 နယူးဇီလန်မှာ  ခရီးသွားနှင်းဆီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို မရိုက်ဖြစ်ခဲ့တဲ့အတွက်   ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာပဲ အပြီးသတ်ရိုက်တော့မယ်လို့ စိတ်ကူးထား  ကြောင်းပြောတဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ယခုတစ်ပတ်မှာလည်း  ဒွေး ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အတွက် အမှတ်တရစကား ဆက်လက်ပြီး  ပြောကြားပေးခဲ့ပြန်တာက ”တချို့ကရိုက်ကွင်းမှာဆိုရင်  အော်ကြီးဟစ်ကျယ်တွေပြောပြီး၊ ဆူညံဆူညံစွာ ကျယ်စွာကျယ်ပြောတဲ့ အသံတွေရှိတယ်။  ဒွေးဆီကနေအဲဒီလို အသံမျိုး မကြားရဘူး။ သူတ ကယ်တမ်းပြောတဲ့အချိန်မှာ  သူ့အသံက မတိုးလွန်း၊ မကျယ်လွန်းဖြစ်နေတယ်။ အဲဒီအတွက် သူ့အသံကို တစ်ခါတစ်ရံ  နည်းနည်းတိုးသွားတာကို လူတွေကဂရုစိုက်ပြီး နားထောင်ရတယ်။  အဲဒီလိုအမြဲတမ်းသူ့ကို ရုပ်ရော၊ အသံရော စောင့်ကြည့်နေရတာကိုက  သူ့ရဲ့ဆွဲဆောင်မှုတစ်မျိုးပါပဲ။ သူကရိုက်ကွင်းမှာ အိုက်ရင်အိုက်တဲ့အချိန်မှာ  စွပ်ကျယ်လေး ဝတ်ထား တယ်။ သူ့ဘာသာသူသပ်သပ်ရပ် ရပ်လေးနေတယ်။ လူကြားထဲမှာ  လုံချည်ကြီး ဝုန်းဝုန်းနဲ့ခါပြီး အင်္ကျီချွတ်ကြီးနဲ့ ယပ်တောင် ကြီးနဲ့  အခြေမဲ့အပြုအမူမျိုးဘယ်တော့မှ မနေဘူး။ ဒါမင်းသားတစ်ယောက်အတွက် လိုအပ်  တဲ့အရာပဲလေ။ အဲဒီလိုမနေဘဲနဲ့ စောင့်စည်း ခြင်းဟာလည်း  သူ့ရဲ့ဆွဲဆောင်မှုတစ်မျိုးပါပဲ။ အဲဒီလိုဆွဲဆောင်မှုတွေ ပေါင်းထားတဲ့လူကို  ဒွေးလို့ခေါ်တယ်။ဒွေးဟာ ဆုံးသာဆုံးသွားတာ ဒီအနုပညာအလုပ်ကိုလုပ်ရတာ ဝဦးမယ်  မထင်ဘူး။ ဒီသံသရာမှာ လူဖြစ်ခွင့်ရဦးမယ် ဆိုရင် နောက်တစ်ကြိမ် အနုပညာသည်အနေ  နဲ့ ဒီကိုပြန်လာစေချင်တယ်။ သူဒီလိုပြန်လာ တဲ့အခါမှာ  သူ့ကိုကြိုနေမယ့်သူတွေ၊ သူ့အနု ပညာကို မျှော်လင့်စောင့်စားနေတဲ့  ပရိသတ်တွေရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အနုပညာလောကမှာ သူမရှိရင်  မဖြစ်ဘူးဆိုတာ မျိုးတော့ ဘယ်အရာမှမရှိပါဘူး။ သူမရှိတော့ တဲ့အချိန်မှာလည်း  နောက်တစ်ယောက် ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ရှိလာတဲ့ပုံစံချင်းတော့  မတူဘူးပေါ့။ ကောလိပ်ဂျင်နေဝင်းကို ဦးတို့ ကြိုက်ခဲ့တယ်။ သူမရှိတဲ့အခါ  သူ့လိုစူပါ တစ်ယောက်တက်လာတယ်။ ဒါပေမဲ့ သူက ကောလိပ်ဂျင်နေဝင်းတော့  မဟုတ်တော့ဘူး။ အခုလည်း ဒွေးမရှိတော့တဲ့အချိန်မှာ နောက် တစ်ယောက်လာဦးမှာပဲ။  ဒါပေမဲ့ သူဟာ ဒွေးတော့မဖြစ်နိုင်တော့ဘူး”လို့ပြောပါတယ်။

Friday, May 4, 2012
ဒွေးလို နောက်တစ်ယောက်ပေါ်ဖို့ မဖြစ်နိုင်တော့ဘူး

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment