ချစ်တယ် မင်းလေးကိုပေါ့
လှပတဲ့ မျက်းဝန်းလေးတွေနဲ့
ကဗျာဆန်တဲ့ အပြုံးအောင်မှာ
ကိုယ့်နှလုံးသားတော့ ဘုံးဘုံးလဲကျခဲ့ရပြီ
မင်းအကြည့်နဲ့ တစ်ချက်ဆုံရင်
ကိုယ်ရဲ့အသက်တွေဟာ ရပ်တန့်လို့နေတယ်
အကြည့်ချင်းဆုံလို့ မင်းပြုံးအပြမှာ
ကိုယ်ဟာ နိဗာန်ဘုံများ ရောက်နေသလားထင်မိတယ်
ရင်ထဲမှာရှိတာက အာဒံ လိုအချစ်မျိုးနဲ့ပါ
ဧ၀လို မင်းပြန်ချစ်ရင် ကိုယ့်ရင်ခွင်ဟာ
အနှိုင်းမဲ့ ပျော်စရာ ကမ္ဘာဖြစ်သွားပြီပေါ့..........။
No comments:
Post a Comment