-->

Tuesday, May 22, 2012

ချစ်ခြင်း နှင့် ခြစ်ခြင်း


ချစ်ခြင်းနဲ့ ခြစ်ခြင်းက
အသံတူသော်လည်း
အဓိပ္ပာယ် ခြားနားလှသည်
ချစ်ခြင်း၏ အနှစ်သာရကား
ပေါင်းစည်းခြင်းဖြစ်ပြီး
ခြစ်ခြင်း၏ အနှစ်သာရကား
ပြိုကွဲခြင်း ဖြစ်သည်
ချစ်ခြင်းသည်
ပြည့်စုံခြင်းဍ် အဆုံးသတ်ပြီး
ခြစ်ခြင်းသည်
ပျက်စီးခြင်းဍ် နိဂုံးချုပ်သည်
ချစ်ခြင်းသည်
အပြုသဘောကို ဆောင်ပြီး
ခြစ်ခြင်းသည်
အဖျက်သဘောကို ဆောင်သည် 
စာဖတ်သူ မင်းလဲ
သင်ကိုယ်တိုင်
ယပင့်နဲ့ချစ်မှာလား………………
ရရစ်နဲ့ချစ်မှာလား………………….။

No comments:

Post a Comment