 ဇူလိုင်  ၅ ရက်နေ့မှာ တေးရေး မောင် သစ်မင်းကွယ်လွန်တာ ၁ လပြည့်သွားပြီး ဖြစ်သလို၊  ဇူလိုင် ၁၁ ရက်နေ့မှာတော့ ဒွေး ကွယ်လွန်တာ ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။  ဆက်လက်ပြီး သြဂုတ်လ ၁၄ ရက်နေ့ မှာတော့ ထူးအိမ်သင်ကွယ်လွန်တာ ၇ နှစ်  ပြည့်ပြီဖြစ်ပါတယ်။ ဒီအနုပညာရှင် ၃ ယောက်စလုံးနဲ့အနုပညာအလုပ်တွေအတူ  လက်တွဲပြီးလုပ်ခဲ့တဲ့ တေးရေး မြင့်မိုး အောင် က အခုလို အမှတ်တရစကားများ  ပြော ကြားပေးခဲ့ပါတယ်။”ထူးအိမ်သင်ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတယ်။ ဒွေးက  လည်း ငယ်ငယ်ရွယ်ရွယ် မထင်မှတ်ဘဲနဲ့ဆုံးတယ်။ နောက်  ကျန်းမာရေးကောင်းကောင်းနဲ့ ဆေးလိပ်တောင် မသောက်တဲ့ ကိုသစ်မင်း  ကလည်းဆုံးပြန်တယ်။ ဒီလို ၃ ယောက် စလုံးက ကျွန်တော့်ရှေ့မှာပဲ ရုတ်တရက်  ကြီးတွေ ဖြစ်သွားကြတော့ အရမ်းကို မြန် လွန်းတယ်လို့ ခံစားမိပါတယ်။ ထူးအိမ်  သင်နဲ့ လက်တွဲပြီး အလုပ်တွေ အများကြီး လုပ်ခဲ့သလိုဆက်ပြီး  အလုပ်တွေလုပ်ကြဖို့ လည်း အစီအစဉ်တွေရှိတယ်။ ဒါပေမဲ့ သူ ဆုံးသွားတော့  နောက်ထပ်လုပ် ရမယ့် အလုပ်တွေ အဆက်ပြတ်သွား ခဲ့တယ်။ ထူး အိမ်သင်က ဂီတလောကမှာ  ခေတ်စား လာမယ့်အရာတွေကို သူကြိုသိနေခဲ့တယ်။  စိတ်ကူးစိတ်သန်းအရမ်းကောင်းတဲ့သူပေါ့။ ဒီလိုလူမျိုးတစ်ယောက် ဆုံးရှုံးသွားတာ  အရမ်းကို နစ်နာစရာ ကောင်းခဲ့တယ်။ ဒီအချိန်ဂီတလောကမှာ သူဖြစ်စေချင်ခဲ့တဲ့  အရာတွေဖြစ်လာနေပြီဆိုတာ သူ့ကိုပြော ပြချင်တယ်။ ဒွေးနဲ့ကျ တော့လည်း  ကြော်ငြာသီ ချင်းစရေးတော့ သူ့ရဲ့ကြော်ငြာနဲ့ စရေးခဲ့ တာလေ။ အဲဒီ့ကြော်ငြာ  သီချင်းလေးက ပေါက်သွားခဲ့တယ်။ နောက်ပိုင်းဒွေးရဲ့ ကြော်ငြာသီချင်း တွေကို  ဆက်တိုက်ရေး ပေးခဲ့တယ်။ သူနဲ့ လက်တွဲပြီး ရုပ်ရှင်၊ ဗီဒီယို  သီချင်းတွေကိုလည်း ဖန်တီးခဲ့ကြတယ်။ ဒွေးရဲ့သီချင်းအခွေမှာလည်း သီချင်းတွေ  ရေးပေးခဲ့ တယ်။ တစ်ပုဒ်က ချစ်သောမိုးဆို တဲ့သီချင်းပေါ့။ ဒီသီချင်းလေးက  ဒွေး အတွက်လည်း အဓိပ္ပာယ်တစ်စုံ တစ်ရာရှိ လိမ့်မယ်ထင်လို့ ရေးပေးဖြစ်ခဲ့တယ်။  မှတ်မှတ်ရရ သီချင်း လေးတစ်ပုဒ်ပေါ့။ ကိုသစ် မင်းကျတော့လည်း အနုပညာ လောက  အတွက်လည်းတာဝန်ကျေခဲ့သလို၊ လူ့အဖွဲ့ အစည်းအတွက်လည်း တာဝန်ကျေခဲ့တဲ့  လူတစ်ယောက် ပါ။ တချို့က အနုပညာ ပေါ်မှာတာဝန် ကျေကြပေ မယ့် အဖွဲ့အစည်း အပေါ်  တာဝန်ကျေမှုနည်းကြတယ်။ ကို သစ်မင်းကတော့ ဂီတလောကအတွက်ပါ အနစ်နာခံပြီးတော့  အချိန်တွေပေးပြီးလုပ် ခဲ့တဲ့ လူတစ်ယောက်ပါ။ ဒီလိုရည်ရွယ်ချက်  ကောင်းကောင်းနဲ့ မှန်မှန်ကန်ကန်လုပ်တဲ့ လူကျမှဆုံးရတယ်ဆိုတော့ပိုပြီးတော့  နှမြောစရာ ကောင်း တယ်။ ဒီအနုပညာရှင် ၃ ယောက်စလုံး နောက် ထပ်တစ်ခါရှင်  သန်ခွင့်ရကြတဲ့အခါ အနုပညာကို တန်ဖိုး ထားတတ်တဲ့နိုင်ငံ၊ လူ့အဖွဲ့အစည်း၊  ကျန် ရစ်ခဲ့တဲ့ အနုပညာ တွေကို တန်ဖိုးထားမြတ် နိုးကြတဲ့ လူ့အဖွဲ့အစည်း ၊  ကွယ်လွန်သွားပြီ ဖြစ်တဲ့ အနုပညာရှင်တွေကိုလည်း မမေ့ မလျော့ကြဘဲနဲ့  သတိတရဂုဏ်ပြုမှုတွေ လုပ်ပေးကြတဲ့ လူ့အဖွဲ့အစည်းမှာ ရှင်သန် ကြပါ စေလို့  ဆုတောင်း ပေးလိုက်ပါတယ်။

Friday, May 4, 2012
မောင်သစ်မင်း၊ ထူးအိမ်သင်၊ ဒွေးတို့အတွက် တေးရေးမြင့်မိုးအောင်ရဲ့ အမှတ်တရစကား

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment