 ဇူလိုင်လ ၁၁ရက်နေ့က  ရုပ်ရှင်သရုပ်ဆောင် ဒွေးကွယ်လွန်တာ ၅နှစ်ပြည့်ခဲ့ပါပြီ။ သူ့ကိုချစ်တဲ့  ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကတော့ အခုချိန်ထိ သူ့ကိုမမေ့ကြ ဘဲ  သတိရနေကြဆဲပါ။သူ့ရဲ့ညီဖြစ်သူ သားညီကလည်း ဒွေးအတွက်  နှစ်တိုင်းကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးလေ့ရှိပြီး ဇူလိုင်လ  ၁၁ရက်နေ့မှာလည်း ကုသိုလ်ကောင်းမှု လုပ်ပေးဖြစ်ကြောင်းကို..”ဇူလိုင်  ၁၁ရက်နေ့က မနက်အစောကြီး ထတယ်။ အိမ်ကဘုရားမှာလည်း ပန်း၊ ဆီမီးပူဇော်တယ်။  ချောင်းဝကျောင်းသွားပြီး ဘုန်းဘုန်းတွေကို သင်္ကန်းကပ်တယ်။ ပြီးတော့  သူ့ရဲ့အုတ်ဂူကို သန့်ရှင်းရေးလုပ်တယ်။ ကျွန်တော်တို့မရောက်ခင် အုတ်ဂူမှာ  ပန်းစည်းတစ်စည်း ကြိုရောက်နေ တယ်။ ၅နှစ် ပြည့်သွားလည်း မမေ့သေးဘူး။  ပရိသတ်တစ်ဦးဆိုပြီး ရေးထားတယ်။ကျွန်တော်တို့သူ့ရဲ့ အုတ်ဂူဆီရောက်တော့  မနက်၇နာရီခွဲလောက်ပဲ ရှိသေးတယ်။ ကျွန်တော် တို့ ထက်တောင် ပန်းစည်းက  ကြိုရောက်နေတယ်”လို့ ဒွေးရဲ့ ပရိသတ်တစ်ဦးက အုတ်ဂူမှာ ပန်းစည်းတစ်စည်း  လာထားသွားတဲ့အကြောင်း ပြောပါတယ်။ သားညီ က ဒွေးကွယ်လွန်သွားတာ၅နှစ်  ပြည့်ပြီဖြစ်ပေမယ့် မနေ့တစ်နေ့ကလို ခံစားနေရတုန်းပဲဖြစ်ပြီး  ဒွေးကိုချစ်ပြီး ဘယ်တော့မှ မမေ့ဘဲသတိရနေကြတဲ့သူတွေကို လည်း  ကျေးဇူးတင်ကြောင်းပြောပါတယ်။ သားညီကဇူလိုင်လ၁၁ရက်နေ့ မနက်ပိုင်းမှာတော့  အစ်ကိုဖြစ်သူ အတွက်ကုသိုလ်ကောင်းမှု လုပ်ပေးပြီး နေ့လယ်ဘက်မှာ  ရှုတင်ရှိတဲ့အတွက် ရှုတင်ကို သွားကြောင်း၊ ရှုတင်ကသန်လျင်မှာဖြစ်ပြီး  ဖုန်းလိုင်းမမိတဲ့အတွက်သူ့ကို ဆက်သွယ်လို့ မရကြကြောင်း၊ ညဘက်မှာလည်း  ရှုတင်ကပြန် လာလို့မောပြီး အိပ်ပျော်သွားတဲ့အတွက် ဖေ့စ်ဘုတ်ကိုလည်း  မသုံးမိကြောင်း Facebook မသုံးတဲ့အတွက်ပရိသတ် တွေက ဇူလိုင်၁၁ ရက်ကို  မေ့ထားပြီးမလုပ်ဖြစ် ဘူးလို့ထင်နေကြကြောင်း ကိုလည်းသားညီက  ပြောပါတယ်။”လူတွေက ကျွန်တော် Facebook မသုံးတော့မလုပ်ဖူးလို့ ထင်နေတာ။  လုပ်ပါတယ်။သူများတွေတောင် မမေ့ ရင်ကျွန်တော်ကပို ပြီးတော့မမေ့ပါဘူး။  Facebook မသုံးဖြစ်တဲ့အတွက်ဓာတ် ပုံတွေမတင် ဖြစ်တာပါ။ သူများတွေထက်ကို  ကျွန်တော် သတိရတဲ့လူပါ”  လို့ပြောပါတယ်။ သားညီက ဒါရိုက်တာ  ကိုမျိုးထူး၊နေမျိုးအောင်၊ မေသက်ခိုင်တို့နဲ့ သန်လျင်မှာသရဲဇာတ်ကား  ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Friday, September 14, 2012
၅နှစ်ပြည့်ဒွေးရဲ့အုတ်ဂူမှာပန်းစည်းလာထားတဲ့ ပရိသတ်အကြောင်းပြောတဲ့ သားညီ

Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment