-->

Saturday, April 28, 2012

အပြုံးမျက်နှာ

ရှေးရေစက်ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတယ်မဟုတ်လား....
ဘာလို့များ တစ်ယောက်ပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ
နာကျင်မှုကုဋ္ဌေကုဋ္ဌာနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြန်လာတဲ့အခါ
ဘယ်လိုအပြုံး ဘယ်လိုမျက်နှာလုံးတွေနဲ့
နှုတ်ဆက်ဖက်ပွေ့ ကြမလဲကွယ်......။

No comments:

Post a Comment