-->

Sunday, October 7, 2012

အိမ်ပြန်လွမ်း

 
အချိန်မှန်မှန် အိမ်ပြန်လွမ်းတေး
ဟစ်ကြွေးသီဆို နေညိုချိန်မှာ
နွေကမ္ဘာရဲ့ အလွမ်းငှက် (ဥသြ)
ပန်းပွင့်သက်သေ လွမ်းရက်တွေ က
တစ်နှစ်မှာ တစ်ခေါက်အလည်ရောက်တဲ့
ပန်းပိတောက်တွေလို မင်းကိုမျှော်ငေး
ဆွေးနေရသူပါ နီးနေလျက်နဲ့ ဝေးရသူမို့ 

 ဆွေးလို့မပူ ထွေလို့မယူ ငေးလို့သာ
မျှော်နေရသူပါ အတွေးတွေကတော့
အဆွေး ကမ္ဘာထဲမှာပဲပေါ့

လွမ်းမိတယ် .... အိုကျောင်းသူ


အနေမဝေးပင်မဲ့ မြေခြားသူရယ်
တွေ့ဆုံချိန်ခဏ ကျောင်းဝင်းအတွင်းဍ်
ကြည်နူးပျော်ရွှင် မင်းမျက်ဝန်းတွင်
မာနကင်းစင် အပြုံးဆင်ရွေ့
ပူပင်သောက ကင်းဝေးရသော
ကျောင်းသာဘ၀ စာသင်ချိန်ဝယ်
ကျောင်းသူ ကျောင်းဆင်းချိန်
အိမ်အပြန်လမ်း ရင်နှစ်ဖွယ်
မြေခြားခဲ့တော့ နှုတ်မဆက်ဝင့်ဖွယ်
လွမ်းမိတယ်… အိုကျောင်းသူ

ချစ်ခွန်းဆိုမယ် အိုကျောင်းသူ


ချစ်ခွန်းဆိုမယ် အိုကျောင်းသူ
မင်းရဲ့အကြည့် မျက်စောင်းတစ်ချက်က
ငါ့ရင်ကို တဒိမ်းဒိမ်း
လှုပ်ခပ်စေတယ်
မင်းရဲ့လေသံ ဟန်ပန်မူကြောင့်
ငါ့မှာအားရုပ် နှောက်ကိုဆုတ်ရွေ့
အဝေးကနေ ငေးကာမောချင်း


ပြုံးတော်မူ အိုကျောင်းသူ
ပချိုင့်နှစ်ဖက် ပါးမှာကွက်ရွေ့
လှချင်တိုင်းလှ မင်းဘဝ

သူ့ရဲ့ပိုင်ဆိုင်သူ


သူရိန်နေမင်း တောက်ပကြည်လင်နေသော
အာကာဝေဟင် လှပကာ
လှမ်းလာနေသော ကျောင်းသူ
မခို့တရို့ မ၀င့်ရဲ
လှမ်းကာကြည့်မိတော့
ကဗျာဆန်မဟာဆန်တဲ့ ကျောင်းသူ
ခြေချင်လှမ်း ကုဋ္ဌေလမ်းဖြင့်
လှမ်းကာကြည့်တော့ ကျောင်းသူနောက်
နှောက်ယှက်နေသော သူငယ်ချင်းများအပေါင်းတို့
နှောက်ယှက်နေလျှင် ကျောင်းကထုတ်
အတန်းအောက်မဲ့ ငါ  သူရဲ့ပိုင်ဆိုင်သူ