-->

Sunday, November 4, 2012

ပန်းပြန်သဇင်

ပန်းလေးတွေ လန်းဆန်းစွာ
ဖူးပွင့်ဝေဆာနေသောတစ်နေ့
သူငယ်ချင်း
မင်းကိုယ်တိုင်
အရောင်- အဆင်း- အနံ့-အလှ ကို
ကိုယ်တိုင်ရွေး
ဒါပင်မဲ့ သူငယ်ချင်း
သဇင်ဆိုတာ
ပင်ဆင့် ပန်းပျံက
အလှကြွယ် သင်းရနံ့
အဆင်းနဲ့ အချင်းပြည့်စုံတယ်
နန်းသုံးတော်ဝင်ပဲ
နှင်းရည်စိုသောက်
နေမင်းကိုပြင်းဆန်
အလှတရားကို ယာဉ်ဆင့်
ပင်မြင့်က ပန်းသဇင်

No comments:

Post a Comment