-->

Friday, May 4, 2012

နှစ်တွေကြာလည်း မမေ့နိုင်သေးသူတို့ပြောတဲ့ ဒွေးအမှတ်တရတွေအကြောင်း (၁)

အကယ်ဒမီဖိုးကျော်
”ဘယ်သူမဆိုအစ်ကိုလား၊ ကျွန်တော် လား၊ ကျွန်တော်တို့ရဲ့ ချစ်ခင်နှစ်သက်တဲ့သူ တွေလား၊ ကျွန်တော်လား၊ ကျွန်တော်တို့ရဲ့ ချစ်ခင်နှစ်သက်တဲ့ သူတွေလည်း အားလုံးကမေ့ ပစ်လိုက်ကြမှာပါပဲ။ ဒါကသဘာဝတရားကြီး တစ်ခုထဲမှာပါနေတယ်။ အစ်ကိုလို့ပြောတော့ သူကရယ်တယ် မင်းကအဝေးကြီးတွေးတာ ကိုးကွတဲ့။ ကျွန်တော်အဝေးကြီးတွေးတာ မဟုတ်ဘူးလို့ ကျွန်တော်တို့ရှိနေတဲ့ အချိန် လေးမှာ အဓိပ္ပာယ်ရှိတာလေးတွေဖြစ်အောင် လုပ်ဖို့သတိပေးတာလို့ ပြောလိုက်တယ်။ အဓိကကတော့ ရုပ်ရှင်ရိုက်တဲ့အကြောင်း  သူ့ ကို ရည်ရွယ်ပြီးပြောလိုက်တာပါ။ ကားရိုက်တဲ့ အခါ ကျွန်တော့်တို့ရိုက်ကြရအောင်လို့ အဓိကကတော့ အစ်ကိုပေါ့ဗျာ ဆိုတော့ သူက အေးပါတဲ့။ ငါအဲဒီလို ရိုက်ပါ့မယ်တဲ့လေ။ သူနဲ့ ကျွန်တော်နဲ့က ခံစားမှုချင်းနီးစပ်တယ်။ ကိုသားကြီးက ကျွန်တော့်ကိုကောင်လေးလို့ ခေါ်လေ့ရှိတယ်။ ကောင်လေးတဲ့လူတွေက မင်းတို့ငါတို့လို မဟုတ်ဘူးကွဆိုပြီး အမြဲတမ်း ပြောတယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ တစ် ခေါက် ထူးထူးဆန်းဆန်း ပြောခဲ့ဖူးတယ်။ ကျွန်တော်အကယ်ဒမီရတဲ့ ရုပ်ရှင်ကားကြီး အထူးပွဲကြည့်ပြီးတဲ့အခါမှာပေါ့။ ကောင်လေး တဲ့ မင်းဖြစ်သွားပြီတဲ့၊ မင်းလမ်းပေါ်ရောက် သွားပြီတဲ့၊ ဘယ်သူ့ကိုမှ လှည့်မ ကြည့်နဲ့ပြေး တော့တဲ့။ အဲဒီလိုပြောတယ်။ တစ်ခုပဲမှာမယ် တဲ့။ အိုက်တင်လုပ်တဲ့အခါ ကိုယ်နဲ့အတူတူ တွဲလုပ်နေတဲ့ အနုပညာသမားတစ်ယောက်ရဲ့ အိုက်တင်ကို ဘယ်တော့မှမေ့မထားပါနဲ့တဲ့။ အိုက်တင်လုပ်တဲ့အခါ ကိုယ့်ဘက်ကနေလည်း ကျွံမသွားစေနဲ့ သူ့ဘက်ကအိုက်တင်ကိုလည်း မကျန်ခဲ့စေနဲ့။ သူကျွံသွားတယ်ထင်ရင် ကိုယ် လိုက်ကျွံ၊ ကိုယ်ကျန်ခဲ့မယ်ထင်ရင် သူ့နောက် ကိုလိုက်တဲ့။ သူကျန်ခဲ့မယ်ထင်ရင် ကိုယ်က ဆွဲတင်အဲဒါမှပရိသတ်က မင်းခံစားပြီး လုပ် တဲ့အိုက်တင်ကို လက်ခံ မှာလို့ပြောတယ်။ ကျွန်တော်နောက်ပိုင်းအမြဲတမ်း သတိ ထားခဲ့တယ်။ စိတ်မကောင်းစရာ လေးတစ်ခုပေါ့။ သူမဆုံးခင် သုံးရက် လောက်မှာပေါ့။ အမှန် အတိုင်းပြော ရရင် ကျွန်တော်နဲ့သူနဲ့က သိပ်လည်းမ တည့်ပါဘူး။ ခဏခဏစိတ်ဆိုးကြတယ်။ သူတွေ့ချင်တယ်ဆိုပြီး မက်ဆေ့ခ်ျပို့တယ်။ ညနေ ၅ နာရီ ၆ နာရီလောက်မှာ သူနဲ့တွေ့ ကြတယ်။တွေ့ကြတဲ့အချိန်ကစပြီး ကျွန်တော် တို့စကားတွေပြောလိုက်ကြတာ ည ၂ နာရီ ထိုးသွားတယ်။ နောက် ကျွန်တော့်အိမ်ကို လိုက်ပို့ပေးတယ်။ နောက်ထပ် ၃ ရက်မြောက် တဲ့နေ့မှာ မင်းနဲ့ပြန်တွေ့မယ်။ ည ၇ နာရီ လောက်အိမ်ကိုလာခဲ့တဲ့။ သူ့ ဆီကို ၇ နာရီ သွားရမယ့်နေ့မှာ သူဆုံးသွားတယ်။ ကျွန် တော်ရောက်တဲ့ အချိန်မှာ သူမရှိတော့ဘူး။ ကျွန်တော် သူ့ကိုနောက်ဆုံးတွေ့လိုက်ရတဲ့ နေ့မှာ ကျွန်တော့်ကို သူမေးတယ်။ မင်းဘာ တွေ လုပ်နေလဲတဲ့၊ ကျွန်တော်ဘာမှ မလုပ် ဘူးလို့ဆိုတော့ ဟာဇိမ်ကျလှချည်လားတဲ့၊ မကျပါဘူးပေါ့၊ကျွန်တော်ညစ်နေတဲ့အကြောင်း ပြောပြတယ်။  သူကအလုပ်ပြန်လုပ်ပါလို့ထပ် ပြောတယ်။ ငါတို့ ရိုက်ချင်တဲ့ကားကို ဘယ်သူ ကမှ ပရိုဂျူဆာလုပ်မပေးဘူးဆိုရင် ငါကိုယ် တိုင်ထုတ်ရိုက်မယ်တဲ့။ တန်ဖိုးရှိအောင်လုပ် ခဲ့ရ မယ့်အရာတွေကို ငါတို့လုပ်ကြမယ်ပေါ့။ ကျွန်တော်သူ့ကိုမေးခဲ့ဖူးတယ်။ နောက်ထပ်မျိုး ဆက် ဘယ်နှဆက်လောက်က ဒွေးဆိုတာကို သိ နေ အောင် အစ် ကို ဘယ် နှ ကား  ရိုက်ပြီးပြီလဲလို့သူ့က မေးလိုက်တယ်။ ကျွန်တော်တို့က အထူး သဖြင့်အနုပညာသမားဖြစ်တဲ့အတွက် ကြောင့် အနုပညာတွေကျန်ခဲ့အောင် ဘာ တွေလုပ်ပြီးပြီလဲလို့မေးလာရင် ကျွန်တော့်မှာ ဘာမှမရှိသေးဘူး။ သူက မင်းလုပ်ချင် တာ တွေဘာတွေရှိလဲလို့မေးတယ်။ကျွန်တော်ရိုက် ချင်တာတွေ ၅ ကားလောက်ရှိတယ်လို့ ပြော တော့ အဲဒီကားတွေကိုရိုက်မယ်တဲ့။ ဘယ် ဒါရိုက်တာနဲ့ရိုက်မှာ လဲမေး တော့ ငါမင်းနဲ့ရိုက် မယ်လို့ပြောတယ်။ မင်းဒါရိုက်တာလုပ်ဆို တော့ ကျွန်တော်မလုပ်ချင်ဘူးပေါ့။ အစ်ကို ကိုယ့် ဘာသာကိုယ် ဒါရိုက်တာလုပ်ပြီး ကိုယ့် ဘာသာ ကိုယ် ရိုက်ပေါ့။ မင်းကို ဘယ်သူမှ မတင်ရင်ငါတင်မယ်တဲ့။ အဲဒီလိုတစ်ယောက် တစ်ခွန်းနဲ့ အချေအတင်ဖြစ်ကြပြန်တယ်။ ဒါနောက်စရာမဟုတ်ဘူးနော်လို့သူ့ကိုပြော တော့ ဟာ..