-->

Friday, May 4, 2012

မျက်လုံးက (ဒွေး) နဲ့တူတယ်ပြောတဲ့ သားညီ၊ သားလေးကို 'ဧကသားညီ' လို့ နာမည်ပေးထား

မျက်လုံးက (ဒွေး) နဲ့တူတယ်ပြောတဲ့ သားညီ၊ သားလေးကို 'ဧကသားညီ' လို့ နာမည်ပေးထား
ဒီဇင်ဘာလ ၁ဝ ရက်နေ့မနက် ၆ နာရီ ၂ဝ မိနစ်က သားညီရဲ့ဇနီး မဇာခြည်ဝင်းစံက သားညီအတွက် သားဦး ရတနာလေးကို SSC Women Center မှာ မွေးဖွားခဲ့ပါ တယ်။ ကလေးကိုယ်အလေးချိန်မှာ ၆ ပေါင်ရှိပြီး ကလေးရောမိခင်ပါ ကျန်းမာတယ်လို့သိရပါတယ်။ သား ယောက်ျားလေး ရရှိတာကြောင့် ဘယ်လိုခံစားရလဲလို့ သားညီကို မေးတဲ့အခါ...
    ''ကျွန်တော်က မိန်းမကိုယ်ဝန် စရှိကတည်းက သားလေးလိုချင် တာ။ သားလေးရတော့ပျော်တယ်။ မိန်းမကတော့ သမီးလေးလိုချင်တာ ပေါ့။ သမီးဆိုရင် အမေကိုအဖော်ရ တယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်က မရ ဘူး၊ သမီးလေးမွေးလည်းသားပဲ လုပ် မှာပဲဆိုတော့မှ မိန်းမလည်းသားဖြစ် သွားတယ်။ ကိုယ်လိုချင်တာ ရလို့ ပျော်တယ်'' လို့ပြောပါတယ်။
    သားယောက်ျားလေး ရပြီဆိုတဲ့ အချိန် သူ့ရဲ့စိတ်ကူးတွေက သား အတွက် ဘယ်လိုရှိလဲမေးတော့ ..
    ''ကျွန်တော်ကတော့ သူ့ကိုကြီး လာရင်ဘာလုပ်ပေးမယ်လို့တော့ စိတ်ကူးယဉ်တာပေါ့။ ဒါပေမဲ့သူ့ကို ပဲရွေးချယ်ခွင့်ပေးမယ်။ သူ့အရွယ် ရောက်လာရင် လမ်းကြောင်းတွေပြ မယ်။ ဒါဖြစ်ရမယ်၊ ဒါလုပ်ရမယ်ဆို ပြီး မကန့်သတ်ဘူး။ ဘာလို့လဲဆို တော့ ကျွန်တော်တို့တုန်းကလည်း လူကြီးတွေက ဆရာဝန်ဖြစ်ရမယ်၊ ဘာဖြစ်ရမယ်ဆိုတော့ စိတ်မပါဘဲနဲ့ လူကြီးတွေခိုင်းလို့ လုပ်ရတဲ့အလုပ် မျိုး ကျွန်တော့်သားကို ကျွန်တော် အဖြစ်မခံဘူး'' လို့သားရဲ့ရှေ့ရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
    သားညီကို ဗီဒီယိုတွေရိုက်တဲ့ အခါမှာ ကလေးမွေးလို့ ဖခင်တစ် ယောက်ခံစား မှုမျိုးတွေသရုပ်ဆောင် ခဲ့ပြီး အခုလို တကယ်ကိုယ့်မိန်းမ မွေးပြီဆိုတော့ရော ဘယ်လိုခံစားရ လဲဆိုတော့...
    ''မွေးခန်းထဲကနေ သားလေး မွေးပြီးကိုယ်လက်အင်္ဂါစုံတယ်လို့ သိရတဲ့အချိန်မှာ ဖြစ်သွားတဲ့စိတ်က ပြောပြလို့လည်းမရဘူး။ အိုက်တင် လုပ်ပြလို့လည်းမရဘူး။ ဘယ်လိုဖြစ် သွားမှန်းမသိဘူး။ ပျော်တာလည်း မဟုတ်ဘူး။ ဘယ်လိုမျိုးကြီးမှန်းကို မသိဘူး။ အဲတော့မှ ကျွန်တော်တို့ အရင်ကားတွေမှာလုပ်ခဲ့တဲ့ ကလေး ရရင်ဖြစ်သွားတဲ့ အမူအရာတွေက မှားနေတယ်။ အဲဒီထက်အဆပေါင်း များစွာ အပြင်မှာသာတယ်'' လို့ ပြောပြီး၊ သူ့သားလေးရဲ့မျက်နှာက သူ့ဘက်နဲ့တူပြီး၊ ခြေတံ၊ လက်တံ တွေကရှည်တော့ မိန်းမဘက်နဲ့တူ တယ်၊ ပြီးတော့ မျက်လုံးက သူ့အစ် ကို (ဒွေး) နဲ့တူတယ်လို့ပြောတဲ့ သား ညီကိုကလေးက မမိုး(ဒွေးမိန်းမ)လာ တော့ ရယ်ပြတယ်လို့ပြောတယ်။ ကိုသားကြီးလို့ရော မထင်ဘူးလား လို့မေးတော့ ''အဲဒါတော့ ဟုတ် တယ်ဗျ။ အစ်မလာလို့ရှိရင်တော့ သူ့ ကို အစ်မ မချီမချင်း သူအသံပေး တယ်။ အစ်မချီလိုက်ရင်ပြုံးပြီး အစ် မကိုကြည့်နေတယ်။ အစ်မမြှူလိုက် ရင်လည်း ရယ်ရယ်ပြနေတယ်။ အစ် ကိုလားလို့တော့ပြောဖို့ စောပါသေး တယ်'' လို့ပြောပါတယ်။ ကလေး လေးကို မွေးဖို့အတွက် တတ်ကျွမ်း နားလည်သူတွေကို မေးကြည့်တော့ ဗုဒ္ဓဟူးနေ့မွေးရင် ကောင်းတယ် ပြောတယ်။ ကျွန်တော်လည်း ဒီနေ့ ကိုကြိုက်တယ်။ ဒီဇင်ဘာလကို လည်း ကြိုက်တယ်။ ကျွန်တော့်သား လေးမွေးတဲ့နေ့ကလည်း ၁ဝ ရက်၊ ကျွန်တော်တို့နှစ်ယောက် လက်မှတ် ထိုးတဲ့နေ့ကလည်း ၁ဝ ရက်၊ ၁ဝ လပဲဆိုတော့ ၁ဝ ဂဏန်းကို ကြိုက် တယ်လို့ သားညီကပြောပြီး သူ့ သားလေးရဲ့ နာမည်ကိုလောလော ဆယ် 'ဧကသားညီ' လို့ပေးထားပြီး တတ်သိတဲ့လူတွေနဲ့ တိုင်ပင်ဦးမှာ ဖြစ်ပြီး၊ အဲဒီနာမည်ကို မှည့်ချင်တာ က ကျွန်တော့်ဘဝရဲ့ နံပါတ်တစ် ဧကဆိုတဲ့ နာမည်လေး။ အဲဒီမှာ အဖေနာမည်လည်း ထည့်ပြီး ကျွန် တော့်သားဆိုပြီး နည်းနည်းလည်း ကြွားချင်တာပေါ့''လို့ သားညီက သားရဲ့နာမည်နဲ့ ပတ်သက်ပြီး ထပ် ပြောပြခဲ့ပါတယ်။

No comments:

Post a Comment