-->

Friday, May 4, 2012

တူဖြစ်သူဒွေးကို အမြဲတမ်းသတိရနေလျက်ပါလို့ပြောတဲ့ ကောင်းကင်ရဲ့မိခင်(အန်တီဝါ)

<>ဒွေးကွယ်လွန်ခြင်း ၄ နှစ်ပြည့် အတွက် ဒွေးရဲ့ဦးလေးဖြစ်သူ ဦးဝင်းရဲ့ ဇနီး သည် အန်တီဝါကလည်း သူ့ရဲ့တူအတွက် အမှတ် တရစကားပြောပြပေးခဲ့တာက တော့ ”ဦးကျော်ဟိန်းနဲ့သားကြီးတို့နှစ် ယောက်က အန်တီတို့မိသားစုအတွက် ဘယ်တော့မှ မေ့ ထားလို့မရတဲ့လူနှစ် ယောက်ပါ။ အန်တီ့ရဲ့သားကောင်းကင်က အနုပညာ လောကထဲမှာ လှုပ်ရှားနေနိုင်တာ သူတို့ နှစ်ယောက် ရဲ့ နာမည်တွေ ကြောင့်လည်းပါပါ တယ်။ ကျော်ဟိန်းတူ၊ ဒွေးရဲ့ညီဆိုပြီး အနုပညာလောကသား တွေကလည်း နေရာပေးကြ သလို၊ ပရိသတ် တွေကလည်း အသိအမှတ်ပြုကြတယ် လေ။ သားရဲ့ကိုယ်ပိုင်အရည်အချင်းက နောက်မှ။ အခုလောလော ဆယ်မှာ ပရိ သတ်လက်ခံတာ ဒွေးရဲ့ညီလေးဆိုပြီး လက် ခံတာ။ ဒါကြောင့် အန်တီတို့ အနေနဲ့က တော့ သားကြီးကို အမြဲတမ်း သတိရနေ ကြတာပါပဲ။ အန်တီက အရမ်းနှမြော တယ်။ ကိုယ့်ရဲ့ခင်ပွန်းနဲ့ ပတ်သက်လို့ တူ တော်ရပေမယ့်လည်း ပညာတတ်တဲ့ တူ လေးတစ်ယောက် အနုပညာကိုချစ်တဲ့ တူ လေးတစ်ယောက်အခုလို စောစောစီးစီးနဲ့ ဆုံးသွားရတာ အရမ်း လည်း စိတ်မ ကောင်း ဖြစ်ရတယ်။ အန်တီရဲ့ခင်ပွန်းဦးဝင်းဆိုရင် သားကြီးတို့ အမေသူ့အစ်မဆုံးတုန်းက တောင် မငိုခဲ့ဘူး။ သားကြီးဆုံးတော့ သား ကြီးရဲ့အလောင်း ကိုကြည့်ပြီး အရမ်းကို ယူ ကျုံးမရနဲ့ဖြစ်ရလေချင်းဆိုပြီး သားကြီးရဲ့ ခေါင်းကို ကိုင်ပြီး ငိုနေတယ်လေ။ သားကြီး ကို သူကအရမ်းချစ်တာ။ သားကြီးရှိတုန်း ကဆိုရင် ဦးဝင်းနဲ့အန်တီတို့ကို သားကြီးက အမြဲလာ ကန်တော့တယ်။ နောက် သား ကြီးကို ကောင်းကင်တို့က ပြန်ကန်တော့ အရမ်းကိုပျော်စရာ ကောင်းခဲ့တယ်။ သားကြီး အခုလို မထင်မှတ်ဘဲ ဆုံးသွားရတာ အရမ်းကို ယူကျုံးမရဖြစ်မိပါတယ်”လို့ ပြောပါတယ်။

No comments:

Post a Comment