-->

Wednesday, May 9, 2012

ချစ်သူ ကိုယ်ဟာ မင်းအတွက်

ချစ်သူ.....
ချိုသာတဲ့ မင်းနှုတ်ခမ်းကနေ
လှပတဲ့ ပန်းလေးတစ်ပွင့်
ဖြစ်ခြင်လိုက်တာလို့ ပြောရင်
ကိုယ်ဟာ မင်းလေးအတွက်
ပန်ကလေး လှပအောင် ပြူစုပျိုးထောင်ပေးမဲ့
ဥယျာဉ်မှူး တစ်ယောက်ဖြစ်လိုက်ခြင်တယ်.....
ချစ်သူ.....
မင်းစောင်းထားတဲ့ ထီးကလေးနဲ့
နေရာချင်းခဏလောက် လဲချင်တယ်...
ဘာဖြစ်လို့လည်းဆိုတော့ မင်းလေး
နေပူရင်လည်း ပူသိလို မိုးရွာရင်လည်း
မိုးရွာသလို အသုံးပြုနိုင်အောင်လို့ပါ......
တကယ်လို့များဖြစ်နိုင်ရင် မင်းစီးထားတဲ့
ဖိနပ်လေးနေရာမှာ ကိုယ်ဝင်နေခြင်တယ်....
ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ချစ်သူလေး
ခလုပ်မတိုက်မီအောင် ကိုယ်ကာထားပေးခြင်လို့ပါ...။

No comments:

Post a Comment