မင်းကိုငါနောက်နေတာမဟုတ် ဘူး။ ငါအတည်ပြောနေတာတဲ့။ နောက်ဆုံး မှာ ဘာဖြစ်သွားလဲဆိုတော့ သူနဲ့ကိုယ်နဲ့တချို့ ကားတွေမှာ အတူတူတွဲရိုက်မယ်။ ဘယ်သူမှ မရိုက်ပေးရင် ကိုယ့်ဘာသာကိုယ်ရိုက်မယ် ပေါ့။ သူကပြောတယ် မင်းကိုဒါရိုက်တာ လုပ် ခိုင်းပြီး ရိုက်တဲ့ ကား ကျ ရင် မင်း သေ ချာ ရိုက် မင်းပြောတာအကုန် ငါလုပ်မယ်။ ငါ ဒါရိုက်တာလုပ်ပြီး မင်းကို ဒါလုပ်ဆိုရင်လည်း မင်းငါ့ကိုတစ်ခွန်းမှ ပြန်မပြောနဲ့လို့ပြောတယ်။ အဲဒါကို ဆက်ပြီးတိုင်ပင်ဖို့နောက် ၃ ရက် ကြာရင် မင်းနဲ့ငါ တွေ့မယ်လို့ပြောတယ်။ တကယ်လည်း ကျွန်တော်တို့အလုပ်လုပ်ဖို့ သွားတဲ့အချိန်မှာ သူကမရှိတော့ဘူးလေ။ လောကကြီးကတော်တဲ့လူတွေချည်းပဲ အကုန် လုံး ရွေးပြီး ခေါ်သွားတာဗျာ။ ကျွန်တော်တို့က တော်တော်ညံ့ပါသေးတယ်။ ကျွန်တော်ရဲ့ အမှတ်တရကိစ္စလေးတွေ ၁၁ ရက်နေ့မှာ ဖြစ်သွားတယ်ဆိုရင် အရမ်းပျော် တယ်။ ဒါ ကျွန်တော် မမေ့နိုင်တဲ့နေ့လေ။ တချို့ပရိသတ် တွေက ကျွန်တော့်ကို ကိုသားကြီးရဲ့ ဇာတ် ကားတွေ ပြန်ရိုက်ပေးဖို့တောင်းဆိုကြတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်တော့်ကို လာ ငှားတဲ့ ပရိုဂျူဆာမရှိသေးပါဘူး။ အဲဒီ့လူတွေ အားလုံးအတွက် ကျွန်တော်တောင်းပန်ပါ တယ်လို့ပဲပြောချင်ပါတယ်”။
06-Jan
စင်ရော်မောင်မောင်
”သားကြီးကကျွန်တော်တို့လောကမှာ ရှင်သန်နေဆဲပါ။ သားကြီးနဲ့ မှတ်မှတ်ရရ မင်းသား၊ မင်းသမီးရှစ်လက်နဲ့ နိုင်ငံတော် ကားတစ်ကားရိုက်ဖူးတယ်။ ရိုက်ကွင်းမှာ သူက နောက်ကျတယ်။ ဒါကလည်း တစ်ဖက် မှာ အခက်အခဲရှိလို့နေမှာပါ။ အဲဒါကို မင်း သမီးတစ်လက်က စလိုက်တာ အဲဒီမှာ တော် တော်ခံစားလိုက်ရတယ်။ ထောင့်လေးမှာ ဘယ်သူ့မှလည်း စကားမပြောဘဲ စိတ် မကောင်းဖြစ်နေတာမြင်တွေ့ခဲ့ရတယ်။ သူနဲ့ ထိုင်းနိုင်ငံသွားတုန်းက ရုပ်ရှင်အဖွဲ့တစ်ခုက အရေးကြီးတဲ့အခန်း တစ်ခန်းမှာ သရုပ်ဆောင် ချင်တယ်လို့ပြောတယ်။ အဲဒါနဲ့ ကျွန်တော် တို့ နိုင်ငံက နာမည်ကြီးမင်းသား သားကြီးပါ တယ်လို့ပြောလိုက် တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့် ကို ရိုက်ချင်တယ်လို့ပြန်ပြောတယ်။ ဒါနဲ့ သားကြီးကို ကျွန်တော်က စလိုက်တယ်။ တွေ့လား ငါ့အရပ်က နိုင်ငံတကာတန်းဝင် တယ်လို့စလိုက်တယ်။ ပါဝင်သရုပ်ဆောင်ရ မယ့် အခန်းက လူဆိုးဂိုဏ်းခေါင်းဆောင် အဖြစ် သရုပ်ဆောင်ခိုင်းတာ။ သားကြီးနဲ့ တွေ့တိုင်း သူကပြောမဆုံးတော့ဘူး။ သား ကြီးက ရှုတင်ရောက်လာရင် အိုက်တင် တွေ ဘာတွေလေ့ကျင့်ပြီး မနေဘူး။ သူ့ဘာသာ ပဲနေတယ်။ တကယ်သရုပ်ဆောင်တော့မှ မိုးရွာသလိုရွာချတာ။ သရုပ်ဆောင် ကောင်း ရုံတင်မကဘဲ သီချင်းဆိုတာ လည်းကောင်း တယ်။ ‘မင်းလေး’သီချင်းဆိုတစ်နိုင်ငံလုံးလည်း ကြိုက်ကြတယ်။ ကြော် ငြာရိုက်တုန်းက လည်း Boss ဘောပင်ကြော်ငြာလေးမှာ သားကြီး ပြောခဲ့တဲ့ ဟတ်ထိတယ်ဆိုတဲ့ စကားလေးက ပရိသတ် ရင်ထဲစွဲသွားစေတယ်။ သူဆုံးသွားပြီ ဆိုတဲ့ သတင်းကို ပေါ်ပြူလာဂျာနယ်က CEO က လှမ်းအကြောင်းကြားတာ။ သူက ဘယ်တော့မှ မနောက်ဘူး။ စကားကိုလည်း အတည်ပဲပြောတတ်တော့ ချက်ချင်း သူအိမ် ကို ရောက်သွားတယ်။ အဲဒီမှာ အနုပညာ မောင်နှမတွေ စုံစုံလင်လင် ရောက်ရှိ နေတာ တွေ့ရတယ်။ ရုတ်တရက်ကြီးဖြစ်သွားတော့ တော်တော်လေးလည်း တုန်လှုပ်ချောက်ချား သွားတယ်။သားကြီးကအခုချိန်အထိ အသက် ရှင်နေဦးမယ်ဆိုရင် အနုပညာ အလုပ်တွေ အများကြီးလုပ်နိုင်ဦးမှာပါ။ သားကြီးရဲ့ အိုက်တင်က ကြာရှည်ခံတယ်။ သားကြီး အိုက်တင်နဲ့ပတ်သက်လာရင် ‘ချစ်ခြင်း၏ အခြားမဲ့’ဇာတ်ကားမှာ မိန်းမတစ်ယောက်က သူ့ကို အရူးအမူးချစ်နေတယ်။ ဒီမိန်းမအချစ် က အဓိပ္ပာယ်မရှိဘူး။ အဲဒီမှာ သူ့အိုက်တင်က ဘယ်သူနဲ့မှယှဉ်လို့မရဘူး။ ကိုသားကြီးနဲ့အတူ ကိုအောင်မင်းသိမ်း၊တာတီးစတဲ့ အနုပညာရှင် တွေဟာ တဖြည်းဖြည်း ကြွေလွင့်သွားကြတယ်။ အနုပညာလောကမှာ ဘယ်လောက်ပဲ ကျော်ကြား အောင်မြင်ပါစေ အချိန်တန်ရင် တော့ ကြွေလွင့်သွားရမှာပဲဆိုတဲ့ သံဝေဂ ရပါတယ်”။
29-May (1)
ဒါရိုက်တာကိုဇော်(အရုဏ်ဦး)
”သူကကိုယ်နဲ့ အစ်ကိုလိုလည်းဟုတ် တယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ဆရာ တစ်ယောက်ဆိုလည်းမှန်တယ်။ အဲဒီ ထဲမှာက သူက မျက်လုံးအား အရမ်းကောင်း တဲ့သရုပ် ဆောင်ကောင်းတစ်ယောက်ပါ။ သူ့ရဲအကျင့် တစ်ခုက ကားတစ် ကားကို စိတ်နှစ်ပြီးလုပ် တယ်။ ခုခေတ်ကလေးတွေ၊ တချို့ကလေး တွေဆို အမြဲတမ်းပြောပြ တယ်။ အပေါ်ယံ လေးလောက်ပဲ ခံစားပြီး တော့ လုပ်ကြတာ တွေရှိတယ်။ အဲဒီလိုမျိုးလေးတွေကြုံလာတဲ့ အခါကျရင် ကျွန်တော်သူ့ကို အမြဲတမ်းသတိ ရတယ်။ သူနဲ့ကားရိုက်ရင် သူက တစ်ခုခု လုပ်တော့မယ်ဆို စိတ်ကိုနှစ်ထားတယ်။ ဒီကားတစ်ကား လုံးကိုသူ့ရင်ထဲရောက်အောင် သိမ်း ထားတယ်။ သူတစ်ယောက်ဆုံးရှုံးသွား တဲ့အတွက် နှမြောတသတော့ဖြစ်မိပါတယ်။  ကျွန်တော်နဲ့ သူရိုက်ခဲ့တဲ့ ကားတွေမှာ အမှတ် တရကားကတော့ ‘ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြု၍’ ရုပ်ရှင်ကားကြီးပါပဲ။ ကျွန်တော် ရိုက်ချင်တယ်လို့ သူ့ကိုသွားပြောတော့ သူပဲ ဝိုင်းပြီး အကုန်လုပ်ပေးတယ်။ အဲဒီကားကို လိပ်ဥကျွန်းမှာသွားရိုက်တယ်။ အဲဒီကားကြီး ရိုက်တော့ သစ်လုံး လေးပေါ်မှာသူနဲ့ နန္ဒာလှိုင် နဲ့နှစ်ယောက်ကို နောက်ခံထားပြီး ရိုက်တာ။ အဲဒီမှာ သူကရေထဲကိုပြုတ်ကျတာ။ အဲဒီ ရက်က ရေတက်ရက်ဖြစ်နေတော့ ရေထဲ ပြုတ်ကျ တော့ သူကရေထဲမြုပ်သွားတယ်။ သူ ကဒူးပြုတ်သွားတာ။ အဲဒီမှာ သူ့ကိုဝိုင်းကယ် နေတဲ့အချိန်မှာ နန္ဒာလှိုင်ကိုမေ့သွားတယ်။ နန္ဒလှိုင်က သစ်လုံးတစ်လုံးကို ဖက်ပြီး တော့ ပင်လယ်ထဲကိုမျောသွားတယ်။ အဲဒါနဲ့ လိုက် ကယ်ရတယ်။ ကိုသားကြီးရဲ့ဒူးကို ဆေးထိုး ပြီးတော့ ၁ နာရီလောက်နေတော့ ဆက်ရိုက် တယ်။ သူနဲ့ကများ သော အားဖြင့် အမှတ်တရ တွေများပါတယ်။အနုပညာလောကမှာ အရင် တုန်းက ဒီလိုမျိုးပဲ သူ့လိုမျိုးဆုံးရှုံးကြတာပါပဲ။ အရွယ် မတိုင်ခင် ဆုံးရှုံးတာတွေလည်းရှိပါ တယ်။ ဒီလိုဆုံးရှုံးသွားလို့ ဒီအနုပညာတိမ် ကောသွားတယ်လို့ မဖြစ်စေချင်ဘူး။ သူတို့လို လူမျိုးဖြစ်အောင် သင်ကြားပေးနိုင်ဖို့လိုတယ် လို့ ထင်ပါတယ်”။
