Saturday, May 12, 2012
ရုပ်ရှင်သရုပ်ဆောင် ဒွေး၏ တစ်ကိုယ်တော် လက်ရာပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံး ပန်းချီကားတစ်ကားမှ ဝယ်ယူသူမရှိ၊ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှ ပိုက်ဆံစု၍ ဝယ်ယူမည်ဟု ကမ်းလှမ်း
ရန်ကုန်မြို့၊ (၃၄)လမ်း၊ အဇဋာအနုပညာပန်းချီပြခန်းတွင် ရုပ်ရှင်သရုပ်ဆောင်  ဒွေး၏တစ်ကိုယ်တော် လက်ရာပန်းချီပြပွဲကို ရက်သတ္တပတ်အကြာ ပြသခဲ့ရာ  စာနယ်ဇင်းများနှင့် ဒွေး၏ ပရိသတ်အစစ်များ လာရောက်ကြည့်ရှုခဲ့ကြပြီး ဒွေးကို  သံယောဇဉ်ရှိသူ အနုပညာရှင် အချို့သာ လာရောက်ကြည့်ရှု ခဲ့ကြောင်းသိရှိရသည်။  အဆိုပါ ဒွေး၏ပန်းချီပြပွဲကို စာနယ်ဇင်း ရန်ပုံငွေ အဖြစ်ရည်ရွယ်၍  ပြသခဲ့သော်လည်း မည်သည့် ပန်းချီကားမှ ရောင်းချခဲ့ရခြင်းမရှိဟု သိရှိရသည်။  ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်ကမူ သူ့လက်ရေးနှင့် ရေးသားထားသည့်  ပန်းချီကားတစ်ချပ်ကိုမူ အမှတ်တရ ဝယ်ယူသိမ်းဆည်းထားရန် ပိုက်ဆံစုသွားမည်  ဖြစ်ကြောင်း လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။ ဒွေးရဲ့ပန်းချီလက်ရာများကို  လျှပ်တစ်ပြက် ဂျာနယ်တိုက်မှပင် ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း  သိရှိရသည်။  
Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment