
ဒွေးနဲ့တူတဲ့ သားညီရဲ့ရင်သွေး လင်းမာန်
ဇူလိုင်  ၁၁ ရက်ဆိုရင် ဒွေးကွယ်လွန်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပါပြီ၊ အက်ဖ်အမ်တွေအနေနဲ့  ဒွေးရဲ့အလွမ်းပြေအဖြစ် ပတ္တမြား အက်ဖ်အမ်ကထူးထူးခြားခြား  နှင်းဆီမိုးတိမ်သို့ လွမ်းချင်း လွှင့်ဖို့ရှိကြောင်းသိရပါတယ်။  ထုတ်လွှင့်ဖို့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပတ္တမြားအက်ဖ်အမ်အစီအစဉ်မှူး  ကိုအောင်မျိုးမြတ်က . . ”ပတ္တမြားအက်ဖ်အမ် အနေနဲ့ ဒွေးအမှတ်တရ  အစီအစဉ်လွှင့်ဖို့ရှိတယ်။ အဲဒီအမှတ်တရ အစီအစဉ်လေးနာမည်ကို  နှင်းဆီမိုးတိမ်သို့လွမ်းချင်းဆိုပြီး ပေးထားတာ။ ပုံစံကသားညီနဲ့ သားကြီး  (ဒွေး)တို့ရဲ့ အမှတ်တရဖြစ်ခဲ့တဲ့ဟာတွေကို အင်တာဗျူးပုံစံလေးတင်  ဆက်သွားမှာပါ။ ဇူလိုင်လ ၁၁ ရက် နေ့ခင်း ၂ နာရီမှာ တစ်ကြိမ်၊ ည ၉ နာရီမှာ  တစ်ကြိမ်လွှင့်မှာပါ။ နာရီဝက်စာ အစီအစဉ်အနေနဲ့ တင်ဆက်သွားမှာပါ။  အနုပညာရှင်တွေနဲ့ အမှတ်တရအင် တာဗျူးပုံစံလွှင့်ဖို့တော့မရှိဘူး။  သားညီနဲ့  ဒွေးသီဆိုထားတဲ့ သီချင်းတစ်ပုဒ် လည်းပါဝင်မယ်။  ကွယ်လွန်သွားတဲ့သူတွေရဲ့  အမှတ်တရအပြင် ချစ်သူများနေ့၊ အမေများနေ့စတဲ့ နေ့ထူးနေ့မြတ်တွေမှာလည်း  အမှတ်တရအစီအစဉ်တွေ ထုတ်လွှင့် ဖြစ်တယ်”လို့ပြောပါတယ်။
 
No comments:
Post a Comment