DSC_4162
စတီး
”ကိုသားကြီးနဲ့တွဲလာတာတွေ အကုန် လုံးက အမှတ်တရတွေချည်းပဲ။ သူနဲ့တွဲ အလုပ်လုပ်တဲ့အချိန်ကစပြီး သူဆုံးတဲ့ အချိန် ထိအကုန်အမှတ်တရတွေဖြစ်နေတယ်။ သူ ကိုယ်တိုင်ကလည်း အမှတ်တရဖြစ်အောင် နေထိုင်သွားတဲ့လူဆိုတော့ ကျွန်တော့် တို့ အတွက်က အကုန်အမှတ်ရနေတယ်။သူက အေးဆေးနေတတ်တယ်။ ရိုက်ကွင်း ပေါ်မှာဆို လည်း သူနဲ့ပတ်သက်တာ လုပ်တယ်။ သူနဲ့ မဆိုင်ရင်ဘာတစ်ခုမှဝင်မပါဘူး။ သူ့အလုပ်နဲ့ ပတ်သက်လို့ကလွဲရင်ကျန်တဲ့ကိစ္စသိပ်မပါဘူး။ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ကျေးဇူးရှင် ဆရာလည်းဖြစ်တယ်။ ကျွန်တော်တို့မိသားစု ရဲ့ ကျေးဇူးရှင်ဆရာလို့ပြောရင်လည်းရတယ်။ ဒီနေ့ထိသူဆုံးတာ ဇူလိုင် ၁၁ ဆို လေးနှစ်ပြည့် တော့မယ်။ ကျွန်တော်ကတော့ သူ့ကိုအိမ်မှာ ကိုးကွယ်ထားတယ်။ ကျွန်တော် တို့ဟိန္ဒူဗုဒ္ဓ ဘာသာလူမျိုးမှာ အဖေသော်လည်းကောင်း၊ အစ်ကိုသော်လည်းကောင်း၊ မိသားစုဝင်တစ် ယောက် ဆုံးရှုံးသွား လို့ရှိရင် ကျွန်တော်တို့အိမ် မှာ ဓာတ်ပုံနဲ့တကွကိုးကွယ်တဲ့ထုံးစံရှိတယ်။ ကျွန်တော့်ရဲ့ဘဝတစ်ခုမှာ ဒီလိုနေရာလေး တစ်ခုရလာ ဖို့လုပ်ခဲ့ပေးတဲ့အတွက် ကျွန်တော် သူ့ကိုကိုးကွယ်ထားတယ်။ ဘုရားကို ဆွမ်းကပ် သလိုပဲ သူ့ကိုလည်းနေ့စဉ်နဲ့အမျှ လက်ရှိရှိ နေတဲ့လူအတိုင်း ကိုးကွယ်ထားတယ်။ နှစ် တိုင်း ကျွန်တော့်စွမ်းအားလေးနဲ့ တတ်နိုင်သမျှ အလှူလုပ်တယ်။ ဟိုးအရင်နှစ် တွေကဘုန်းကြီး ငါးပါးပင့်ပြီး ဘုန်ကြီးကျောင်းမှာ ဆွမ်းကပ်ဖူး တယ်။ ပြီးခဲ့တဲ့နှစ်က ပုပ္ပားမှာ ကားရိုက်နေ ရင်းနဲ့ အဲဒီက ဘုန်းကြီးကျောင်းမှာ သံဃာ အပါး ၂ဝ ကို ဆွမ်းကပ်တယ်။ သင်္ကန်းလှူ တယ်။ ဒီနှစ်ကတော့ ငွေစုထားတာ ၂ သိန်းရှိ တယ်။ အဲဒီ ၂ သိန်းကို သူဆုံးတဲ့ ၁၁ ရက်နေ့ မှာ နာရေးကူညီမှုအသင်းကို သူ့အတွက်ရည် စူးပြီး သွားလှူမယ်”။

No comments:

Post a Comment