-->

Friday, May 4, 2012

လေလှိုင်းကြားက ဒွေးကိုချစ်သူများရဲ့ စကားသံမှ နောက်ကြောင်းပြန် ကောက်နုတ်ချက်

၂ဝဝ၇၊ ဇူလိုင် ၁၁ ရက်နေ့ညက ကွယ်လွန်သွားခဲ့တဲ့ဒွေးအတွက် ဇူလိုင် ၁၂ ရက်နေ့ မနက်ကစလို့ လေလှိုင်းကြားမှာပျံ့လွင့်ခဲ့တဲ့ အနုပညာမောင်နှများရဲ့ ဝမ်းနည်း စကားသံတွေက အခု ဒွေးကွယ်လွန်ခြင်း ၄ နှစ်ပြည့် ကာလတိုင်အောင် ပြန်လည်အမှတ်ရရင်ကိုနင့်စေခဲ့ရပြန်ပါတယ်။ ”ကျွန်တော်လည်းပရိသတ်နဲ့ အခုလို မိုက်ခရိုဖုန်းနဲ့ ကြိုးနဲ့ထက်စာလို့ရှိရင် မျက်နှာချင်းဆိုင်ပြီးတော့ ပိုပြီးပြောချင်ပါတယ်”ဆိုတဲ့ စတားအွန်လိုင်းမှာ ပရိသတ်နဲ့ ပြောခဲ့တဲ့ဒွေးရဲ့စကားသံလေးရယ်၊ ဒွေးရဲ့ သီချင်းသံတွေ ရယ်၊ အနုပညာမောင်နှမများရဲ့ ဝမ်းနည်းစကားသံတွေရယ်၊ တေးရေး-တေးဆိုစောခူဆဲက ရေးသားသီဆိုခဲ့တဲ့ သွားနှင့်တော့’ သီချင်းသံရယ်ပါဝင်တဲ့ အသံလွှင့်အစီ အစဉ်တစ်ရပ်ကို စီးတီးအက်ဖ်အမ်က ‘ဝေလည်းမွှေး၊ ကြွေလည်းမွှေး’ဆိုတဲ့အမည်နဲ့ ထုတ်လွှင့်ခဲ့ဖူးတဲ့ အသံမှတ်တမ်းတွေကို အခုပြန်လည် ကောက်နုတ်တင်ဆက်လိုက် ရခြင်းဖြစ်ပါတယ်။
13-Sep (20)ဒါရိုက်တာမောင်မျိုးမင်း
“ပရိသတ်တွေအားလုံး သူ့ဓါတ်ပုံကိုကိုင်ပြီး ငိုနေကြတာ။ အဲဒီရုပ်ရှင်ထဲကအတိုင်းပဲ။ အနုပညာအသိုင်းအဝိုင်းထဲကလူစုံတက်စုံ အားလုံး ငိုနေ ကြတာလည်းအဲဒီရုပ်ရှင်ထဲကအတိုင်းပဲ။ ကျွန်တော်မယုံဘူးဗျာ။ ကျွန်တော်ယုံအောင်တော်တြော်ကိုးစားရတယ။် ရုပ်ရှင်ထဲမှာ အကြိမ်ကြိမ် သေခိုင်းလို့ အဲဒီအချိန်မှာ ကျွန်တော်“ကတ်”လို့အော်တဲ့အချိန်မှာ သူနိုးလာရတယ်။ အဲဒီအဖြစ်အပျက်တွေအားလုံးမီးတွေပိတ်ပြီး ပျောက် သွားရတယ်။ ဒီအချိန်မှာကျွန်တော်“ကတ်”လို့အော်လို့လည်း သူနိုးလာမှာမဟုတ်တော့ဘူး။သူပြန်လာနိုင်မှာလည်း မဟုတ်တော့ဘူး။ အခုချိန် ထိကို ကျွန်တော်ယုံအောင်ကြိုးစားနေရတယ်။ သေခြင်းတရားနဲ့ ကျွနတော်ဆိုတာအဝေးကြီးလို့ ထင်ပေမယ့် နီးနီးလေးမှာကျောချင်းကပ်ရက် မှာရှိနေတယ်။ အဲဒီကျောချင်းကပ်ရက်ကိုမှီချပြီး ခဏလေးလှဲလိုက်တာနဲ့ ဟိုဘက်ကိုရောက်သွားနိုင်တယ်ဆိုတာကို သူပြသွားတာ။ သူ ကျွန်တော့်ကိုမကြာခဏ ပြောဖူးတယ်။ သူသေရင်တဲ့။ ငုတ်တုတ်မေ့ပြီးသေသွားချင်တယ်။ ဘာမှလည်းမခံစားရဘူး။ သိလည်းမသိလိုက် ရဘဲနဲ့ သေသွားချင်တယ်လို့ပြောတယ။်ကောလာဟလဆိုတာ သူ့ဘာသာသူပြောချင်တာပြောကြမှာပဲ။ ကျွန်တော်တို့တွေ နှစ်ယောက်မရှိတဲ့သူတွေ ပေါင်းထားကြတာတဲ့။ အဲဒီနှစ်ယောက်မရှိမယ့်လူတွေပေါင်းထားရင်းနဲ့တ စ်ယောက်တည်းဘာလို့အစော ကြီးထွက်သွားတာလဲဗျာလ့ို ပြောချင်တယ်။ပြီးရင် သူကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ်”။
12-13-10အိန္ဒြာကျော်ဇင်
“ကိုသားကြီးဟာ တကယ်အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပေါ့။ မမျှော်လင့်ဘဲနဲ့ မထင်မှတ်ဘဲနဲ့ ကြွေလွင့်သွားတဲ့ အတွက် တော်တော်ကို ခံစားရပါတယ်။ နှမြောလည်းနှမြောမိတယ်။ အကုန်လုံးကတော့အမှတ်တရတွေချည်းပါပဲ။ “အဖြူရောင်သစ္စာ”ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ပရိုမိုးရှင်းလုပ်ကြတာ ပေါ့နော်။ အနုပညာမောင်နှမတွေရောပေါ့။ အဲဒီမှာဦးမျိုးမင်းက ဒါရိုက်တာဆိုတော့အကုန်လုံးသွားပြီး ပရိုမိုးရှင်းလုပ်တဲ့ပွဲလေးပေါ့။ အဲဒီပွဲလေးကိုတော့ အမှတ်တရဖြစ်မိတယ်။ ကြားကြားချင်းမယုံဘူးပေါ့။ သုံးလေးယောက်လောက်က ပြောတဲ့ အထိမယုံဘူး။ ကောလာဟလပဲထင်တာပေါ့။ ဦးမျိုးမင်းဖုန်းဆက်ပြီးပြောတော့မှပဲ တကယ်ပါလားဆိုပြီး ယုံသွားတာပေါ့။ ကိုသားကြီးကောင်းရာ သုဂလားပါစေလို့ ဆုတောင်းပါတယ်။
Kyaw-Thuကျော်သူ
”သားကြီးဆုံးပြီးမှာပဲ ကျွန်တော်သိရတယ်။ ကျွန်တော်အဲဒီနေ့က ကျွန်တော်ရယ်၊ ညီဂျော်ရယ်၊ နာရေးကူညီမှုအသင်းက ဦးဝင်းနိုင်ရယ် ပြည်ကနေ ပြန်ပြန်လာချင်း လမ်းမှာသားကြီးဆုံးတယ်ဆိုတာသိရတာနဲ့ သားကြီးအိမ်ကိုလိုက်သွားတယ်။ သားကြီးအတွက် အသက်ကယ်ဆေး တော့ ရှာဖို့အခွင့်အရေးမရခဲ့ဘူး။ သူလည်းဆုံးသွားပြီဆိုတော့ အသက်ရှစ်ဆယ်ကျော် ကွယ်လွန်သူတွေကို အသင်းကပို့ဆောင်ပေးတဲ့ ဂျပန်နိုင်ငံလုပ်ကားနဲ့ပဲ အဲဒီရုပ်ကလာပ်ကို ရေဝေးအအေးခန်းကိုပို့ခွင့်ရခဲ့တယ်။ သားကြီးရောက်ရာဘဝကနေ ကျွန်တော့်အသံကိုကြားမယ် ဆိုရင် ကျွန်တော့်ကိုသားကြီးပေးခဲ့တဲ့ အသက်ကျေးဇူးကို ကျွန်တော်ဆပ်ခွင့်မရခဲ့ဘူး။ အဲဒီတော့ ကျွန်တော်သံသရာတစ်ကွေ့ကွေ့မှာ ဒီလိုပဲ သားကြီးနဲ့ ပြန်ဆုံခွင့်ရ မယ်ဆိုရင် ကျွန်တော့်မှာ တင်ကျန်ခဲ့တဲ့ အသက်ကျေးဇူးကို ကျွန်တော် ပြန်ဆပ်ချင်တယ်။ ”
Min-Maw-Kunမင်းမော်ကွန်း
”ကျွန်တော်တို့ တော်တော့်ကိုနှမြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောကမှာတကယ့်ကိုဒေါင်ဒေါင်မြည် အနုပညာဝမ်း စာအရမ်းပြည့်ဝတဲ့ မင်းသားတစ်ယောက် အခုလိုဖြစ်သွားတဲ့ အချိန်မှာတအားကိုနှမြောပါတယ်။ တကယ်တော့ စောလည်းစောပါသေးတယ်။ မယုံဘူး။ ယုံနိုင်စရာအကြောင်းလည်းမရှိဘူး။ ဒါကိုကောလာဟလတစ်ခုလို့ပဲ ကျွန်တော်ထင်တာပေါ့နော်။ ဒါနဲ့ဦးမျိုးမင်းဆီကို ဖုန်းဆက်လိုက်တဲ့အချိန်မှာ သေချာသွားတယ်။သေချာသွားပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကိုသားကြီး ဆုံး သွားတာကို မဖြစ်နိုင်ဘူးလို့ ထင်နေတုန်းပဲ”

Chaw-Su-KhinPho-Kyaw_1ချောစုခင်

” ကိုသားကြီးစီးရီးတွေလုပ်နေတဲ့အချိန် ချောစုကို ခေါ်ဆိုတယ်။ အမှတ်တရပဲ။ ဘာလို့လဲဆိုတော့ ချောစုကစိတ် အရမ်းညစ်နေတဲ့အချိန် သူကစုံတွဲသီချင်း ခေါ်ဆိုတော့ ရိုက်ထားတာလည်း အရမ်းလှတယ်။ သီချင်းလေးလည်း ကောင်း တယ်။ သူ့အကြိုက်ဆုံးဖြစ်တဲ့ အဖြူရောင်ဝမ်းဆက်လေးနဲ့ နှစ်ယောက်အတူတူ ဆိုထားတဲ့ သီချင်းလေးဖြစ်လို့ သူနဲ့ဆိုခဲ့ဖူး တာလည်း အမှတ်တရပါပဲ”
ဖိုးကျော်
”ကျွန်တော်တစ်ချိန်လုံး အစ်ကိုနဲ့ အတူတူရှိနေတာပါ။ ပရိသတ်ကြီးသိမှာပါ။ ပရိသတ်ကြီးတောင် ဘယ်လောက်ချစ်သလဲဆိုတာသိရင် ကျွန်တော်အစ်ကို့ကို ဘယ်လောက်ချစ်သလဲဆိုတာကို စာနာမိကြမှာပါ။ ကျွန်တော့်မှာလဲ သုံးစရာစကား လုံးမရှိဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ပရိသတ် အတင်းတိုးနေတဲ့အတွက် အစ်မလုံခြုံမှု အတွက်ပဲ ဂရုစိုက်နေရတယ်။ မီးသင်္ဂြိုဟ် အခန်းထဲရောက်တဲ့အထိ အစ်ကို့အနား ကျွန်တော်မရောက်နိုင်ခဲ့ဘူး”
12-Lady-Show-(10)ကော်နီ
”ကိုသားကြီးဆုံးသွားတယ်ဆိုတာနဲ့ ဆုံးဆုံးချင်း သူ့အိမ်ကိုရောက်တယ်လေ။ အဲဒီအချိန်မှာ သူ့ရဲ့ပရိသတ်တွေက ချက်ချင်း ဘယ်လိုသိ သွားကြလဲမသိဘူး။ အိမ်ရှေ့မှာလူတွေအပြည့် မိုးတွေရွာလည်းမပြန်ဘူး။ နိဗ္ဗာန်ယာဉ်နောက်ကို ပြေးလိုက်သွားကြတယ်။ သူတို့ရဲ့စိတ်တွေက လွတ်လပ် သွားကြတာလေ။ လာတဲ့ အနုပညာရှင် တွေကို ကြည့်ချင်တာမဟုတ်ဘူးသိလား။ ကိုသားကြီးနောက်ကို ပြေးလိုက်ကြတာ။(မကော်ရဲ့ ငိုရှိုက်သံ) ပြီးတော့ သူတို့ မြင်တွေ့ချင်ကြတဲ့ ဈာပနအခမ်းအနားကို ညအိပ်ပြီးလာစောင့်ကြတာ။ အစ်မတော့ လိုက်မပို့ဖြစ်ဘူး။ အဲဒီနေ့က အစ်မအစ်ကိုရဲ့ ရက်လည်ဖြစ်နေလို့။ ပရိသတ်ရဲ့နောက် ဆုံးမျှော်လင့်ချက်လေးတွေပေါ့လေ။ မြင် လိုက်ချင်တာ။ အဲဒီပရိသတ်တွေကို ကိုယ် နဲ့ကိုယ်ချင်းစာလိုက်ပြီးတော့ စိတ်မ ကောင်းဖြစ်မိတယ်။ အဲဒါပါပဲ”
