-->

Sunday, June 24, 2012

ဆောင်းဦးညရဲ့ လလေပြေ

မြူမှုံတိမ်ကင်း ကြည်လင်ရှင်း
ကြယ်ပန်းကာရန် လလင်းပြန်သော်
အေးမြလင်းသာ ညအချိန်ခါဝယ်
သာယာညှင်းတွဲ လေညှင်းလှည့်
ဝင်းမှည့်စပါး ရိတ်ချိန်များဝယ်
နေ့မှာသူရိန် ပူရှိန်မြင့်လွန်း
ပွင့်ထွန်းပေါ်လည်း တောရွာဓလေ့
မငြီးငွေ့ပေ ၀မ်းရေးပေမို့
ကြိုးစားလုပ်ကိုင် မပန်းနိုင်ပေါ့
ညမှာနားနေ လလေပြေနဲ့
အပန်းဖြေပြီး ကျေးလတ်တေးသံ
နားဆင်ပြန်ပေါ့။
ချိန်ခါမိုးမှ ဆောင်းလပြောင်းကူး
လထူးတန်ဆောင်တန်း မပန်းနိုင်ပေါ့
လှပလွန့်လူး ကြည့်ရထူးသည့်
ဆောင်းဦးညရဲ့ လလေပြေတည်း...။

No comments:

Post a Comment