 ‘အသက်ထက်မြတ်တဲ့ဂုဏ်’ဇာတ်လမ်း  တွဲကို မရိုက်ခင်က ‘ဝေလည်းမွှေး၊ ကြွေလည်း မွှေး’ဇာတ်ကားကို  အခေါက်ခေါက်အခါခါ ကြည့်ဖြစ်တယ်လို့ဆိုတဲ့ ကောင်းထက်သူက ”ဒီဇာတ်ကားမရိုက်ခင်  သေသေ ချာချာကြည့်တယ်။ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော် တို့ အနုပညာလောကမှာ  ကိုသားကြီး (ဒွေး) က အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။  ကျွန်တော့်ရဲ့စီနီယာအစ်ကိုကြီးဖြစ်သလို ကျွန်တော့်ရဲ့ မြင်ဆရာဆိုလည်း  မမှားဘူး။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်ရတာက ကိုသားကြီးက ‘ဝေ  လည်းမွှေး၊ကြွေလည်းမွှေး’ ရုပ်ရှင်ကားကြီးမှာ  သူ့ရဲ့အနုပညာခြေလှမ်းကိုစခဲ့တယ်။ ကျွန်တော်လည်း ဒီ  စစ်ကားနဲ့အနုပညာခြေလှမ်းစခဲ့ တယ်။ ဒီကားစရိုက်တော့ ကျွန်  တော့်ကိုမွေးခဲ့တယ်။ အခု ၁၇ နှစ်ကြာ တော့’အသက် ထက်မြတ်တဲ့ဂုဏ်’  ကားပြန်ရိုက်တော့ ကျွန်တော်က ကိုသားကြီးလိုနေရာမှာ သရုပ် ဆောင်ရတယ်။  အဲဒီမှာဖြစ်တဲ့ ပီတိကတော့ ဘာနဲ့မှလဲလို့မရဘူး။ ဒါပေမဲ့ ‘အသက်ထက်  မြတ်တဲ့ဂုဏ်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ‘ဝေလည်းမွှေး  ကြွေလည်းမွှေး’မှာ သရုပ်ဆောင်ခဲ့တဲ့ ကိုသားကြီး နဲ့တော့  မနှိုင်းယှဉ်ပါနဲ့လို့ ပြောချင်ပါတယ်”လို့ ပြောပြပါ တယ်။

Friday, May 4, 2012
ဒွေးရဲ့’ဝေလည်းမွှေးကြွေလည်းမွှေး ‘ဇာတ်ကား အငွေ့အသက်နဲ့ သရုပ်ဆောင် ကောင်းထက်သူရဲ့ ပွဲဦးထွက်

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment