-->

Friday, May 4, 2012

ဒီနေ့စူပါဆိုတဲ့ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေကိုကြည့်ရင် ဒွေးရဲ့အရိပ်အငွေ့တွေ မကင်းပါဘူး

13-Sep (20)ဒွေးနဲ့လက်တွဲမှုအများဆုံးရှိခဲ့တဲ့ ဒါရိုက်တာမောင်မျိုးမင်းကလည်း ၄ နှစ်ပြည့်ဒွေးအတွက် အမှတ်တရစကားတွေကို ပြောပြခဲ့ ပါတယ်။ ”သရုပ်ဆောင်တွေ အများကြီးရှိပါတယ်။ အဲဒီ့အထဲမှာ ဒွေးကသရုပ်ဆောင်တွေရဲ့ဟီးရိုးဖြစ်ခဲ့တယ်။ သရုပ်ဆောင် အသစ်တွေကလည်း ဒွေးလိုဖြစ်ချင်ခဲ့ကြတယ်။ ဒွေးကအနုပညာသမား အချင်းချင်းမှာရော၊ ပရိသတ်ကြားထဲမှာရော ဟီးရိုး ဖြစ်ခဲ့တဲ့လူတစ်ယောက်ပါ” လို့ပြောလာတဲ့သူကဒွေးနဲ့ လက်တွဲမှုအများဆုံးရှိခဲ့တဲ့ ဒါရိုက်တာမောင်မျိုးမင်းပါပဲ။ ဒါရိုက်တာ မောင်မျိုးမင်းကိုယ်တိုင်က ဒွေးနဲ့ရိုက်ခဲ့တဲ့ဇာတ်ကားတိုင်း စိတ်တိုင်းမကျတဲ့ဇာတ်ကားတစ်ကားမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒီနေ့စူပါဆိုတဲ့ သရုပ်ဆောင်တွေရဲ့အိုက်တင်တွေကို ကြည့်လိုက်တဲ့အချိန်မှာ ဒွေးရဲ့အရိပ်အငွေ့တွေ အများကြီး မကင်းတာ တွေ့ရပြန်တယ်လို့ ဒါရိုက်တာမောင်မျိုးမင်းက သုံးသပ်ပြပြီး    ”သေပြေးရှင်ပြေး’လို ဇာတ်ကားမျိုးမှာ ရေတံခွန်ပေါ်ကနေ ခုန်ချရတယ်။ ဒွေးကို ဦးမျိုးကလူးစားထိုးဖို့ပြောတယ်။ သူကမထိုးတော့ဘူးတဲ့။ ဦးမျိုးကသူလူစားမထိုး ဘူးဆိုတာပေါ်အောင် ရိုက်ပေးပါလို့ ပြောတယ်။ အဲဒီမှာသူလူစားမထိုးဘဲ ခုန်ချခဲ့တယ်။အဲဒါကိုဦးမျိုးသူ့ကိုကြည့်ပြီး ထအော်တယ်။ အရူးကြီးပါဗျို့၊ အရူးကြီးပါ တားမရ၊ ဆီးမရနဲ့လုပ်နေပါတယ်လို့ ဦးမျိုးထအော်တယ်။ မြန်မာမင်းသားတွေက စွန့်စွန့်စားစား လုပ်ရတာမျိုး၊ သတ္တိမရှိပါဘူး။ လူစားထိုးပြီးပဲခိုင်းတတ်တဲ့ သမိုင်းတစ်ခုကိုဒွေးလှန်ခဲ့တယ်”လို့လည်း ဒွေးအကြောင်းမှတ်မှတ်ရရ ဆိုပါ တယ်။

No comments:

Post a Comment