-->

Wednesday, May 9, 2012

ဇာနည်မျိုးရဲ့ အမွေခံ

အနော်ရတာနဲ့ မင်းကျန်စစ်၊ ကျော်ကြား ပုဂံခေတ်။
ပြည်သစ်တည်ထောင် ဘုရင့်နောင်၊ တောင်ငူခေတ်မှာ သမိုင်းပြောင်။
ကုန်းဘောင်ခေတ်မှာ လွန်ထင်ရှား၊ အောင်ဇေယျခေါ် အလောင်းဘုရား။
တိုင်းတစ်ပါးကို မကြည်ညို၊ သူ့ကျွန်ဘ၀ မနေလို။
နယ်ချဲ့ရန်ကို ခုခံချ၊ သတ္တိပြောင်တဲ့ ဗန္ဒုလ။
ဗိုလ်တေဇလဲ မခေပါ၊ လွတ်လပ်ရေးရဲ့ ဗိသုကာ။
ရာဇ၀င်မှာ မော်ကွန်းထိုး၊ မြန်မာ့ဇာနည်မျိုး။
ဘမျိုးဘိုးသူ တို့တစ်တွေ၊ သတ္တိရဲ့သွေး နီပါစေ။
ကိုယ့်မြေတွက်ဆို ချိန်မရွှေး၊ ကိုယ့်ပြည်တွက်ဆို ချိန်မရွှေး။
သက်စွန့်မယ် မနှေး။

No comments:

Post a Comment