Friday, May 4, 2012
လွန်ခဲ့တဲ့ ၄ နှစ်က ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းအနေနဲ့ ကိုသားကြီး(ဒွေး)အကြောင်း ပြန်ပြောတဲ့ ဦးကြည်မင်းသိန်း
ဒွေး(ကိုသားကြီး)ကွယ်လွန်ခဲ့တာ ခုဆို ၄ နှစ်ပြည့်ခဲ့ပါပြီ။  သူသေဆုံးသွားတဲ့အချိန် စာမျက်နှာတွေမှာ ဖော်ပြတာတွေ့ရသလို လေလှိုင်းကနေ  ‘ဝေလည်းမွှေး ကြွေလည်းမွှေး’ ရေဒီယိုဇာတ်လမ်းလေးကို စီးတီးအက်ဖ်အမ်ကနေ  ထူးထူးခြားခြား တင်ဆက်ပေးခဲ့ပါတယ်။ စီးတီးအက်ဖ်အမ်ကသားကြီးကို အထူးအစီအစဉ်  တစ်ရပ်အနေနဲ့ ထည့်သွင်းပေးခဲ့တာနဲ့ ပတ်သက်ပြီးဦးကြည်မင်းသိန်းက  ”သားကြီးနဲ့ကမင်းသားမဖြစ်ခင် ဦးကျော်ဟိန်းနောက်မှာ လိုက်နေကတည်းကစသိတာ။  အဲဒီ အချိန်ကတည်းက သားကြီးနဲ့အတူ သွားလာစားသောက်ခဲ့တယ်။  သူအရမ်းအောင်မြင်နေတဲ့အချိန်မှာ မင်းသား၊ မင်းသမီးတင်မကဘူး။  စက်အဖွဲ့ကလူတွေရဲ့ မိသားစု တွေကိုပါ သူကကြည့်တယ်။ အကုန်လုံးနဲ့  တည့်အောင်လည်းနေတယ်။ ဗုဒ္ဓဘာသာအနေနဲ့ ကြည့်ရင် သူက ဒီလောက်အထိပဲပါတာကိုး၊ ဒါ  ကြောင့်လည်းအချိန်မတိုင်မီ ကြွေလွင့်သွားတယ်”လို့ပြောပါတယ်။ ‘ဝေလည်းမွှေး၊  ကြွေလည်းမွှေး’ရေဒီယို ဇာတ်လမ်းစီစဉ်ဖြစ်ခဲ့ပုံကိုမေးကြည့်တော့  ”သူဆုံးသွားတဲ့အချိန်မှာ စောခူဆဲကလည်း တစ်ညလုံးနီးပါး  သီချင်းတစ်ပုဒ်ရေးပေးခဲ့တယ်။ သူကအဆိုတော်တစ်ယောက်အတွက်  ရေးပေးတဲ့ပုံစံမျိုးမဟုတ်ဘူး။  အဲဒီစောခူဆဲရေးတဲ့ သီချင်းလေးကို အခြေခံ  လိုက်ပြီး အသံလွှင့်ဇာတ်လမ်းလုပ်ဖြစ်ခဲ့တာ။  အနုပညာသမားတစ်ယောက်ကို  ဂုဏ်ပြုတဲ့အနေနဲ့လုပ်ဖြစ်ခဲ့တာ။  ပြီးတော့စီးတီးအက်ဖ်အမ် နှစ်ပတ်လည်မှာ  ပရို ဂျက်တာနဲ့ သီချင်းတစ်ပုဒ်စီစဉ်ခဲ့တယ်။  စုံတွဲသီချင်းလေးကို  ထည့်သွင်းခဲ့တယ်။ ဟိုအရင်တုန်းက ဦးကျော်ဟိန်းဆိုခဲ့တဲ့  ဘယ်တော့မှမမေ့ဘူးဆိုတဲ့ သီချင်းကို ကော်နီနဲ့အတူဆိုစေခဲ့တယ်။  အဲဒီလိုဖြစ်ဖို့အတွက် ပရိုဂျက်တာက သားကြီးသီဆိုပုံနဲ့  ကော်နီသီဆိုတာကိုက်ညီအောင် အမျိုးမျိုး ဖန်တီးလုပ်ခဲ့ရတယ်။  တကယ် Live  ပုံစံမျိုးလေးဖြစ်အောင် ဖန်တီးပေးခဲ့တယ်။  ပရိုဂျက်တာကပြတဲ့သားကြီးရဲ့အရုပ်တွေကို သားညီကိုယ်တိုင်ဆက်ပေးတာ။  အဲဒီညမှာ  ထူးထူးခြားခြားသားကြီးရဲ့ ဇနီးဖြစ်သူ မိုးမိုးကိုယ်တိုင်လည်း  တက်ရောက်တယ်။  ပြီးတော့ကိုမျိုး (မြန်မာစာ)က  စီးတီးအက်ဖ်အမ်က  အင်တာဗျူးလုပ်ထားတာတွေကို ခရမ်းပြာဂျာနယ်ထဲမှာ ဖော်ပြချင်တယ်ဆိုတာနဲ့  ခွင့်ပြုလိုက်တယ်”လို့ ပြောပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment