 လူကြီးလူငယ်ပရိသတ်များစွာပိုင်ဆိုင်ခဲ့တဲ့  ဒွေးကွယ်လွန်ခဲ့တာ ဇူလိုင် ၁၁ ရက်နေ့ဆိုရင် လေးနှစ်ပြည့်ပါပြီ။ မိုးတွေရွာ  နေတဲ့နေ့တစ်နေ့မှာပဲ သူချစ်တဲ့ဇနီး၊မိဘညီအစ်ကိုမောင်နှမနဲ့  သူ့ကိုအရမ်းချစ်တဲ့ပရိသတ်တွေကို ခွဲခွာသွားခဲ့သလို လုပ်ဖော်ကိုင်ဖက်အနုပညာ  ညီအစ်ကိုမောင်နှမများကိုလည်း စွန့်ခွာသွားခဲ့တာကြောင့်  အားလုံးရင်မှာသောကမီးတွေ တောက်လောင်ကြေကွဲခဲ့ရပါသေးတယ်။  လေးနှစ်ဆိုတဲ့အချိန်ကာလက အတန်သင့်ကြာညောင်းသွားပေမယ့် အမြဲတမ်း  တမ်းတမ်းတတရှိနေကြတဲ့ သူတွေရဲ့ရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ  ဖြစ်နေတာကြောင့် ဒွေးရဲ့အနုပညာညီအစ်ကို ဖြစ်တဲ့ အကယ်ဒမီလူမင်းနဲ့  စကားပြောဖြစ်ခဲ့ပါတယ်။ ဒွေး(ကိုသားကြီး)ဆုံးချိန်  ဇာတ်ကားရိုက်ရင်းနယ်ကိုရောက်နေတဲ့ ကိုလူမင်းက “ဆုံးပြီးပြီးချင်း  မသွားနိုင်ခဲ့တာ အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်။  ရက်လည်မှပဲသွားဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။အဲဒီနောက်  ကိုလူမင်းကကိုသားကြီးနဲ့ပတ်သက်ပြီး ရင်ထဲမှာရှိတဲ့အရာအချို့ကို  အခုလိုပြောပြခဲ့ပါတယ်။ “အစ်ကို ကိုသားကြီး(ဒွေး)နဲ့ ခေတ်ဦးမှာကတည်းက  ဇာတ်ကားရိုက်တွေ့ဆုံဖူးပါတယ။် နိုင်ငံတော်အကျိုးပြုကားတွေ မှာလည်း  တွဲသရုပ်ဆောင်ဖူးပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးလည်း အတူတွဲရိုက်ဖူးတယ်။  “ရင်ဝှက်ပန်း”ရုပ်ရှင်လေ။ ကိုသားကြီး(ဒွေး)က သရုပ်ဆောင်ကောင်းတော့  အဲဒီရုပ်ရှင်ကားကအတိုင်းအတာတစ်ခုအထိ ပေါက်ခဲ့တယ်။ အစ်ကို လည်း  အရမ်းကြိုက်ခဲ့တဲ့ရုပ်ရှင်ပါ။ကိုသားကြီးက အနုပညာပါရမီကောင်းတဲ့သူဆိုတာ  အနုပညာသမားအချင်းချင်းရော၊ ပရိသတ်တွေရော သိကြပါတယ်။မျက်လုံးနဲ့  သရုပ်ဆောင်တာ အရမ်းတော်တယ်။ သူ့မျက်လုံးအကြည့်က စကားကို ပြောစရာမလိုဘဲ  ပြောချင်တဲ့စကားကိုပုံဖော်နိုင်တယ်။ ဂျူနီယာတွေ အတုယူသင့်တဲ့  ပညာရှင်တစ်ယောက်အစောကြီး ကြွေလွင့်ရတာ ဝမ်းနည်းစရာကောင်းပါတယ။်  အစားထိုးလို့မရနိုင်တော့ တွေးမိတိုင်းနှမြောတသဖြစ်ရတာပေါ့။ အနုပညာလောကမှာ  အဲဒီလိုအနုပညာကို ရူးသွပ်တဲ့လူတွေလိုအပ်တယ်။ ကိုသားကြီးအတွက် ဘ၀ဆက်တိုင်း  ကျန်းမာပါစေလို့ဆုတောင်းပေးချင်ပါတယ်။ အစ်ကိုသူ့ကိုအမြဲတမ်း  အမှတ်တရရှိနေတာပါ။

Friday, May 4, 2012
မျက်လုံးနဲ့ သရုပ်ဆောင်တာတော်တဲ့ ဒွေးကို အမြဲတမ်းအမှတ်တရရှိနေတဲ့ လူမင်း

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment