-->

Friday, May 4, 2012

ဒွေးကွယ်လွန်ပြီး ၄နှစ်အကြာမမိုးမိုးနဲ့ တွေ့ဆုံခြင်း

D 5IMG_5144မမိုးမိုးက ခင်ပွန်းဖြစ်သူဒွေးရဲ့ ကွယ်လွန်ခြင်း ၄နှစ်ပြည့် အမှတ်တရအဖြစ် မှော်ဘီဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖို့အတွက် စင်ကာပူကနေဇူလိုင် ၇ရက်နေ့က ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မမိုးမိုး မြန်မာ နိုင်ငံကို ပြန် ရောက်ရောက်ချင်းမှာပဲ အင်တာဗျူးဖို့အတွက် သူ့ရဲ့နေအိမ်ကို ပေါ်ပြူလာ ဂျာနယ်က ရောက်ရှိသွားခဲ့ပါတယ်။ နေအိမ်ရောက်တဲ့အခါမှာတော့ မမိုးမိုး ကို ဒွေးရဲ့ပုံရိပ်တွေနဲ့ ဒွေးအတွက် အမှတ်တရစကားတွေ ပါဝင်တဲ့ ပေါ်ပြူ လာဂျာနယ်ကို ဖတ်နေတာတွေ့ရပါတယ်။ ဖတ်နေရင်းနဲ့ပဲ ခင်ပွန်းဖြစ်သူ ကို သတိရလာတဲ့အတွက် မမိုးမိုးက ငိုစပြုလာပါတယ်။ ငိုစပြုနေတဲ့ မမိုးမိုးကိုအားနာနာနဲ့ပဲ မေးမြန်းခဲ့ရာ….
”ပေါ်ပြူလာဂျာနယ်ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒွေးကို မမေ့သေးတဲ့အတွက်ရော၊ မေ့နေယောင်ဖြစ် နေကြတဲ့ ပရိသတ်တွေကိုလည်းပြန်ပြီး သတိရသွားအောင် လုပ်ပေးတဲ့အတွက်ပါ ကျေးဇူးအရမ်းတင်မိ တယ်။ နောက်သူ့အတွက် အမှတ်တရစကားတွေ ပြောပေးကြတဲ့ အနုပညာမောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။ ပထမကမြန်မာနိုင်ငံကို ပြန်လာပြီး အလှူမလုပ်တော့ဘဲ စင်ကာပူမှာပဲ အလှူလုပ်လိုက်တော့မယ်လို့ စဉ်းစားဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ခင်ပွန်းဖြစ်သူရဲ့ အငွေ့အသက်တွေကို ခံစားချင် သေးတဲ့အတွက် ဒီကိုပြန်လာဖြစ်ခဲ့တာဖြစ်ကြောင်း မမိုးမိုးကပြောပါတယ်။”သူများတွေကမေးကြတယ်။ ချောင်းဝဘုန်းကြီးကျောင်းကို မသွားဘူးလားပေါ့။ အရမ်းသွား ချင်တာပေါ့။ ဒါပေမဲ့ အစ်မသွားရင် စိတ်နိုင်မှာမဟုတ်ဘူး။ သူမရှိတော့ဘူးဆိုတဲ့အသိကို လက်မခံချင်ဘူး။ သူမရှိတော့ဘူးဆိုတဲ့စိတ်ကို ဖျောက်နိုင်ဖို့ အစ်မအလုပ်ကို မနားတမ်းလုပ်တယ်။ အလုပ်လုပ်တယ်ဆိုတာကလည်း သူ့အတွက်အလှူလေးလုပ်ပေးချင်လို့ပါ။ သူထားခဲ့တဲ့ပိုက်ဆံနဲ့အခုအစ်မတို့ ကောင်းကောင်းနေကြရတယ် လေ။သားလည်းကျောင်းတက်ရတယ်။ သူ့ပိုက်ဆံတွေနဲ့ အစ်မလှူရင်ရတယ်။  သူရှာထားခဲ့တဲ့ ပိုက်ဆံကိုသူ့အတွက်ပြန်လှူပေးတာ မတရားဘူးလို့ထင်တယ်။ ဒါကြောင့် အစ်မစင်ကာပူမှာနေရင်းနဲ့ အလုပ်လုပ်တယ်။ အဲဒီအလုပ်ကရတဲ့ ပိုက်ဆံတွေအကုန်လုံးကိုစုပြီး ဒီမှာသူ့အတွက် အလှူလာလုပ်တာပါ။ နောက်ဒီဇင်ဘာမှာ လည်း မြန်မာနိုင်ငံကို ပြန်လာပြီးသားကို ကိုရင်ဝတ်ပေးမယ်။ သူ့အတွက် ရည်စူးပြီးတော့ပေါ့” လို့ပြောပါတယ်။ အခုဆိုရင်ဒွေးနဲ့မိုးမိုးတို့ရဲ့ သားလေးက ၁၅နှစ်အရွယ် တောင်ရောက်နေပြီ ဖြစ်သလို၊ စင်ကာပူမှာကျောင်းတက်ရင်းနဲ့ အလုပ်ပါလုပ်နေတယ်လို့သိရပါတယ်။ သားလေးက အရွယ်ရောက်လာလေလေသူ့ရဲ့ ပြောပုံ၊ နေပုံ တွေနဲ့ သူ့ရဲ့စိတ်ဓာတ်ကအစ ဖခင်ဖြစ်သူဒွေးနဲ့ တထေရာတည်းသွားတူတာ အံ့သြဖွယ်တွေ့ရှိ ရကြောင်း မမိုးမိုးကပြောပါတယ်။ ”သားလေးက အရမ်းတော်သလို၊ အရမ်းလည်းလိမ္မာတယ်။ အစ်မကို အရမ်းဂရုစိုက်တယ်။ ဒီလိုလိမ္မာတဲ့သားလေးကို သူ့ရဲ့အဖေသာမြင်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သားလေးနဲ့ကိုသားကြီး က တော်တော်တူတယ်။ လူတစ်ယောက်ကို ဆက်ဆံတာ၊ လူတစ်ယောက်ကို စကားမပြောချင်ရင် လုံးလုံးမပြောတော့တာတွေ၊ နေတာထိုင်တာတွေကအစ တူတယ်။ယောက်ျားဆန်တာချင်း လည်းသွားတူတယ်။ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါတတ်ဘူး။ သူများအကြောင်းလည်း မပြောတတ်ဘူး။ အစ်မစိတ်ညစ်စေမယ့်အရာမျိုး သူတစ်ခုမှမလုပ်ဘူး။ သူ့ကိုကြည့်နေရင် ကိုသားကြီးကိုပြန်မြင်နေရသလိုပဲ။ ကိုသားကြီးအစားတစ်ယောက် ထပ်ရသလိုပါပဲ။ အစ်မကတော့ သူ့ကိုမင်းသားမလုပ် စေချင်ဘူး။ ပေးမလုပ်ဘူးလို့လည်း စိတ်ကူးထားတယ်။ ဒါပေမဲ့ဖြစ်လာဖို့ကံပါလာရင်တော့ မတတ်နိုင်ဘူးပေါ့”လို့ ပြောပါတယ်။ ဒွေးနဲ့မမိုးမိုးတို့ရဲ့သားနာမည်က ယံမိုးဖြစ်ပြီး၊ ယံမိုးကျောင်းပြီးသွားတဲ့အချိန် နောက်ပိုင်းမှာတော့မမိုးမိုးဆီကနေ သတင်းတစ်ခုကြားရဖို့ရှိကြောင်းကို ”အစ်မပွင့်ပွင့်လင်းလင်းပြောမယ်။ ရေးချင်ရင် တောင် ရေးလို့ရပါပြီ။ သားလေးယံမိုး ကျောင်းပြီးသွားတဲ့ အချိန်နောက်ပိုင်းလောက်မှာတော့ …”

No comments:

Post a Comment