-->

Friday, May 4, 2012

ရင်ထဲကဒွေး

01_1၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး (ခ) ကိုသားကြီး (ခ)ကိုထိန်လင်း ဟာ မထင်မှတ်ဘဲ ဘ၀တစ်ပါးပြောင်းသွား ကွယ်လွန်ခြင်း “၄”နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ ဒွေးဆိုတဲနာမည်ဖြစ်တည်ခဲ့ပုံနဲ့ ဒွေးကိုကျွန်တော်ရုပ်ြပဇာတ်ကောင်နာမည်ကနေ၊ ကိုကျော် (အကယ်ဒမီ ကျော်ဟိန်း)ရဲ့ တောင်းဆိုမှုအရ၊ ဒီ”ဒွေး”ဆိုတဲ့ နာမည်ကို သူ့ကိုဘာကြောင့် ဘယ်အတွက် ပေးအပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို စာဖတ်ပရိသတ်ကြီး ကိုတင်ပြမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က ကမ္ဘာသုံးခုနှစ်သက္ကရာဇ်နဲ့ဆိုရင် ၁၉၇၉ ခုနှစ်က ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ရုပ်ပြပန်းချီ ဆရာတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဇာတ်ကောင်ဟာ ကိုကျော်(ကျော်ဟိန်း)ပြုံဖစ်ြပီး ၊ အဲဒီဇာတ်ကောင် နာမည်ကဒွေးဖြစ်ပါတယ။် ကျော်ဟိန်း ပုံကိုဆွဲတာက သူ့အနေအထားလေး တွေ၊ ဟန်ပန်လေးတွေကိုကြိုက်လို့ပါ။ ဒွေးဆိုတဲ့နာမည်ပေးထားတာကတော့ ကျွန်တော့် အချစ်ဆုံးဘွားအေကို ဆွေမျိုးတွေ အားလုံးခေါ်တဲ့ “ဒွေးလေး”ကနေ “ဒွေး”ကိုယူ လိုက်တာပါ။ ဘွားအေကို အမှတ်တရ ဂုဏ်ပြုတာ ပေါ့ဗျာ။ နောက်ပြီး အနုပညာလောကမှာ ဒွေးဆိုတဲ့နာမည်ကိုဘယ်သူမှ မပေးဖူးသေးဘူးဗျ။ ဒါကြောင့်ဒီနာမည် ယူ လိုက်တာပါ။ ကျွန်တော်ရဲ့ဇာတ်ကောင်ဒွေးပုံကို ကိုကျော်ပုံတူတွေနဲ့ရေးတာ။ ရေးတုန်းက ရေးချင်တဲ့စိတ်ပဲရှိတော့ ဘာမှ မစဥ်းစားမိဘူး ။ တကယ် ဆိုသူ့ပုံတူတွေ ရေးနေတာဆိုတော့ သူ့ခွင့်ပြုချက်လိုတယ်။ ဒါကြောင့် ကိုကျော်နဲ့တွေ့ဖို့ကြိုးစားရတယ်။ ရန်ကုန်မြို့ထဲက မဟာဗန္ဓုလ ပန်းခြံလမ်း (ဘားလမ်း) (အထက်)မှာရှိတဲ့ ရုပ်ရှင်ကုမ္ပ္ပဏီ ကိုသွားစုံစမ်း ရတာပေါ။့ အဲဒီမှာ ဦးတုတ်ပေါကြီး (ရုပ်ရှင် ဇာတ်ပို့) နဲ့တွေ့ တော့ ကိုကျော်လာဖို့ရှိတယ်ဆိုလို့ ဒါရိုက်တာမျိုးမြင့်အောင်ရဲ့ “ကုမြုဒာရုပ်ရှင် ကုမ္ပဏီ” တိုက်ကစောင့်ရတယ်။ ကိုကျော်လာတော့ အကျိုးအကြောင်း ပြောမယ်ပေါ။့ကိုကျော်လာတဲ့အခါ သူ့အလုပ်တွေက ဟိုတိုက်၊ ဒီတိုက်ကူးနေတော့ ပလက်ဖောင်း ပေါ်မှာပဲ ပြောကြရတယ။် ကိုကျော်ကလည်း ဝမ်းသာအားရပါပဲ။ အေးအေးဆေးဆေးစကားပြောကြတာပေါ့ဆိုပြီး သူ့အိမ်လိပ်စာပေးတယ။် ၁၁/ဘီ ကမ္ဘာ အေးဘုရားလမ်းကို နောက်တစ်နေ့ မနက်စောစောလာခဲ့ဖို့ပြောတယ်။နောက်တစ်နေ့ မနက်စောစောရောက်သွားပြီး တွေ့ကြတော့ ကျွန်တော် ကကိုကျော်ကို သူ့ပုံတွေနဲ့ ရုပ်ပြတွေရေးနေတဲ့ အကြောင်းနဲ့ ဆက်ပြီးရေးခွင့်ပြုဖို့ အကြောင်း စာအုပ်လက်ဆောင်ပေးရင်း ခွင့်တောင်းပါ တယ်။ ကိုကျော်လည်းခွင့်ပြုပါတယ်။ သူကလည်း ကျွန်တော့်ရုပ်ပြစာအုပ်တွေကို ဖတ်ဖူးတဲ့အကြောင်းကြိုက်နှစ်သက်ကြောင်း ပြောပါတယ်။တော်တော်လည်းရင်းနှီး သွားခဲ့ကြတယ်။ ဘယ်လောက်အထိ ရင်းနှီးသွားခဲ့သလဲ ဆိုရင် အနုပညာနဲ့ပတ်သက်တဲ့ ကိစ္စတွေပူးပေါင်းလုပ်ကြဖို့အထိ တိုင်ပင်ဖြစ်ကြတယ်။ (ဒီအကြောင်းတွေကို သတ်သတ်တစက် ကဏ္ဍတင်ြပပါမ့ ယ)်သူဟာကျွန်တော်ကို လက်တွဲလုပ်ဆောင်ဖို့အတွက် အားတက်သရောရှိလှပါတယ်။ သူ့ဆီ မနက်တိုင်း ၇ နာရီမထိုးခင် အရောက်လာဖို့ပြောတာနဲ့ နေ့တိုင်း ဆိုင်ကယ်နဲ့ သွားခဲ့ရတယ်။ သူ့ရှုတင်တွေကို သူ့တိုယိုတာကရောင်းTOYOTACROWN ကားကြီး န့ဲ ခေါ်သွားတယ်။ ရုပ်ရှင် ရိုက်ဖို့အထိ စကားပြောဖြစ်ကြတယ်။ ကင်မရာကိုင်နည်းတွေ၊ ချောင်းနည်းတွေ၊ဖိုက်တင်ကွက်တွေကို သေချာလုပ်ပြတယ်။တချို့ဆိုရင် ကျွန်တော့်ကို သူ့ညီလို့ တောင်ထင်ကြတယ်။ သူ့ညီအရင်းကို ဇော်ထူး(ဇော်ကြီး)က အဲဒီတုန်းက သူ့နဲ့အတူနေတာ။ ကျွန်တော့်ကိုတအတံ့ သြန့ဲ ဘယ်လိုပြောသလဲဆိုရင်”ကိုစံစံဗျာ ကျွန်တော်တော့ အရမ်းအံ့သြတယ်။ ကျွန်တော်ဟာသူ့ညီအရင်းဖြစ်ပေမယ့် ကိုစံစံလိုတစ်ခါမှ တိုင်ပင်တယ်ဆိုတာ မရှိဘူး။ကျွန်တော်ကလည်း ကိုကျော်ကိုအပီဖြုံ တယ်။အရမ်းစိတ်ကြီးတာ ကိုစံ နဲ့ ပြောနေတာကြည့်ပြီး ကျွန်တော် အားကျလိုက်တာဗျာ”တဲ့။ ကိုကျော်ကလည်း ကျွန်တော့်ကို ဘယ်လိုပြောတယ်မှတ်သလဲ။ “ကိုစံစံ ခင်ဗျားကျွန်တော့်အိမ်ကို အချိန်မရွေးတံခါးမရှိဓားမရှိ NO KNIFE NO DOOR  ဝင်နိုင်ထွက်နိုင်ပါတယ်။ ကျွန်တော်ရန်ကုန်မှာရိုက်တဲ့ ရှုတင်ရက်တွေ ခင်ဗျားကို ပေးထားမယ်။ နယ်ထွက်ရိုက်တဲ့ရက်တွေပါပါတယ်။ နယ်က ပြန်ရောက်တဲ့ရက်တွေမှာ ခင်ဗျားနဲ့ကျွန်တော်အမြဲတွေ့ဖို့လိုတယ်” စသည်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ကို လက်ကမ်း ကြို ဆိုခဲ့ပါတယ။် တံခါးဖွင့်ပေးခဲ့ပါတယ်။ သူလက်မှတ်ထိုးထားတဲ့ ဓာတ်ပုံတွေ တော်တော်များများကျွန်တော့်ကိုပေးခဲ့တယ်။ တစ်ရက်မှာတော့ သူက ကျွန်တော့် ဇာတ်ကောင်နာမည်ဒွေးကို သိပ်ကြိုက် ကြောင်းပြောပါတယ်။ ဘာဖြစ်လို့ ဒီ”ဒွေး”ဆိုတဲ့နာမည်ကိုပေးရတာလဲလို့ လည်းမေးပါတယ်။ ကျွန်တော်ကလည်း အထက်မှာ ရေးသားခဲ့တဲ့အတိုင်းပြောပြပါတယ်။ဒီတော့ သူက ဒီ”ဒွေး”ဆိုတဲ့အမည်ကို သူသိပ်လိုချင်ကြောင်းပြောပါတယ်။ ပေးနိုင်မယ်ဆိုရင်ပေးဖို့ပြောပါရော။ ကျွန်တော်လုံးဝ ထင်မှတ်မထားတဲ့ အကြောင်းအရာတစ်ခု ဗြုန်းခနည်း ကြုံလိုက်ရတော့စိတ်လှုပ်ရှားသွားမိတယ်။ ကျွန်တော်တန်ဖိုးအထားဆုံးအရာကိုပေးရမယ့် ကိစ္စဆိုတော့ ချက်ချင်အဖြေပေးလို့မ၇ဘူး ဖြစ်နေတယ်။  ဒါပေမဲ့ ကျွန်တော်ကိုကျော့်ကိုသိပ်ခင်တယ်။ ပြောမပြတတ်အောင်ခင်တယ်။ စိတ်ထဲမှာ အစ်ကိုအရင်း တစ်ယောက် လိုဖြစ် နေတယ်။ခုလည်းဒီအတိုင်းပဲ။ တစ်သက်လုံးလည်း ပြောင်းလဲမှာမဟုတ်ဘူး။ သူစတိုင်လ်တွေ အနေအထားတွေကိုကြိုက်လွန်းလို့ မပြောမဆို ယူရေးမိခဲ့တဲ့ထိ ဖြစ်ခဲ့ရ တယ်။ ဒါကို သူသဘော ထားကြီးကြီးနဲ့ ခွင့်လွှတ်ခဲ့တယ်။ ဆက်ပြီးရေးခွင့်ကြုံခဲ့တယ်။ ကျွန်တော်ဟာ ကျော်ဟိန်းခရေဇီ (ဒါမှမဟုတ်) သည် ခရေဇီးအော့(ဖ်) ကျော်ဟိန်း။ တစ်နည်းအားဖြင့် ကျော်ဟိန်းကို ရူးသွပ်သူ တစ်ယောက်ပါ။ ခုထိလည်း ကိုကျော်လို အထင်ကရ ပုဂ္ဂိုလ်က ကျွန်တော့်လို သာမန်လူ တစ်ယောက်ဆီက အကူအညီ တောင်းတယ်ဆိုတော့ ကျွန်တော်လေးလေးနက်နက် စဉ်းစားရတော့တယ်။ ဒီနာမည်ကို သူလိုချင်တာကလည်း သူ့မှာ ခိုင်လုံ တဲ့ အကြောင်းတစ်ခု ရှိမယ်လို့ ယူဆမိပါ တယ်။ ဒါကြောင့် ကျွန်တော်က ကိုကျော် ကိုမေးမိတယ်။ ”ကိုကျော် ဒီ ‘ဒွေး’ ဆိုတဲ့နာမည်ကို ဘာဖြစ်လို့ သိပ်ပြီးလိုချင်ရတာလဲ” ပေါ့။ ဒီတော့ကို ကျော်က. . .”ကျွန်တော်ဒီနာမည်ကို သိပ်ကြိုက်တယ်။ မမြင်ရတဲ့ အားတွေနဲ့ ပြည့်နေ တယ်။ ဒီနာမည်ကို ကိုစံစံဆီကတောင်း တာက ကျွန်တော့်မှာ ဒီနာမည်ကို တစ်နေ့ ကျရင် ပေးသင့်တယ်လို့ ခန့်မှန်းထားတဲ့ ကလေးတစ်ယောက်ရှိနေလို့ပါ။ ဒီကလေး ဟာ ခုမှဆယ့်သုံးနှစ်၊ဆယ့်လေးနှစ်လောက် ပဲရှိသေးတယ်။ ကျွန်တော့်အနုပညာ အမွေကို ဆက်ခံမယ့် ကလေးတစ်ယောက် ပေါ့ဗျာ။ ဒါကြောင့် ဒီနာမည်ကို အခုက တည်းက တောင်းထားတာပါ။ ကိုစံစံဆက် သုံးနေမယ်ဆိုရင် အဲဒီအချိန်မှာ ဒီကလေး ကို ပေးလို့မရတော့ဘူး။ ပရိသတ်ကလည်း သူတို့သိပြီးသား နာမည်တစ်ခုကို ၂ နေရာ မှာသုံးရင် ဒုတိယလူက ခံရစမြဲပဲ။ ကိုစံစံ ဒီနာမည်ကို မသုံးဘဲ အခုကတည်းက ရပ် လိုက်မယ်ဆိုရင် ဒီကလေးအရွယ်ရောက် လာတဲ့အခါ ‘အသစ်’ဖြစ်နေလိမ့်မယ်။ ဒါ ကြောင့်ကိုစံစံကို အကူအညီတောင်းတာ ပါ။ ကိုစံစံ ဇာတ်ကောင်ကို တခြားနာမည် တစ်ခုပြောင်းလိုက်ပေါ့။ ကိုစံစံပရိသတ်က ကိုစံစံလက်ရာကို အဓိကထားပြီး ကြိုက် ကြတာပါ။ ဇာတ်ကောင်နာမည်ကို အဓိက မထား ကြပါဘူး။ ဒီကလေးအတွက် အားရှိမယ့် ‘နာမည်’လိုတယ်။ ဒွေးဆိုတဲ့ နာမည်က အားတွေနဲ့ပြည့်နေတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပေးပါဗျာ” တဲ့ အားတက် သရော ပြောနေ တဲ့ ကိုကျော်ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီတော့ ကျွန်တော်စဉ်းစားရပြီပေါ့။ ကျွန်တော်တို့ အနုပညာသမားတွေဟာ ကိုယ်ဖန်တီးခဲ့တဲ့ ဇာတ်ကောင်ကို၊ ကိုယ့်သား သမီးလိုပါပဲ။ ဘယ်မိဘမဆိုသားသမီး ကောင်းစားဖို့အဓိကထားကြတယ်။ကိုကျော့် လက်ထဲမှာဆိုရင် ဒီဒွေးဆိုတဲ့ နာမည်ကို ပိုပြီး အရောင်တောက်လာ အောင် ဆောင်ရွက်နိုင်တယ်ဆိုတာ တစ်ထစ်ချယုံကြည်တယ်။ ဒါကြောင့် ကျွန်တော့်ရင်ဘတ်ထဲက ထုတ်ပြီးတော့ ကိုကျော့်လက်ထဲကို အပ်ဖို့ဆုံးဖြတ်လိုက် တယ်။ ဒါကြောင့် ”ကိုကျော်ဖြစ်စေချင်တဲ့ ဆန္ဒကို ကျွန်တော်လိုက်လျောပါ့မယ်။ ဒါပေမဲ့ ခုလောလောဆယ်မှာထွက်မယ့် ရုပ်ပြတွေမှာတော့ ဒွေးနာမည်နဲ့ရေးပြီး သားတွေမို့၊ နောက်ထပ် နှစ်အုပ်လောက် ထွက်ဖို့ရှိသေးတယ်။ ပြီးရင် ကျွန်တော့် ဇာတ်ကောင်နာမည်ပြောင်းလိုက်ပါ့မယ်” လို့ ကတိပေး လိုက်တော့ ကိုကျော်လည်း တော်တော်ပျော်သွားတယ်။ ကိုကျော်ပျော် တာကိုကြည့်ပြီး ကျွန်တော်လည်းပျော်မိ ပါတယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ရေးပြီးသား ဒွေး ဇာတ်ကောင် နာမည်နဲ့ စာအုပ်ဖြစ်ခဲ့တဲ့ ‘ရေစုံမှာ လူကြုံမလိုက် စတမ်း’ က ဇန်နဝါရီ ၁ ရက် ၁၉၇၉ မှာထွက်ပြီး၊ ဒွေးနာမည်နဲ့ နောက်ဆုံးရုပ်ပြ စာအုပ်ဖြစ်တဲ့ ‘မေတ္တာ စူးသော်နုတ်မရပါ’ က ၁၉၇၉ ခု မေလ ၂၄ ရက်နေ့မှာ ထွက်ပြီး တာနဲ့ ဒွေးနာ မည်ကို ဆက်မသုံးတော့ပါဘူး။ကိုကျော် လက်ထဲကို အပြီးအပိုင်လက် လွှဲပေးလိုက် ပါတယ်။ နောက်ထွက်တဲ့ ၁၉၈ဝ ခုနှစ် ဇူလိုင်လထုတ် ‘ချစ်တမ်းမ ကစားပါနဲ့’ ရုပ် ပြစာအုပ်ကစပြီး ကျွန်တော့် ရုပ်ပြဇာတ် ကောင်နာမည်ဟာ ‘ကျော်စွာဟိန်း’ဖြစ် သွားပါတော့တယ်။ ကာလယန္တရားကြီး လည်ပတ်ပြီး အချိန်တွေ ပြောင်းလဲသွားပါတယ်။ နောင် ဆယ်စုနှစ်တစ်စုအကြာ ၁၉၉ဝ ပြည့်ကျော် ကျော်လောက်မှာ ကိုကျော့်တူ ထင်လင်း ဆိုပြီးပေါ်လာတယ်။ သိပ်မအောင်မြင် သေးဘူး။ ကျွန်တော်နဲ့ ကိုကျော်ကတော့ ရံဖန်ရံခါ တွေ့ဖြစ်ကြပါတယ်။ (ကိုကျော်နဲ့ လက်ဝါးရိုက်စီစဉ်ခဲ့တဲ့ အနုပညာလုပ်ငန်း တွေဘယ်လိုဖြစ်သွားတယ်ဆိုတာ သတ်သတ် တင်ပြပါ့မယ်။ အနုပညာလောကထဲ ဝင်မယ့်သူတွေအတွက် မှတ်သားစရာတွေ အပြည့်ပါ နေပါ တယ်။)ကိုကျော်ဟာ ကျွန်တော်နဲ့လက်တွဲလုပ်ချင်လွန်းလို့ အပင် ပန်းခံကြိုးစားခဲ့ပေမယ့် စီးပွားရေးတစ် မျက်နှာပဲ ကြည့်တတ်တဲ့လူတွေကြောင့် ကျွန်တော် နဲ့ ကိုကျော်တို့ရဲ့မျှော်လင့်ချက် တွေကမောက်ကမဖြစ်ခဲ့ရတာကို ကိုကျော် နဲ့တွေ့ရင် ပြောလေ့ရှိခဲ့ပါတယ်။ကိုသားကြီးကို’ထင်လင်း’နာမည်နဲ့ ‘ဒွေး’ မဖြစ်သေးခင် ကိုကျော့် အိမ်မှာ တစ်ခါ ပဲ တွေ့ဖူးတယ်။ စကားမပြောဖူးဘူး၊ ပထမဆုံးနဲ့ နောက်ဆုံးလို့ပြောရပါ့မယ်။တွေ့ခဲ့ရ ပုံလေးကို ပြောပြမယ်။ ဒီလိုပါ.

No comments:

Post a Comment