-->

Saturday, June 30, 2012

ပြီးဆုံးကျောင်း

အထက်တန်းကျောင်းက ကောင်မလေး
နှလုံးသားတွေ မာကျောအေး
မာနဂုဏ်ထင် ကြောက်စိတ်မ၀င်ဘဲ
ညီညာလက်တွဲ သူဖြုတ်သွားလဲ
အမြဲသတိတရ ရှိနေဆဲပါ..။
                                         M.Z.O

အောင်မြတ်သူပါ..။ ဇာနည်ထက်ရဲ့ အစ်ကို ၀မ်းကွဲပေါ့...။

ဒွေးကို အရမ်းအားပေးတဲ့ ပရိတ်သတ်နှစ်ယောက်ပါ...။ ဒွေးရဲ့ ဘေးနှစ်ယောက်က ဇာနည်ထက် နဲ့ အောင်မြတ်သူပါ...။

ကိုသားကြီ ပရိတ်သတ် သုံးဦးပါ ။ကိုသားကြီးအပေါ်က ဇာနည်ထက် ပါ။ ဇာနည်ထက် ဘေးက ညီ စည်သူထက်ပါ ။ စည်သူထက် အောက်က တော့ အောင်မြတ်သူပေါ့...။

ဒွေးကို အရမ်းအားပေးတဲ့ ပရိတ်သတ်နှစ်ယောက်ပါ...။ ဒွေးရဲ့ ဘယ်ဘက်ကတော့ မိတ်ဆက်ပေးစရာမလိုတော့ပါဘူး..။ ညာဘက်ကတော့ အောင်မြတ်သူပါ..။ အစ်ကို ၀မ်းကွဲပါ...။(၁)

ဒွေးကို အရမ်းအားပေးတဲ့ ပရိတ်သတ်နှစ်ယောက်ပါ...။ ဒွေးရဲ့ ဘယ်ဘက်ကတော့ မိတ်ဆက်ပေးစရာမလိုတော့ပါဘူး..။ ညာဘက်ကတော့ အောင်မြတ်သူပါ..။ အစ်ကို ၀မ်းကွဲပါ...။

ဒီကဗျာက နာမည်လေးကို စပ်ထားတာပါ.... စာဖတ်သူ သူငယ်ချင်းတွေလဲ ဒီကဗျာထဲက နာမည်ကို စဉ်းစားကြည့်ပါ...။

ဒီဆောင်းဟေမာန် မနှင်းရယ်
ဆောင်းသဇင်လို နန်းမြင့်ထက်
လှပကျော့ရှင်း အိနြေ္ဒခြင်းထက်
သာလွန်လမင်း ပြိုင်စံဝင်း
ဟိုးခေတ်ကာရံ မိုးမြင့်
ဆီက..........
ချစ်ခွန်းလေပြည် ကြားလေခြင်း

Sunday, June 24, 2012

ဒွေး (ခ) ကိုသားကြီး ရေးသွားတဲ့ ကျေနပ်လိုက် သိတက်လိုက်တာကိုက ကိုယ့်အမှား

ကျေနပ်လိုက်တာ
သိတက်လိုက်တာကိုက
ကိုယ့်အမှား....
တကယ်တမ်းကျတော့
သေပြီးသား မြေကြီးပေါ်က
အပင်ကို ပျိုးခဲ့မိတာ
နာရီ လက်တံတွေဟာ
သိပ်သနားစရာ ကောင်းတယ်
နောက်ပြန်ရစ်ကြည့်လိုက်
ပွေ့ပိုက်ထားတဲ့
ကျေးဇူးတရား မှန်သမျှဟာ
အစထဲက
ခေါင်းပုံဖြတ်ပြီးသား
ယုံလို့ ပုံအပ်လိုက်တာ
ထိခိုက်သွားတော့မှ
နောက်ကြည့်မှန် မသုံးတက်မှန်းသိတာ
ကိုယ်ကိုယ်တိုင်က ညံ့တာ
နောက်တစ်ခါထပ်
ပြောပြလိုက်မယ်
ကျေနပ်လိုက်ပါ
သိတက်လိုက်တာကိုက
ကိုယ့်အမှား....။

စကားနောက် တရားပါ ဆုတောင်းပြည့်ခဲ့လေသလား ဒွေး

“ အားလုံးသောအရာသည် မမြဲသော သဘောတရားသာ ရှိ၏ ” ဆိုသည့်အတိုင်း မည်မျှပင်အောင်မြင်ပါစေ ၊ ချမ်းသာပါစေ ၊ ဆင်းရဲနွမ်းပါးပါစေ ၊ အားလုံးသောအရာမှန်သမျှ ဖြစ်ပျက်သဘောသာ ဆောင်ကြပေသည်။ ဘဝသံသရာဝဲဂယက်ကြီးထဲမှ ထွက်ပေါက်မတွေ့မရုန်းထွက်နိုင်သေးသမျှ မည်သည့်သတ္တဝါပင်ဖြစ်ပါစေ ၊ ကိုယ်ပြုခဲ့သည့် ကုသိုလ်ကံ ၊ အကုသိုလ်ကံသာ အကျိုးပေးသွားမည် ဖြစ်ပေသည်။ ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ နည်းပညာများအဆမတန် လိုက်မမီနိုင်အောင် တိုးတက်နေသည့် သိပ္ပံလောက ၊ နည်းပညာလောကကြီးထဲတွင် မယုံကြည်နိုင်စရာကောင်းသည့် ဆဋ္ဌမအာရုံနယ်လွန်ဖြစ်ရပ်များ ရှိနေဆဲ ၊ ဖြစ်နေမြင်နေရဆဲသာ ဖြစ်သည်။ မြန်မာတွင်သာမက ကမ္ဘာတစ်ဝန်းနေရာအနှံ့အပြားတွင်ပါ ယခင်ဘဝဟောင်းကို ပြန်လည်မှတ်မိနေတတ်သည့် လူဝင်စားဖြစ်ရပ်များ ရှိနေသလို ယခုလည်း နိုင်ငံကျော် ပြည်သူချစ်အနုပညာရှင်တစ်ယောက်၏ လူဝင်စားဖြစ်ရပ်တစ်ခု အနုပညာမီဒီယာလောကတွင် ဟိုးလေးတကျော် ပေါ်ပြူလာဖြစ်လာနေပေသည်။ “ နောက်ဘဝလူဖြစ်ခွင့်ရရင် ဘာမှမဟုတ်တဲ့ ရွာလေးတစ်ရွာမှာ ဘယ်သူမှမသိတဲ့ သာမန်လူတစ်ယောက်သာ ဖြစ်ချင်တယ် ” လို့ ဆုတောင်းခဲ့တဲ့ ပြည်သူ့အချစ်တော် “ ဒွေး ” တစ်ယောက် သူ့ရဲ့ဆုတောင်းများ ပြည့်သွားခဲ့ပြီလား မသိပါဘူး။ “ ဒွေး ” ဝင်စားတယ်ဆိုပြီး နာမည်ကြီးနေတဲ့ မောင်သူရကျော်ဟာ ရန်ကုန်နဲ့ မိုင် ၅၀၀ ကျော်ဝေးတဲ့ အညာရွာကလေးတစ်ရွာက ကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် မောင်သူရကျော်လေးဟာ အရင်ဘဝကအကြောင်းတွေကို ပြောလွန်းလို့ ဖခင်က ရိုက်နှက်တတ်တဲ့အတွက် သိပ်မပြောတော့ဘူးလို့ သိရပါတယ်။ အနီးအနားက ရွာသူရွာသားများကလည်း လာကြည့်ကြသလို ရန်ကုန်က သတင်းမီဒီယာတွေလည်း အများအပြားသွားပြီး လေ့လာသတင်းယူနေကြပါတယ်။ ဒွေးနဲ့ညီအစ်ကိုနေလာခဲ့တဲ့ ဒါရိုက်တာဦးမျိုးမင်း၊ ဇနီးသည် မိုးမိုး၊ သားညီ၊ ရန်အောင်၊ ဇွဲနိုင်ဝင်း ၊ မွေးစားသား ဝေယံမိုး စသူတို့ရဲ့ အယူအဆအမြင်များ အမျိုးမျိုးထွက်လာနေပေမယ့် ဒွေးဝင်စားတယ် ဟုတ်/မဟုတ်ဆိုတာကိုတော့ တိကျမှန်ကန်စွာ မသိကြရသေးပါဘူး။ အကယ်၍ အမှန်တကယ်သာ သရုပ်ဆောင်အနုပညာရှင် ဒွေး ဖြစ်ခဲ့ပါက ဒါရိုက်တာ ဦးမျိုးမင်း ပြောသလို အရင်ဘဝဟောင်းက အနုပညာအရည်အသွေးများ ပြန်လည်အမှတ်ရထွန်းတောက်လာပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက် ပြန်ဖြစ်လာဦးမလား ဆိုတာကိုတော့ ...စကားနောက် တရားပါ ဆုတောင်းပြည့်ခဲ့လေသလား ဒွေး

ဆောင်းဦးညရဲ့ လလေပြေ

မြူမှုံတိမ်ကင်း ကြည်လင်ရှင်း
ကြယ်ပန်းကာရန် လလင်းပြန်သော်
အေးမြလင်းသာ ညအချိန်ခါဝယ်
သာယာညှင်းတွဲ လေညှင်းလှည့်
ဝင်းမှည့်စပါး ရိတ်ချိန်များဝယ်
နေ့မှာသူရိန် ပူရှိန်မြင့်လွန်း
ပွင့်ထွန်းပေါ်လည်း တောရွာဓလေ့
မငြီးငွေ့ပေ ၀မ်းရေးပေမို့
ကြိုးစားလုပ်ကိုင် မပန်းနိုင်ပေါ့
ညမှာနားနေ လလေပြေနဲ့
အပန်းဖြေပြီး ကျေးလတ်တေးသံ
နားဆင်ပြန်ပေါ့။
ချိန်ခါမိုးမှ ဆောင်းလပြောင်းကူး
လထူးတန်ဆောင်တန်း မပန်းနိုင်ပေါ့
လှပလွန့်လူး ကြည့်ရထူးသည့်
ဆောင်းဦးညရဲ့ လလေပြေတည်း...။