-->

Friday, May 4, 2012

ဘယ်တော့မှ မေ့လို့မရတဲ့ အနုပညာရှင် တစ်ယောက်က ဒွေးပါပဲလို့ပြောတဲ့ အိန္ဒြာကျော်ဇင်


IMG_4974ဒွေးနဲ့ဇာတ်ကားတွေကို လိုက်ဖက်ညီစွာ သရုပ်ဆောင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်က ဒွေး အမှတ်တရနဲ့ပတ်သက်ပြီး”ကိုသားကြီးနဲ့ ဇာတ်ကားတော်တော်များများ ရိုက်ခဲ့ဖူးပါ တယ်။ ရုပ်ရှင်ကားကြီးရော၊ ဗီဒီယို ဇာတ် ကားတွေရောပေါ့။ ကိုသားကြီးက အစ်မတို့ အနုပညာလောကမှာ အားလုံးကလည်း ဂုဏ် ပြုထိုက်တဲ့ သရုပ်ဆောင်ကောင်း တစ် ယောက်ပါ။ ကိုသားကြီးက အေးအေးဆေး ဆေးနေတတ်တဲ့သူမျိုးပါ။ သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်ပြီး သင်ပြပေးတာ၊ ပြောပြတာ တွေရှိပါတယ်။ အမှတ်ရဆုံး ဇာတ်ကားဆို “အချစ်သည် လေပြေ” ပါ။ အဲဒီရုပ်ရှင်ကားကြီးကပရိသတ်လည်း အရမ်း ကြိုက်တဲ့ကားကြီး တစ်ကား၊ ပြောစမှတ်ပြုတဲ့ ကားကြီးလည်းဖြစ်တယ်။ အဲဒီကားမှာ အစ်မ က ဆယ်ကျော်သက်အရွယ်၊ အသက်ကြီး သွားတဲ့ အရွယ်အဆင့်ဆင့်သရုပ်ဆောင်ရ တယ်။ အဲဒီကားမှာ ကိုသားကြီးက သင်ပြပေးတာ တွေရှိ တယ်။ အမှတ်တရလို့ပြောရမှာ ပါ။ အဲဒီကားရိုက်တဲ့ ဒါရိုက်တာဦးအောင်မင်း သိမ်းက ဒီမှာမရှိတော့ဘူး။ အမှတ်တရဖြစ် တာပေါ့။ ကိုသားကြီးက အစ်မတို့ လောက အတွက် ဂုဏ်ယူထိုက်တဲ့သူတစ်ယောက်၊ ကိုယ်တွေလည်း အမြဲတမ်းစံထားခဲ့တဲ့လူ တစ်ယောက်ဆိုတော့ ဘယ်တော့မှလည်း မေ့လို့မရတဲ့ အနုပညာသမား ကောင်းတစ်ယောက်လို့ ပြောချင်ပါတယ်လို့ ပြောပြပါ တယ်။

No comments:

Post a Comment