-->

Sunday, November 4, 2012

ပုဂံရောက်အမှတ်တရ





ပန်းပြန်သဇင်

ပန်းလေးတွေ လန်းဆန်းစွာ
ဖူးပွင့်ဝေဆာနေသောတစ်နေ့
သူငယ်ချင်း
မင်းကိုယ်တိုင်
အရောင်- အဆင်း- အနံ့-အလှ ကို
ကိုယ်တိုင်ရွေး
ဒါပင်မဲ့ သူငယ်ချင်း
သဇင်ဆိုတာ
ပင်ဆင့် ပန်းပျံက
အလှကြွယ် သင်းရနံ့
အဆင်းနဲ့ အချင်းပြည့်စုံတယ်
နန်းသုံးတော်ဝင်ပဲ
နှင်းရည်စိုသောက်
နေမင်းကိုပြင်းဆန်
အလှတရားကို ယာဉ်ဆင့်
ပင်မြင့်က ပန်းသဇင်

အလကား

အကောင်းဆုံးသော အချိန်ဆိုတာ
အဆင်ပြေနေတုန်း အချိန်ပဲ
လောကဘယ်အရာကိုမှ
လွယ်လွယ်လေး မမှတ်ပါနဲ့
ငယ်ရွယ်သူအဖို့မှာ.......
အချစ်ဆိုတာ ပေါ်ပြူလာပဲ
အချစ်ကိုကိုးကွယ်
အချစ်ကိုအရာသွင်း
အချစ်ကိုယုံစား
နောက်ဆုံးတော့လဲ
အလကား