစ်ယောက်’ ဇာတ်ကို သူ့ကိုရိုက်မပေးနိုင်ဘူး  လားဆိုပြီး ခွင့်တောင်း လာတယ်။ ကျွန်တော်ကလည်း သူရိုက်ခဲ့တဲ့ကားတွေကို  ပြန်လေ့လာကြည့်ပြီးမှ သူ့ရဲ့အရည်အသွေး ကိုယုံကြည်လို့ လက်ခံလိုက် တာပါ။  ဒီကားကလွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ဒွေးကိုမထင်မရှား ဘဝ ကနေပေါ်လွင်ထင်ရှားပြီး  ဈေးကွက်ဝင် ထိပ်တန်းမင်းသားဖြစ်အောင် ဆွဲယူအောင်မြင်စေတဲ့ ကား လေးပါ။  အဲဒီဇာတ်ကိုဒီနေ့ရိုက်ပြ ရင်လည်း သစ်ဆန်းဆဲဖြစ်တဲ့အတွက် မင်းထက်ကိုရိုက်  ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ” လို့ ပြောပြလာခဲ့ပါတယ်။  ဒီ  ‘တစ်ရွာလုံးနဲ့ တစ်ယောက်’ ဇာတ်လမ်းနဲ့ မင်းထက်ကိုအောင်မြင်စေချင်လို့  ရိုက်ကူးပေးသွားမှာ ဖြစ်တယ်လို့လည်း ဒါရိုက်တာဒေါနက ပြောကြားခဲ့ပါတယ်

Friday, May 4, 2012
ဒွေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားနဲ့ သရုပ်ဆောင် မင်းထက်ကို ရိုက်ကူးပေး တော့မယ့် ဒါရိုက်တာဒေါန

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment