-->

Friday, May 4, 2012

အကြိုက်ဆုံးမင်းသားက ဒွေးပဲလို့ပြောတဲ့ မြင့်မြတ်

ဟာသလုပ်ရတာ ခက်တယ်၊ ဒရာမာလုပ် ရတာခက်တယ်လို့ပြော နေကြသူတွေထဲမှာ မြင့် မြတ်ကတော့သူ့ပညာနဲ့သူ နှစ်ခုလုံးကခက် တယ်လို့ပြောပါတယ်။ ဒရာမာ ကအမှား မခံ ဘူးလို့ပြောတဲ့ မြင့်မြတ်က ”ဒရာမာကလွယ် လို့မဟုတ်ဘူးဗျ။ တကယ်တမ်းကိုယ် မလုပ်နိုင်တဲ့အချိန်မှာဒရာမာက ကယ် လို့မရဘူး၊ ဟာသက ဒီတစ်ခန်း မှာ ကိုယ် လုပ်တာ သိပ်မရယ်ရရင်နောက်တစ်ခန်း မှာ ပိုရယ်ရအောင်လုပ်လို့ရတယ်။ ဒရာမာ ကျတော့အမှားမခံဘူး။ ဒရာမာက ဒီဆင်း(န်) မှာဒီဇာတ်ရှိန် အထိရောက် ရမယ်ဆိုရင် ရောက်ကိုရောက်ရတယ်။ မရောက်ရင် တော့ဒီတစ်ကားလုံးသွားပြီ။ဟာသ ကလည်းခက်ပါတယ်။ဒါပေမဲ့ဒရာမာကလည်း စည်းနဲ့လုပ်ရတော့ပိုခက်တယ်။ ကျွန်တော်ကဒရာမာကို ပိုပြီး အားကိုးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ပရိသတ်ဘဝက လာတာပဲ။   အဲဒီတော့ ဟာသကား ကိုမကြည့်ဘူး မဟုတ်ဘူး ကြည့် တယ်။ပိုတောင်ကြိုက်သေးတယ်ဗျာ။ စိတ်လွတ်လွတ်လပ်လပ်နဲ့ ကြည့်ရတယ်။ဒါပေမဲ့ တချို့ဒရာမာကားတွေကြည့်ရတာကောင်းတယ်။ အဲဒီအချိန်တုန်း ကဆိုရင် ကို သားကြီးတို့အချိန်လေ။ ဒရာမာကားလေး တွေဆိုရင် ကိုယ့်ရဲ့အဖြစ်အပျက်လေးနဲ့ တိုက် ဆိုင်တော့တကယ်လည်း ရင်ထဲမှာ ထိတယ်” လို့ပြောပါတယ်။ ပရိသတ်ဘဝတုန်းက အကြိုက်ဆုံး မင်းသားက ကိုသားကြီးလို့ဆိုတာကြောင့် .. ”ကိုသားကြီးက ဟာသကားရိုက်တာ နည်းတယ်။ကိုသားကြီး ကားလေးတွေက ဒရာမာတွေကောင်းတယ်။ ပရိသတ်တစ်ယောက် အနေနဲ့ သူ့ဇာတ်ကားတွေကို ခံစားတယ်။ အမြဲကြည့်တယ်” လို့ပြောပါတယ်။

No comments:

Post a Comment