ကိုမျိုး(မြန်မာစာ)
”ကိုသားကြီးအတွက် သင်္ချိုင်းမှမရောက်ရရင် ကိုယ့်စိတ်ထဲတစ်မျိုးကြီးဖြစ် နေတဲ့အတွက် သင်္ချိုင်းကိုနောက်တစ် ခေါက်အရောက်သွားခဲ့တယ်။ မမိုးတို့ ဘက်က ရေဘူးတွေ၊ ဓာတ်ပုံတွေ၊ ဈာပန အခမ်းအနား စောလုပ်လိုက်ရတဲ့အတွက် ပရိသတ်ကိုတောင်းပန်စာတွေ သွားဝေ ပေးခဲ့သေးတယ်။ ကိုသားကြီးရဲ့ လိပ်ပြာ က (ဣဒ္ဓိပါဒ် တစ်စုံတစ်ရာနဲ့) မြန်မာနိုင်ငံ အနှံ့ကို လှည့်ကြည့်လိုက်တဲ့အခါကျရင် ငိုကြွေးနေတဲ့အသံတွေ ပြီးတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ဖြစ်ပျက်ခံစားနေ ရတဲ့ အဖြစ်အပျက်တွေကို သူမြင်ပြီးတော့ သူတို့ကို ငါထားသွားတာ ရက်စက်ရာကျ လွန်းနေမလားဆိုပြီး သူတွေးနေမလားလို့ စဉ်းစားနေမိပါတယ်”
King-Kongကင်းကောင်
”ကိုသားကြီးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရလေးကတော့ ဆို၊ က၊ ရေး၊ တီး ရန်ကုန်မှာကတဲ့အချိန်မှာ ကိုသားကြီး တို့ ဇနီးမောင်နှံပေါ့။ ကျွန်တော်တို့ အဝတ်အစားလဲရတယ်ပေါ့နော်။ အဲဒီမှာ ကိုသားကြီး ကပြဇာတ်မှာ ဘယ်ဘက်(ဝဲ)ဘက်က အထွက်၊ ကျွန်တော်ကညာဘက်(ယာ) ဘက်က အခန်းမှာရှိနေတယ်။ အဲဒီမှာ ပြဇာတ်ကဖို့ ကန့်လန့်ကာကြီးမဖွင့်ခင် မီးမထိုးခင်မှာ အဝတ်အစားအပြီးလဲဖို့ လင်မယားနှစ်ယောက် အပြေးသွားတဲ့အခါ ချော်လဲသွားခဲ့တဲ့ မြင်ကွင်းဟာ မျက်စိထဲမှာ ပြန်မြင်နေပါတယ်။ ပရိသတ်ကို ဖျော်ဖြေ နေရင်း လင်မယားနှစ်ယောက် ချော်လဲ သွားတာ မမေ့နိုင်ပါဘူး။ ကျွန်တော်တို့ ပြောတဲ့စကားတွေ အခုနေ ကိုသားကြီး ကြားမယ်ဆိုရင်  ကိုသားကြီး နောင်ဘဝ မှာ လူပြန်ဖြစ်ပါစေ”
An-Htaw-Niဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင်)
”ကိုသားကြီးသေပြီဆိုလို့ ညနေ ၅ နာရီလောက်မှာ သိရတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲမှာမသေပါ စေနဲ့ လို့ ဆုတောင်းပြီး သူပေးခဲ့တဲ့ ဖုန်းနံပါတ်ကို ကမန်းကတန်းလှမ်း ခေါ်ကြည့်တယ်။ ဒါပေမဲ့ ကျွန်တော်လှမ်းခေါ်တဲ့အချိန်လောက်မှာ ကိုသားကြီးဖုန်းကဆက်သွယ်မှု ဧရိယာပြင်ပလို့ပြောလိုက်တဲ့ အသံလေးကြားလိုက်ရတယ်။အဲဒါကို မသိသာသေးတဲ့ အတွက် မဖြစ်ပါစေနဲ့လို့ပဲ ကျွန်တော့်ရင်ထဲမှာ ဆုတောင်းပေးလိုက်တယ်။ ကျွန်တော်မနက် ၆ နာရီလောက်ရောက်သွားတဲ့ အချိန်မှာတော့ မီးသင်္ဂြိုဟ်တဲ့ခေါင်းတိုင်ကထွက်နေတဲ့ မီးခိုးလေးကိုကြည့်ပြီး သူ့အတွက် ကျွန်တော်တို့ မေတ္တာပို့ပေးတာ ပေါ့နော်။ ပြီးတော့မှ အရိုး ထွက်လာတော့မှ အရိုးနဲ့အတူ အိမ်အထိ လိုက်ပို့ပေးလိုက်တယ်”
Steal_1စတီးလ်(ကိုသားကြီးရဲ့မန်နေဂျာဆာမီ)
”ကိုသားကြီးရဲ့ အရိပ်ကိုမှီပြီး အလုပ်လုပ်နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အယောက် ၃ဝ ကျော်ရှိပါတယ်။ နောက်ကပါတဲ့ မိသားစုဝင်တွေကို တွက်လိုက်မယ် ဆိုရင်သုံးရာကျော်လောက်ရှိပါတယ်။ ဒီလူသုံးရာကျော်က သူ့အရိပ်ကိုခိုခဲ့တဲ့အတွက် သူမရှိတော့တဲ့ အချိန်မှာ အဲဒီသုံးရာကျော် ရဲ့ဘဝအခြေအနေတွေ ဘယ်လောက်ထိပျက်စီးသွားတယ်ဆိုတာ မပြောနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီသုံးရာကျော်က သူ့ကိုအားကိုးပြီး နေကြရတယ်။ ဒီလူ သုံးရာကျော်ကလည်း သူ့အတွက်ယူကျုံးမရဖြစ်ရတယ်”

Khin-Lay-Nweခင်လေးနွယ်

”အဓိကကတော့လေ။ ကိုယ့်အနုပညာလောကထဲမှာ အရမ်း အောင်မြင်နေတဲ့သူ၊ အရမ်းတော်တဲ့သူ ဆုံးရှုံးရတယ်ဆိုတော့ ဝမ်း နည်းတာပေါ့။ ဘယ်လိုပြောမလဲ အခုအချိန်အထိ ကိုသားကြီးဆုံးတယ်ဆိုတာကို လက်ခံလို့မရသလိုဖြစ်နေသေးတယ်။ ရုတ်တရက်ကြီးဆိုတော့ ဇာတ်ကားရိုက် ရင်းဆုံးပါးသွားတဲ့အခန်းကို ရိုက်ပြီးနိုးလာသလိုမျိုးဖြစ်ရင်  သိပ်ကောင်းမှာပဲလို့လည်း စဉ်းစားမိတယ်။ သိသိချင်းဆိုတော့ မယုံဘူးပေါ့နော်။ အရမ်းလည်းအံ့သြမိတယ်။ ကိုသားကြီးကောင်းရာ ဘဝရောက်ပါစေ”

No comments:

Post a Comment