-->

Tuesday, July 10, 2012

ဒွေး (ခ) ကိုသားကြီးအတွက် 5 နှစ်မြောက်အမှတ်တရ ကဗျာ 7 လပိုင်း 11 ရက်နေ့ 2012 ခုနစ်


ရောင်ဝါထင်လင်း မြန်ပြည်ခွင်း
မမေ့အပ်ပြီ မိုးဇူလိုင်
“ထင်လင်း”ကစ “ကိုသားကြီး”ဆုံး
တိုးတက်ခဲ့ပြီ တို့ရုပ်ရှင်
ရက်တွေကြာညောင်း မေ့ကြောင်း
စွဲမက်မိပေ “ဒွေး” ရုပ်ရည်
အမူရာပြောင်း အက်ရှင်ကောင်း
ကြည့်ရှုမိပေ တို့တတွေ
ကြိုးစားပေးဆပ် ချစ်ပရိတ်သတ်အတွက်
သက်စွန့်ရှာရင် ကွယ်လွန်နိစ္စကြုံခဲ့လေပြီ
“ထင်လင်း”ချစ်သော ပရိတ်သတ်က
ရင်မှာပူဆွေး မျက်ရည်သွန်းဖြိုး
ကျခဲ့လေပြီ စီးဆင်လေသည်….။
ဇူလိုင်မျက်ရည် မိုးတွေနဲ့အတူ
နှုတ်မဆက်ပဲ တိတ်ဆိပ်စွာ
ခွဲခွါသွားလေသလား….။
ဒါဟာ အိမ်မက်ဖြစ်ခဲ့ရင် “ကိုသားကြီး”
လွမ်းစရာ ၊ဆွေးစရာ ၊ ကြေကွဲစရာတွေဟာ
ပျောက်ပျက်သွားမှာပါ…..။
သံသရာတကွေ့မှာ ပြန်တွေ့ခဲ့ရင်
“ကိုသားကြီး” အရင်လို အငိုမျက်လုံး
အပြုံးမျက်နှာ ရှင်သန်နေဦးပါ့မလား
သတိရတိုင်း ကျောခိုင်းနေတာလား
ကိုသားကြီး………….
ကံကြမ္မာရက်စက် ဓါးသွားထက်ကြောင့်
ဝေးလွင့်သွားသော “ကိုသားကြီး”
သတိတရ ရှိနေရင်လည်း
ပြန်လည်ခြေချ သရုပ်ဆောင်ပါ
ဘယ်ဘုံဘ၀ ဘယ်နေရာရောက်ရောက်
အထီးကျန်ဆန်……… အားမငယ်နဲ့
အားလုံးသော ရင်ထဲမှာ
မှတ်ကျောက်တင် ကဗ္မည်းထိုးလျက်
အိမ်မက်တွေဟာ တကယ်လက်တွေ့
ဖြစ်နေလျှင် “ဒွေး “
                     မင်းမသေဘူး

No comments:

Post a Comment