-->

Friday, May 4, 2012

ကျွန်တော့

ကျွန်တော်မြတ်နိုးခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို
မညှိုးနွမ်းအောင်လို့ ကျွန်တော့နှလုံးသားထဲမှာ
ထည့်ပြီးဆိုက်ပြိုးခဲ့တယ်.........။
ကျွန်တော်အဲ့ဒိလို ဆိုက်ပျိုးခဲ့တဲ့အတွက်
ကြောင့်ဘဲ ပန်းကလေး
ညှိုးနွမ်းသွားခဲ့ရပါတယ်........။
နောက်တစ်ခုက
အရမ်းကို လှပတဲ့
ဆီမီးခွက်လေး တစ်ခွက်ကို
အလှမပျက်အောင်လို့ ကျွန်တော့
နှလုံးသားဝတ်ရုံ လေးနဲ့
ကာပေးခဲ့ပါတယ်.....။
ကျွန်တော်အဲ့ဒိလို ကာပေးမှုကြောင့်ဘဲ
ဆီမီးခွက်လေး အလှပျက်ခဲ့ရပါတယ်....။
ဒီလိုပါဘဲ
ကျွန်တော့နဲ့ ကျွန်တော့ ပတ်ဝန်းကျင်မှာ
ကျွန်တော့ရဲ့ မြတ်နိုးတွယ်တာမှုတွေဟာ
ကျွန်တော့ရဲ့ စေတနာတွေ ထားမှုကြောင့်ဘဲ
လောကအလှပျက်ခဲ့ရပါပြီ............။

No comments:

Post a Comment