 “နှစ်ယောက်တစ်အိပ်မက်”ဇာတ်ကား  နဲ့ ဒွေးရယ် ထက်ထက် ရယ်လို့ ရုပ်ရှင်လောကမှာ အတွဲညီခဲ့တဲ့ အနုပညာ မောင်နှမ  နှစ်ဦးမှာ တော့ ဒွေးက လက်တွဲဖြုတ် သွားခဲ့တာ ၄ နှစ်တာ ကာလရှိ ခဲ့ပါပြီ။  တိုက် တိုက်ဆိုင်ဆိုင် “နှစ်ယောက်တစ်အိပ်မက်” ဇာတ်ကားမှာဒွေးနဲ့  မောင်နှမအဖြစ် ထူးထူးခြားခြား သရုပ်ဆောင်ခဲ့သူ ထက်ထက် မိုးဦးက  ဒွေးကိုအိပ်မက်မက်သေးတယ် လို့ဆိုတဲ့အတွက် ဒွေး အမှတ်တရအကြောင်း  ထက်ထက်မိုးဦး ကိုမေးကြည့် တဲ့အခါ”ကိုသားကြီးကလည်း အနု ပညာသမား၊ မထက်ကလည်း  အနုပညာသမားဆိုတော့ အမြဲ အမှတ် တရဖြစ်နေပါတယ်။ ကိုသားကြီးနဲ့  “နှစ်ယောက်တစ်အိပ်မက်”ရိုက်ကူး တုန်းက အမှတ်တရ ရယ်တော့ သိပ် မရှိဘူး။  ဒါပေမဲ့ အဲဒီဇာတ်ကားလေး က ပေါက်သွားခဲ့တယ်။ ပရိသတ်ကလည်း  တော်တော်လေးအားပေးခဲ့တယ်။ တခြားဇာတ်ကားတွေနဲ့မတူဘဲ အား ပေးခဲ့ကြတယ်။  ကိုသားကြီးနဲ့တောက် လျှောက် ဇာတ်လမ်းတွေ၊ ကြော်ငြာတွေ ရိုက်ခဲ့တယ်။  ကိုသားကြီးကရှုတင်မှာဆိုရင် ရောက်လာရင် ရောက်လာမှန်းတောင် မသိရဘူး။  သူ့ဘာသာအေးအေးဆေးဆေး နေတယ်။ စကားလည်းသိပ်မပြောဘူး။ သူ  သရုပ်ဆောင်ရမယ့်အခန်းရောက်မှ သရုပ် ဆောင်တယ်”။ အခု ကိုသားကြီးမရှိ  တော့ပေမယ့် တီဗီမှာ မထက်နဲ့ အတူသရုပ် ဆောင်ထားကြတဲ့ ကြော်ငြာတွေ တွေ့ရင်  အရမ်းသတိရတယ်။ အဲဒီတုန်းက ရိုက်ကွင်းကိုပြန်ရောက်သွားသလိုပဲ။ ကိုသား  ကြီးဆုံးတဲ့အချိန်မှာ မထက်ကသန်လျင်က ရိုက်ကွင်းမှာ ဖုန်းဝင် လာတယ်။  ကိုသားကြီးရှော့ခ်ဖြစ်ပြီးဆုံးသွားတယ်ဆိုပြီး။ ကိုသား ကြီး  အသုဘတော့လိုက်မပို့ဖြစ်ဘူး။ မထက်လည်း နေမကောင်း ဖြစ်နေတော့လေ။  သူ့အိမ်ကိုတော့သွားမေးဖြစ်တယ်။ ကိုသား ကြီးနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့  ဇာတ်ကားတွေထဲမှာ နှစ်ယောက် တစ်အိပ် မက်ပြီးရင် အချစ်လိုက်ရဲလား  ဇာတ်ကားလေးကို အရမ်းကြိုက်တယ်။ အခု ကိုသားကြီးက ရှေ့ကအရင်သွားနှင့် ပြီးရင်  မထက်တို့လည်းဒီလမ်းကိုလိုက်ရမှာပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကိုသားကြီး  ဆိုတာ အနုပညာရှင်တွေရဲ့ စိတ်ထဲမှာ ရော၊ ပရိသတ်ရဲ့ စိတ်ထဲမှာပါ။  အမြဲရှင်သန်နေမှာပါ” လို့ ပြောပါတယ်။ ထက်ထက်မိုးဦး က  အခုသမီးလေးမွေးဖွားပြီး ကိုသားကြီး (ဒွေး)နဲ့ပတ်သက်ပြီး  အိပ်မက်တွေမက်နေတယ်လို့ ပြောပါတယ်။ ဘယ်လိုထူးထူးခြားခြား အိပ်မက်မျိုးတွေလဲ  မေးကြည့် တော့.. ”ကိုသားကြီးက ကားပေါ်ကနေပြီးပြုံးပြ တယ်။  ပြီးတော့လက်ပြပြီးအဝေးကြီးကို ထွက်သွားတယ်။ အဲဒီလိုအိပ်မက်မက်တဲ့  အခါကုသိုလ်ကောင်းမှု အနေနဲ့ လုပ်ပေးဖြစ် တယ်။ ကိုသားကြီး သာသက်ရှိထင်ရှားရှိ  နေဦးမယ်ဆိုရင်အနုပညာမောင်နှမ အချင်းချင်း တစ်ခုခုရင်ထဲမှာ  ခံစားရရင်ပဲဖြစ်ဖြစ်၊ အပြင်မှာ တကယ်ဖြစ် ရင်ပဲဖြစ်ဖြစ် မျက် နှာမှာ  ဖုံးဖိထားလို့မရဘူး။ တစ် ယောက်နဲ့တစ်ယောက် နားလည်ပြီးဖေးမ ကူညီကြတယ်။  အရင်တုန်းကအတိုင်း အနုပညာစိတ်ပဲရှိမှာပါ” လို့ ပြောပါတယ်။

Friday, May 4, 2012
ဒွေးကို အိပ်မက်မက်သေးတယ်ဆိုတဲ့ ထက်ထက်မိုးဦး

Labels:
သတင်း
Subscribe to:
Post Comments (Atom)
 
သမီးလေးက ကိုသားကြီး ၀င်စားတာလား တိဝူး
ReplyDelete