-->

Thursday, December 27, 2012

လွမ်းနေဆဲ


လွမ်းဖို့ချစ်ခဲ့တာ မဟုတ်ပေမဲ့
ချစ်တော့လည်း လွမ်းရတာပါဘဲ
နှုတ်မဆက်ခဲ့ပေမဲ့
ဘယ်တော့ဆုံခွင့်ရမှာ ကို မသိတော့လည်း 
ထာဝရ လွမ်းနေရုံဘဲပေါ့ သူငယ်ချင်းရယ်

နှလုံးသား ဆုတောင်း


နှလုံးသားကို အပြီးအပိုင်
သောခတ်လိုက်ပြီ အချစ်မရှိ
သစ္စာမသိ မေတ္တာနားမလည်
မာယာတွေနဲပ ဟန်ဆောင်ကောင်းတဲ့
မင်းရဲ့မျက်လုံး တစ်နေ့နေ့မှာ
ငါ့လိုအဖြစ်ဆိုး မကြုံပါစေနဲ့
ငါဆုတောင်းလျက် နေနေပါတယ်
ကြုံခဲ့ရင်လည်း လောကဒဏ်ကို
ကြံ့ကြံ့ခံပြီး ပျော်ရွှင်စရာကောင်းတဲ့
မိသားလေး တစ်ခုဖြစ်အောင်
မင်းတည်ထောင် နိုင်ပါစေ
တစ်ချိန်က ချစ်နေရသူ
ဆုတောင်းနေချိန်မှာ အငိုမျက်လုံး
အပြုံးမျက်နှာနဲ့ ၀မ်းနည်းနေဆဲပေါ့။

ပင်မြင့်က ပန်းမြတ်သဇင်


ပန်းလေးတွေ လန်းဆန်းစွာ 
ဖူးပွင့်ဝေဆာနေသောတစ်နေ့ 
သူငယ်ချင်း 
မင်းကိုယ်တိုင် 
အရောင်- အဆင်း- အနံ့-အလှ ကို 
ကိုယ်တိုင်ရွေး 
ဒါပင်မဲ့ သူငယ်ချင်း 
သဇင်ဆိုတာ 
ပင်ဆင့် ပန်းပျံက
အလှကြွယ် သင်းရနံ့ 
အဆင်းနဲ့ အချင်းပြည့်စုံတယ် 
နန်းသုံးတော်ဝင်ပဲ 
နှင်းရည်စိုသောက် 
နေမင်းကိုပြင်းဆန် 
အလှတရားကို ယာဉ်ဆင့် 
ပင်မြင့်က ပန်းသဇင်

Sunday, November 4, 2012

ပုဂံရောက်အမှတ်တရ





ပန်းပြန်သဇင်

ပန်းလေးတွေ လန်းဆန်းစွာ
ဖူးပွင့်ဝေဆာနေသောတစ်နေ့
သူငယ်ချင်း
မင်းကိုယ်တိုင်
အရောင်- အဆင်း- အနံ့-အလှ ကို
ကိုယ်တိုင်ရွေး
ဒါပင်မဲ့ သူငယ်ချင်း
သဇင်ဆိုတာ
ပင်ဆင့် ပန်းပျံက
အလှကြွယ် သင်းရနံ့
အဆင်းနဲ့ အချင်းပြည့်စုံတယ်
နန်းသုံးတော်ဝင်ပဲ
နှင်းရည်စိုသောက်
နေမင်းကိုပြင်းဆန်
အလှတရားကို ယာဉ်ဆင့်
ပင်မြင့်က ပန်းသဇင်

အလကား

အကောင်းဆုံးသော အချိန်ဆိုတာ
အဆင်ပြေနေတုန်း အချိန်ပဲ
လောကဘယ်အရာကိုမှ
လွယ်လွယ်လေး မမှတ်ပါနဲ့
ငယ်ရွယ်သူအဖို့မှာ.......
အချစ်ဆိုတာ ပေါ်ပြူလာပဲ
အချစ်ကိုကိုးကွယ်
အချစ်ကိုအရာသွင်း
အချစ်ကိုယုံစား
နောက်ဆုံးတော့လဲ
အလကား

Sunday, October 7, 2012

အိမ်ပြန်လွမ်း

 
အချိန်မှန်မှန် အိမ်ပြန်လွမ်းတေး
ဟစ်ကြွေးသီဆို နေညိုချိန်မှာ
နွေကမ္ဘာရဲ့ အလွမ်းငှက် (ဥသြ)
ပန်းပွင့်သက်သေ လွမ်းရက်တွေ က
တစ်နှစ်မှာ တစ်ခေါက်အလည်ရောက်တဲ့
ပန်းပိတောက်တွေလို မင်းကိုမျှော်ငေး
ဆွေးနေရသူပါ နီးနေလျက်နဲ့ ဝေးရသူမို့ 

 ဆွေးလို့မပူ ထွေလို့မယူ ငေးလို့သာ
မျှော်နေရသူပါ အတွေးတွေကတော့
အဆွေး ကမ္ဘာထဲမှာပဲပေါ့