Friday, May 4, 2012
ခိုင်သင်းကြည်ပြောတဲ့ ဒွေးအမှတ်တရ
ဒွေးနဲ့ကြော်ငြာတွေရော၊ ဇာတ်ကားတွေရော တော်တော်များများရိုက်ဖြစ်ခဲ့တဲ့  ခိုင်သင်းကြည်ရဲ့ ဒွေးအမှတ်တရစကားကတော့ ”ကိုသားကြီးက ရုပ်ရှင်လောကမှာ  တကယ်ကို နှမြောစရာကောင်းတဲ့ လူတစ်ယောက်ပါ။ တော်လည်းတော်ပါတယ်။  အိုက်တင်ကလည်း အရမ်းကောင်းတယ်။ နောက်မကျကြေးဆိုတဲ့ ဇာတ်ကားက မခိုင် ရယ်၊  ကိုသားကြီးရယ်၊ အူဝဲနဲ့သုံးယောက် ရိုက်ကြတဲ့ကားလေးပေါ့။ အဲဒီကားလေးမှာ  မခိုင်ကဗိုက်အစစ်လေးနဲ့ သရုပ်ဆောင်တယ်။ ကိုသားကြီးနဲ့က တအားရင်းရင်း  နှီးနှီးကြီးလည်းမရှိပါဘူး။ မခိုင်က ထုံးစံအတိုင်း ရိုက်မယ်ဆိုပြီး  ထလာတော့ခလုတ်တိုက်မိမလို ဖြစ်သွားတယ်။ ကိုသားကြီးက အမလေး ဖြည်းဖြည်းဆိုပြီး  တကယ့်ကို ပျာပျာသလဲပဲ။ မလုပ်နဲ့နော် ဒီဗိုက်ကိုမလျော်နိုင်ဘူးဆိုပြီး  ပြောတယ်။ ဗိုက်ကြီးနဲ့သူတို့ ခေါ်ရိုက်ပြီးတော့ တစ်ခုခုဖြစ်သွားမှာ  ကြောက်တာလေ။ ဗိုက်ကြီးနဲ့ ရုပ်ရှင် ရိုက်ရတယ်ဆိုတော့  ပုံမှန်လူလိုသွက်သွက်လက်လက်လည်း မရှိဘူး၊ ဂရုတစိုက်လေးနဲ့  ရယ်သလိုလေးပြောတာကို အမှတ်တရရှိပါတယ်။ မခိုင်တို့က ရိုက်ကွင်းပေါ်မှာ  နည်းနည်းသွက်သွက်လေး နေတတ်တယ်။ ကိုသားကြီးက နည်းနည်း အနေအေးတယ်။ လိုင်းတော့  သိပ်မတူဘူး။ အစ်မတို့က သွက်သွက်လက်လက်လိုင်း၊ နောက် မယ်စမယ်  ဟာသတွေပြောမယ်။ ကိုသားကြီးကတော့ ခပ်အေးအေးပဲနေတယ်။ ဟာသကားတွေ  ရိုက်မယ်ဆိုရင် လုပ်ဆိုလည်းလုပ်လိုက်တာပဲ။ ရှုတင်မှာတော့ နောက် တယ်  ပြောင်တယ်ရယ်လို့မရှိဘူး။ သူရိုက်လိုက်တဲ့ကားတွေမှာ အိုက်တင်ကလိုနေတယ်  ဆိုတာမတွေ့ရဘူး။ ကြည့်ဖူးသမျှထဲမှာ တော့သူ့အိုက်တင်တွေက အိုဗာ မဖြစ်ဘူး။  ကွက်တိဖြစ်တယ်။ ဇာတ်ကောင်စရိုက်ထဲမှာ တော်တော်လေးလည်း စိတ်ကိုဝင်စားပြီး  ရိုက်နိုင်တယ်။ ဒီလိုမျိုး အနုပညာအရည်အသွေး ပြည့်ဝတဲ့ လူတစ်  ယောက်ဆုံးရှုံးသွားတာ နှမြောဖို့လည်း ကောင်းပါတယ်”လို့ ပြောပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment