 ကုသိုလ်ဒါရိုက်တာဖြစ်ဖို့  အဓိက လမ်း ကြောင်းပေးခဲ့တဲ့သူ နှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့  လွင်မိုးနဲ့ ဒွေး ပါပဲ။ ဒွေးကဟာသလူရွှင်တော် ကုသိုလ်ကို ဒါရိုက်တာ  တစ်ယောက်ဖြစ်လာစေဖို့ ဘယ်လိုတွန်း အားတွေပေးခဲ့လဲဆိုတာ ကုသိုလ်က အခုလို  ပြောပြခဲ့ပါတယ်။ ”အသိန်းက လူရွှင်တော်မလုပ်ရဘူး။ ဒါရိုက်တာ  လုပ်ရမှာလို့ပြောတယ်။ မင်းက လည်း ငါ့ကိုမြှောက်ပေးနေပြန်ပြီ။ ငါ ဒါရိုက်  တာလုပ်ရင် ဘယ်မင်းသားက ရိုက်ပေးမှာလဲ ဆိုတော့ ကျွန်တော်ရိုက်ပေးမယ်တဲ့လေ။  အဲဒီ အချိန်မှာ ဒွေးနဲ့ရိုက်ချင်တဲ့ ထုတ်လုပ်ရေးတွေ က အများကြီးပဲ။ အဲဒါနဲ့  ဦးက ဟ… မင်း ရိုက်ပေးမယ်ဆိုရင် ငါ ဒါရိုက်တာ ဖြစ်ပြီပေါ့။  ကျွန်တော့်ဆီလာအပ်တဲ့ ထုတ်လုပ် ရေးတွေ က ဘယ်ဒါရိုက်တာနဲ့ရိုက်မလဲလို့မေးရင်  အသိန်းနဲ့ရိုက်မယ်လို့ ပြောလိုက်မယ်လေတဲ့။ အဲဒီလိုနဲ့ ဦး  ဒါရိုက်တာဖြစ်ခဲ့တယ်။ လွင်မိုးနဲ့ ဒွေးတို့ ကြောင့်ပေါ့။ ဦးကို  မကြိုက်ချင်နေ၊ မယုံကြည် ရင်နေ၊ ဦးနဲ့ရိုက်ရင် လွင်မိုးပါမယ်။  ဒွေးပါမယ်ဆိုတော့ ထုတ်လုပ်ရေးတွေက သဘောကျကြတာပေါ့။ သားကြီးကတစ်ခါ၊  တစ်ခါကျရင် အသိန်းရေဇာတ်ရှိလား။ ကျွန် တော်အသိန်းနဲ့ ရိုက်ချင်တယ်လို့ ခဏ၊  ခဏ ပြောတယ်။ တစ်ခါကျတော့ သားကြီး ကပြော တယ်။ အသိန်း  ကျွန်တော်လုပ်စားတာမျိုး မလုပ်ချင်ဘူးတဲ့။ အနုပညာပုံစံမျိုးပဲလုပ်ချင်  တယ်လို့ပြောတယ်။ ကျွန်တော်ယုံကြည်ပြီး ရွေးထားတဲ့ ဒါရိုက်တာသုံးယောက်ထဲမှာ  အသိန်းပါတယ်လို့ပြောတယ်။ အသိန်းရဲ့ မိသားစု စားဝတ် နေရေးကို ကျွန်တော်တာဝန်  ယူတယ်။ ကျွန်တော်တို့ဇာတ်ကားတစ်ကားကို ၁ လကြာကြာ၊ ၂ လကြာကြာရိုက်မယ် ပြော  ပြီး ၃ ရက်မြောက် တဲ့နေ့မှာ သားကြီးဆုံးသွား ခဲ့တယ်” လို့ဒါရိုက်တာကုသိုလ်က  ပြောပြခဲ့ပါ တယ်။ ”ဒွေးနဲ့ဇာတ်ကားတွေ တော်တော် များ များရိုက်ခဲ့ပြီး  အမှတ်တရအဖြစ်ခဲ့ဆုံး ကား တစ်ကားလည်း ရှိခဲ့ပါတယ်။ အဲဒီကားရဲ့ နာမည်က  ‘ပြုံးတော်မူ’ တဲ့လေ။ ‘ပြုံးတော်မူ’က သားကြီးနဲ့ အိန္ဒြာကျော်ဇင်နဲ့ပေါ့။  မရိုက်ခင်မှာ သားကြီးကိုပြောခဲ့တယ်။ သားကြီးရေ ငါဘာ ကြောင့် ဒီ  ‘ပြုံးတော်မူ’ကားကို ရိုက်ချင်တာလဲ ဆိုတော့ လူတွေကနေရင် ဘယ်လိုနေနေကွာ၊  သေရင်တော့ ပြုံးပြုံးလေးသေနိုင်ဖို့ မလွယ် ဘူး။ တို့တွေ  ပြုံးပြုံးလေးသေကြရအောင် ကွာဆိုပြီး အဲဒီကားကို ရိုက်မယ်ဆိုတော့ သူ ကလည်း  ရိုက်ဗျာဆိုပြီး ရိုက်ဖြစ်ခဲ့ကြတယ်။ သားကြီးက ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ  တစ်ယောက် သိက္ခာကျသွားနိုင်အောင် ဝင် ရောက်စွက်မှုတွေ ဘာမှမလုပ်ဘူး။  ဦးတို့ရိုက် တဲ့အချိန်မှာ ဘာစောဒကမှ မတက်ခဲ့ဘူး။ ကျွန်တော်ဘာလုပ်ချင်  တယ်ဆို တာမျိုး မပြော ဘူး။ ဒါပေမဲ့ သူမရိုက်ခင်မှာတော့ ဇာတ်ညွှန်း  ကိုကြည့်ပြီး သူလုပ်ချင်တာလေးတွေပြော တယ်။ ဦးနဲ့သားကြီးအိပ်မက်ထဲမှာ ဇာတ်  ညွှန်းရေးပြီး နှစ်ယောက်သားဇာတ်ကားတွေ ရိုက်နေကြတုန်းပါပဲ”လို့  ဒါရိုက်တာကုသိုလ်က ဒွေးရဲ့ ၄ နှစ် ပြည့် အမှတ်တရစကားတွေကို  ပြောပြပြန်ပါတယ်။

Friday, May 4, 2012
ဒါရိုက်တာကုသိုလ်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူထဲမှာ ဒွေးတစ်ယောက်အပါအဝင် ဖြစ်ဟုဆို

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment