တွေ့ဆုံကြုံခဏ
ဒီလောက၀ယ်
လူသားအားလုံး
တဏှာမကင်းနိုင်တယ်
ထိုတဏှာကို
သိက္ခာနှင့်ထိန်း
နောင်လာမျိုးဆက်
ဂုဏ်ရောင်တောက်မည်........။
Tuesday, September 18, 2012
Friday, September 14, 2012
၅နှစ်ပြည့်ဒွေးရဲ့အုတ်ဂူမှာပန်းစည်းလာထားတဲ့ ပရိသတ်အကြောင်းပြောတဲ့ သားညီ

အခုချိန်ထိ ဒွေးဝင်စားတယ်ဆိုတာ တစ်ယောက်မှ မဟုတ်သေးပါဘူးလို့ပြောတဲ့ သားညီ
သရုပ်ဆောင် သားညီကတော့ လတ်တလောမှာ ဒါရိုက်တာကိုမျိုးထူးနဲ့ ဇာတ်ကားရိုက်နေပါတယ်။ သူ့ကို ဒွေးဝင်စားတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ပြောဖြစ်တဲ့အခါ
'ကျွန်တော်က ဒွေးဝင်စားတယ်၊ မဟုတ်ဘူးလို့ ယူဆထားတယ်ဗျ။ သူတို့ဘက်ကတော့ အတိအကျကြီး ရေနေတာဆိုတော့ မဟုတ်ဘူးလည်း မပြောဘူး။ ဟုတ်တယ်လည်း မပြောဘူး။ ဒါကတော့ စိတ်ကိုမဝင်စားဘူး။ သွားတွေ့ဖို့လည်း အစီအစဉ်မရှိဘူး။ အစ်မပြောသလိုပဲ ချင့်ချိန်ပြီးတော့ ယူဆကြပေါ့နော်။ တကယ် ဒွေးဝင်စားတယ်ဆိုရင် မှန်ရင် သူတို့လာတွေ့မှာပဲလေ။
ဒွေးရဲ့ အကြောင်း ကို ဇာတ်ကားရိုက်ဖို့ စီစဉ်နေတဲ့ သားညီ...
ပရိသတ်နဲ့ နည်းနည်းအလှမ်းကွာနေတဲ့ သရုပ်ဆောင်သားညီက သူ့ရဲ့ အကို ဖြစ်တဲ့ သရုပ်ဆောင် ဒွေး(ကိုသားကြီး) ရဲ့ အကြောင်းကိုဇာတ်ကားလေးတစ်ကား ရိုက်ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်။ ကိုသားညီကတော့ " ကိုသားကြီးရဲ့ အကြောင်းပေါ့၊ပရိသတ်
တွေမသိသေးတဲ့ သူ့ရဲ့အကြောင်းလေး ဇာတ်ကားရိုက်ဖို့စီစဉ်နေတယ်။ဇာတ်ကတော့ ခုမှရေး တုန်း။ အခုဇာတ်လမ်းရေးနေ တာကတော့ ကျွန်တော်တို့ အဖွဲ့ သားတွေပေါ့၊ ကိုညိုမင်းလွင်တို့ သူနဲ့အနီးကပ်နေခဲ့တဲ့သူတွေဆီက ကျွန်တော်တို့မသိလိုက်တဲ့ ဟာလေးတွေလည်း ရှိတယ်လေ၊အကုန်လုံးလိုက်မေးပြီးတော့ အချက်လေးတွေ စုနေတယ်" လို့ပြောပါတယ်။
ကိုသားကြီး(ဒွေး)နေရာမှာ မင်းသားတယောက် အစားထိုးပြီး ရိုက်မှာလားလို့မေးတဲ့ အခါ "ဟုတ်ကဲ့၊ဖြစ်နိုင်ရင်တော့ သူနဲ့ ရုပ်ချင်း တူတဲ့ လူ ကို အကူအညီတောင်းရမှာ ပေါ့နော်၊ အများအားဖြင့်တော့ရှိပြီးသား ဇာတ်ရုပ်တွေကိုပဲ ဇာတ်လမ်းတခု လုပ် ချင်ပါတယ်။ ရှိပြီးသားဇာတ်ရုပ်ဆိုတာ သူမသေခင် ကရိုက်ထားတဲ့ ကားတွေက ဇာတ်ရုပ်တွေပေါ့၊ ဇာတ်လမ်းကြီးတပုဒ် အနေနဲ့တော့ ကြည့်လို့ရမှာမဟုတ်ပါဘူး၊ ဒွေးဆိုတာ ဘယ်လိုလူ ဆိုတာ ပရိသတ်သိ သွားမှာပေါ့။ ကျွန်တော် ပုံမှန်မြင်နေကျ ဗီဒီရို တစ်နာရီခွဲစာ ဇာတ်လမ်း လည်းဖြစ်ချင်မှဖြစ်မယ် သူ့ပရိသတ်တွေ အတွက် အမှတ်တရ ဖြစ်ရင် ကျေနပ်တယ်၊လူစားထိုး သရုပ်ဆောင် ဖို့ကတော့ ကျွန်တော် တို့ တက်နိုင်သမျှ သူ့အရုပ်ကို ဘဲထည့်ချင်တယ်။အဆင်မပြေရင်တော့ လူစားထိုး သရုပ်ဆောင်ခိုင်းပြီး ရိုက်မယ်"
လူစားထိုးရိုက်မယ်ဆိုရင်ရော အခုအောင်မြင်နေတဲ့ မင်းသားတွေ ထဲက ပဲခေါ်ပြီးရိုက်မှာလား၊အသစ် ရွေးချယ် မှာလား မေးတော့ " ကျွန်တော်က တော့ လူသစ်ပဲရွေးချင်ပါတယ် " လို့ဆိုပါတယ်။
The Messenger ဂျာနယ်မှ....
သတင်းအား ဖတ်ရှုမှု အတွက် ကျေးဇူး ပါ...

Friday, September 7, 2012
သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးလို သတိမပြုမိလိုက်တဲ့ အမှားကြီး တစ်ခု မလုပ်မိကြဖို့ တိုက်တွန်းခြင်း
ကျွန်တော်တို့ ငယ်ငယ်က အင်မတန်သဘောကျ လေးစားရတဲ့ သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးဆီ အခုအချိန်ထိ သတိရ အောင့်မေ့နေဆဲပါ။ သူ့ဇာတ်ကား ရုပ်ရှင်တော်တော်များများကို အားပေးကြည့်ရှုခဲ့တဲ့ ပရိတ်သတ် တစ်ယောက်ဆိုလည်း မှားမယ် မထင်ပါဘူး။
ဒါပေမဲ့ ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ (၅) နာရီမှာ အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်အတွင်း ရုတ်တရက် ကွယ်လွန်သွားကြောင်း နောက်နေ့ (၁၂) ရက်နေ့မှာ သတင်း ကြားလိုက်ရပါတယ်။ သတင်း ကြားကြားချင်း ရင်ထဲမှာ အားလျော့သွားသလို ၀မ်းနည်းသွားသလို ခံစားရပါတယ်။ သန်မာကြံ့ခိုင် ပျော်ရွှင်တက်ကြွနေတဲ့ ဒွေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ချက်ချင်း လက်ငင်း လူ့လောကကြီးထဲကနေ ထွက်သွားရတာလဲ ဆိုတာ စဉ်းစားရ အခက်တွေ့သွားစေခဲ့တယ်။
ဂျာနယ်မီဒီယာတွေမှာ နှလုံးရောဂါနဲ့ ဆုံးသွားသလို ဖော်ပြကြတယ်။ တချို့ လူ့အသိုင်းအ၀ိုင်းမှာကျတော့လည်း အလုပ်တွေ ပင်ပန်းပြီး ရုတ်တရက် အမောဆို့ကာ သေဆုံးသွားကြသလို ပြောနေကြပြန်တယ်။ တချို့နေရာတွေမှာကျတော့ လုပ်ကြံခံရတာလို့ ကြားရတာလည်း ရှိပါတယ်။ သတင်းတွေက အမျိုးမျိုး အဖုံဖုံကြားခဲ့ရပါတယ်။
ခင်ပွန်းသည် ဈာပနာ တက်ရောက်ခဲ့တဲ့ သူ့အမျိုးသမီး မိုးမိုးကိုလည်း အင်မတန်မှ ကိုယ်ချင်းစာ သနားဂရုဏာ ဖြစ်မိပါတယ်။ နောက်ပိုင်းမှာတော့ သေဆုံးရတာနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအ၀ိုင်း လောကမှ ခိုင်လုံတဲ့ သတင်းကို ရရှိခဲ့ပါတယ်။
ဘာကြောင့် သေဆုံးရတာလဲဆိုရင် "ရာဘ" (ခေါ်) မြင်းဆေး အလွန်အကျွံ သုံးစွဲကြောင်း သိခဲ့ရတာပါ။ မသေဆုံးခင်မှာ ဒွေးဟာ ညမအိပ်ဘဲ (၄) ရက်ဆက်တိုင် ဆေးအရှိန်ကြောင့် မရပ်မနား အလုပ်လုပ်နေရင်းကနေ ဆေးအရှိန်ကျလာခဲ့ပါတယ်။ အဲဒီနောက် ပုံမှန် ကိုယ်ခံစွမ်းအားကလည်း လွန်ခဲ့တဲ့ (၄) ရက်မှာ ဆက်တိုက် လုပ်ခဲ့ရလို့ အားအင်ကုန်ခန်းသွားပြီး ရုတ်တရက် နှလုံးခုန် ရပ်သွားတာပါ။ တကယ်လို့ ဒွေးအနီးအနားမှာ အမြဲတမ်း အကူတစ်ယောက် ရှိနေမယ်ဆိုရင် ကယ်တင်နိုင်ပါလိမ့်မယ်။ ယခင်တုန်းကလည်း သတင်းမျိုးစုံ ကောလဟာလရော အတင်းအဖျင်းတွေပါ ရောနှောသိခဲ့ရတော့ အခု ဒီသတင်းလည်း ကြားကြားချင်း ကျွန်တော်တို့ သိပ်မယုံကြည်ရဲသေးပါဘူး။ ဒါပေမဲ့ ယခင် သူ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာကြည့်တဲ့အခါ ဖြစ်နိုင်ကြောင်း/ မှန်ကန်နိုင်ကြောင်း အထောက်အထား တစ်ခု ရခဲ့ပါတယ်။
ဂျာနယ် မီဒီယာ တစ်ခုနဲ့ အင်တာဗျူးရာမှာ သူ့အနေနဲ့ တစ်နေ့ကို ပုံမှန် အိပ်ချိန် (၄) နာရီဘဲ အိပ်ကြောင်း၊ ကျန်တဲ့အချိန်များမှာ ကိုယ်ပိုင် စီးပွားရေး အလုပ်လုပ်ချိန်၊ ဇာတ်ကား ရှုတင် ရိုက်ချိန်၊ ဇာတ်ဝင်ခန်းအတွက် စာမူ Dialogue များ လေ့ကျင့်ချိန်၊ ထမင်းစားအနားယူချိန် အစရှိသဖြင့် အစီအစဉ်တကျနဲ့ နေ့တိုင်း လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။ လူတစ်ယောက်က တနေ့ကို (၄) နာရီဘဲ အိပ်ပြီး နေ့စဉ်ရက်ဆက် အလုပ်တွေ အများကြီး လုပ်နိုင်တာ ဘာကြောင့်ပါလဲ??? မှန်ကန်သေချာတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေအရ လူတစ်ယောက်ဟာ ပုံမှန် တနေ့ကို အနည်းဆုံး (၆) နာရီမှ (၇) နာရီ အိပ်ရကြောင်း ဖတ်ခဲ့ရပါတယ်။
ဒွေးရဲ့ ပုံမှန် အိပ်ချိန်ဟာ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ တခြားစီဖြစ်နေကြောင်း စတင် ရိပ်မိလာတယ်။ အဲဒီတော့ ခုနက ကြားတဲ့ သတင်းနဲ့ ဆက်စပ် တွေးတောလိုက်တဲ့အခါ ပိုမို ဖြစ်လာနိုင်ကြောင်း သိလိုက်ရခဲ့တယ်။
ယနေ့ လက်ရှိ အနုပညာ လောကမှာလည်း အခုလို "ရာဘ"/ မြင်းဆေး တွေကို သုံးစွဲနေကြတုန်းပါ။ မိမိ အောင်မြင်ကျော်ကြားဖို့အတွက် သုံးစွဲတာ ဟုတ်သလို ကြိုက်နှစ် သဘောကျလို့ သုံးစွဲနေတာတွေ၊ အရှိန်မထိန်းနိုင်ဘဲ ဆက်လက် သုံးစွဲနေတာတွေလည်း ရှိနေကြပါတယ်။
ကျွန်တော်တို့ အနေနဲ့ အသိပေးချင်တာကတော့ အခုလို ရာဘဆေး၊ မြင်းဆေးတွေကို စမ်းသုံးကြည့်တာတောင် လုံးဝ မလုပ်မိစေလိုပါဘူး။ လုပ်မိပြီးလို့ ဖြတ်လို့ မရရင်လည်း သက်ဆိုင်ရာ မိဘဆွေမျိုး ပညာရှင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ဖြတ်တောက်ဖို့ နည်းလမ်း အကူအညီများ အမြန်ဆုံး ရယူလိုပါတယ်။ အနာဂါတ်အတွက် ထွန်းတောက်အောင်မြင်နိုင်ပြီး ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်မဲ့ လူငယ်လူရွယ်၊ လူကြီးလူကောင်းတွေလည်း သရုပ်ဆောင် ဒွေးလို အရှိန်လွန် သုံးစွဲမိပြီး မထိန်းနိုင် မကယ်နိုင် မဖြစ်ရလေအောင် ဆေးသုံးစွဲမှု ရှောင်ကြည်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

သတင်းအား ဆိုက်တစ်ခုမှ ကူးယူဖော်ပြထားပါတယ် ခင်ဗျာ...........
ပြုံးတော်မူ
ကျောင်းပြန်ပြီဆို သူ့ဘေးနားမှာ
ကောင်လေးတွေက ၀ိုင်းလို့လာတာ
ကျွန်တော့ရင်မှာ ဗဘောင်ဆူတာ
ချစ်ခွန်းစကားလေး ပြောချင်မိတာ
ကျွန်တော်တို့အဖွဲ့က ပြုံးတော်မူလို့
တင်စာခေါ်တာ
ကျွန်တော်များလဲ သူတို့များလို
ချစ်ခွင်းစကားလေး ပြောချင်မိတာ
စိတ်စိုးသွားမှာ စိုးရိမ်နေလို့
ရင်ထဲမှာဘဲ သိမ်းကာထားမှာ
ပြုံးတော်မူကို ချစ်နေတာ........
ကောင်လေးတွေက ၀ိုင်းလို့လာတာ
ကျွန်တော့ရင်မှာ ဗဘောင်ဆူတာ
ချစ်ခွန်းစကားလေး ပြောချင်မိတာ
ကျွန်တော်တို့အဖွဲ့က ပြုံးတော်မူလို့
တင်စာခေါ်တာ
ကျွန်တော်များလဲ သူတို့များလို
ချစ်ခွင်းစကားလေး ပြောချင်မိတာ
စိတ်စိုးသွားမှာ စိုးရိမ်နေလို့
ရင်ထဲမှာဘဲ သိမ်းကာထားမှာ
ပြုံးတော်မူကို ချစ်နေတာ........
Subscribe to:
Posts (Atom)