သရုပ်ဆောင် သားညီကတော့ လတ်တလောမှာ ဒါရိုက်တာကိုမျိုးထူးနဲ့   ဇာတ်ကားရိုက်နေပါတယ်။ သူ့ကို ဒွေးဝင်စားတဲ့ ကိစ္စနဲ့ပတ်သက်တဲ့   အကြောင်းအရာများကို ပြောဖြစ်တဲ့အခါ
'ကျွန်တော်က  ဒွေးဝင်စားတယ်၊ မဟုတ်ဘူးလို့ ယူဆထားတယ်ဗျ။ သူတို့ဘက်ကတော့  အတိအကျကြီး  ရေနေတာဆိုတော့ မဟုတ်ဘူးလည်း မပြောဘူး။ ဟုတ်တယ်လည်း မပြောဘူး။  ဒါကတော့  စိတ်ကိုမဝင်စားဘူး။ သွားတွေ့ဖို့လည်း အစီအစဉ်မရှိဘူး။  အစ်မပြောသလိုပဲ  ချင့်ချိန်ပြီးတော့ ယူဆကြပေါ့နော်။ တကယ်  ဒွေးဝင်စားတယ်ဆိုရင် မှန်ရင်  သူတို့လာတွေ့မှာပဲလေ။ 
ဒီကလေးနဲ့  တွေ့တဲ့အချိန်မှာ ကျွန်တော်နဲ့အစ်ကိုနဲ့  သိတဲ့စကားတွေ ရှိတယ်။  မေးခွန်းလေး (၃) ခုလောက် မေးလိုက်တာနဲ့ မှန်ရင်တော့  ယုံလိုက်မှာပဲ။  ကျွန်တော်ပြောတာ မမှန်ရင်တော့ ဒါကျွန်တော့်ရဲ့  အစ်ကိုဝင်စားတာ  မဟုတ်ဘူးလို့ ယူဆတယ်။ ဒီကလေးနဲ့ဆိုရင် ဒွေးဝင်စားတဲ့  ကလေးတွေကတော့ ခဏခဏ  ဝင်စားနေတယ်ဗျ။ ကျွန်တော်ကတော့ သွားတုန်းကလည်း  ကိုသားကြီး (ဒွေး)  ဝင်စားတယ်ဆိုလို့ ကျွန်တော်ဆီ လာတွေ့တယ်ဗျ။  သူတို့မှာတော့  သူတို့အကြောင်းပြချက်နဲ့ ပြောပြတာစုံနေတာပဲ။ အခုချိန်ထိတော့   ဒွေးဝင်စားတယ်ဆိုတာ တစ်ယောက်မှ မဟုတ်ပါဘူး' လို့ပြောပါတယ်။
 
No comments:
Post a Comment