-->

Saturday, April 28, 2012

ကြေကွဲ ဆိုက်ပရက်(ခ်)

ကမ္ဘာဦးအစပေါ့
နတ်သမီးလေးတစ်ပါးကို
နှလုံးသားမျက်စိနဲ့ ကြည့်ခွင့်သာခဲ့ပါတယ်
နတ်သမီးလေးအလှနဲ့ ကျွန်တော့အချစ်က
နောက်ဆုံးမှာ
ရိုမီယိုနဲ့ ဂျုလီးယက်ရဲ့ အချစ်ဇာတ်လမ်း
ပေါင်းများစွာနဲ့ ထပ်တူညီခဲ့ပါတယ်
ဒါပင်မဲ့ သူတို့တွေက သရုပ်ဆောင်ဆိုတော့
ခံစားမိတယ်မထင်ဘူး
ကျွန်တော်ကိုယ်တိုင်ဖောက်ထားတဲ့
အချစ် ဆိုက်ပရက်(ခ်) လမ်းဟာ
ခုတော့ခါးသီးစွာနဲ့ဘဲ လျှောက်လှမ်းလိုက်ရပါပြီ.....။

No comments:

Post a Comment