ပရိသတ်နဲ့ နည်းနည်းအလှမ်းကွာနေတဲ့  သရုပ်ဆောင်သားညီက သူ့ရဲ့ အကို ဖြစ်တဲ့ သရုပ်ဆောင် ဒွေး(ကိုသားကြီး) ရဲ့  အကြောင်းကိုဇာတ်ကားလေးတစ်ကား ရိုက်ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်။  ကိုသားညီကတော့ " ကိုသားကြီးရဲ့ အကြောင်းပေါ့၊ပရိသတ် 
တွေမသိသေးတဲ့ သူ့ရဲ့အကြောင်းလေး  ဇာတ်ကားရိုက်ဖို့စီစဉ်နေတယ်။ဇာတ်ကတော့ ခုမှရေး တုန်း။ အခုဇာတ်လမ်းရေးနေ  တာကတော့ ကျွန်တော်တို့ အဖွဲ့ သားတွေပေါ့၊ ကိုညိုမင်းလွင်တို့  သူနဲ့အနီးကပ်နေခဲ့တဲ့သူတွေဆီက ကျွန်တော်တို့မသိလိုက်တဲ့ ဟာလေးတွေလည်း  ရှိတယ်လေ၊အကုန်လုံးလိုက်မေးပြီးတော့ အချက်လေးတွေ စုနေတယ်" လို့ပြောပါတယ်။
                                         ကိုသားကြီး(ဒွေး)နေရာမှာ မင်းသားတယောက် အစားထိုးပြီး ရိုက်မှာလားလို့မေးတဲ့  အခါ "ဟုတ်ကဲ့၊ဖြစ်နိုင်ရင်တော့ သူနဲ့ ရုပ်ချင်း တူတဲ့ လူ ကို  အကူအညီတောင်းရမှာ ပေါ့နော်၊ အများအားဖြင့်တော့ရှိပြီးသား ဇာတ်ရုပ်တွေကိုပဲ  ဇာတ်လမ်းတခု လုပ် ချင်ပါတယ်။ ရှိပြီးသားဇာတ်ရုပ်ဆိုတာ သူမသေခင်  ကရိုက်ထားတဲ့ ကားတွေက ဇာတ်ရုပ်တွေပေါ့၊ ဇာတ်လမ်းကြီးတပုဒ် အနေနဲ့တော့  ကြည့်လို့ရမှာမဟုတ်ပါဘူး၊ ဒွေးဆိုတာ ဘယ်လိုလူ ဆိုတာ ပရိသတ်သိ သွားမှာပေါ့။  ကျွန်တော် ပုံမှန်မြင်နေကျ ဗီဒီရို တစ်နာရီခွဲစာ ဇာတ်လမ်း  လည်းဖြစ်ချင်မှဖြစ်မယ် သူ့ပရိသတ်တွေ အတွက် အမှတ်တရ ဖြစ်ရင်  ကျေနပ်တယ်၊လူစားထိုး သရုပ်ဆောင် ဖို့ကတော့ ကျွန်တော် တို့ တက်နိုင်သမျှ  သူ့အရုပ်ကို ဘဲထည့်ချင်တယ်။အဆင်မပြေရင်တော့ လူစားထိုး သရုပ်ဆောင်ခိုင်းပြီး  ရိုက်မယ်"
                            လူစားထိုးရိုက်မယ်ဆိုရင်ရော အခုအောင်မြင်နေတဲ့ မင်းသားတွေ ထဲက  ပဲခေါ်ပြီးရိုက်မှာလား၊အသစ် ရွေးချယ် မှာလား မေးတော့ " ကျွန်တော်က တော့  လူသစ်ပဲရွေးချင်ပါတယ် " လို့ဆိုပါတယ်။
The Messenger ဂျာနယ်မှ....
သတင်းအား ဖတ်ရှုမှု  အတွက် ကျေးဇူး ပါ...
 
No comments:
Post a Comment