-->

Saturday, May 26, 2012

ဇာနည်ထက် ကျိုက်ထီးရိုးရောက် အမှတ်တရ (၂)

ဇာနည်ထက် ချောင်းသာရောက် အမှတ်တရ (၂)

ဇာနည်ထက် ကျိုက်ထီးရိုးရောက် အမှတ်တရ

ဇာနည်ထက် ချောင်းသာရောက် အမှတ်တရ

ဇာနည်ထက် ငယ်ဘ၀ပုံရိပ် (၂)

ဇာနည်ထက် ငယ်ဘ၀ပုံရိပ်

Tuesday, May 22, 2012

ချစ်ခြင်း နှင့် ခြစ်ခြင်း


ချစ်ခြင်းနဲ့ ခြစ်ခြင်းက
အသံတူသော်လည်း
အဓိပ္ပာယ် ခြားနားလှသည်
ချစ်ခြင်း၏ အနှစ်သာရကား
ပေါင်းစည်းခြင်းဖြစ်ပြီး
ခြစ်ခြင်း၏ အနှစ်သာရကား
ပြိုကွဲခြင်း ဖြစ်သည်
ချစ်ခြင်းသည်
ပြည့်စုံခြင်းဍ် အဆုံးသတ်ပြီး
ခြစ်ခြင်းသည်
ပျက်စီးခြင်းဍ် နိဂုံးချုပ်သည်
ချစ်ခြင်းသည်
အပြုသဘောကို ဆောင်ပြီး
ခြစ်ခြင်းသည်
အဖျက်သဘောကို ဆောင်သည် 
စာဖတ်သူ မင်းလဲ
သင်ကိုယ်တိုင်
ယပင့်နဲ့ချစ်မှာလား………………
ရရစ်နဲ့ချစ်မှာလား………………….။

Sunday, May 20, 2012

သက်ရှိတစ္ဆေ

သက်ရှိလောက တည်ရှိသမျှ
အိုရနာရ နုပျိုရမည်
သေခြင်းတရား တမလွန်ကား
မုချမတွေ ကြုံရပေမည်။
ပြန်လမ်းဘယ်ဝယ် မျှော်တော်နေလဲ
တမလွန်ကား ရောက်ရပေမည်.....။

Saturday, May 12, 2012

ရုပ်ရှင်သရုပ်ဆောင် ဒွေး၏ တစ်ကိုယ်တော် လက်ရာပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံး ပန်းချီကားတစ်ကားမှ ဝယ်ယူသူမရှိ၊ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှ ပိုက်ဆံစု၍ ဝယ်ယူမည်ဟု ကမ်းလှမ်း

ရန်ကုန်မြို့၊ (၃၄)လမ်း၊ အဇဋာအနုပညာပန်းချီပြခန်းတွင် ရုပ်ရှင်သရုပ်ဆောင် ဒွေး၏တစ်ကိုယ်တော် လက်ရာပန်းချီပြပွဲကို ရက်သတ္တပတ်အကြာ ပြသခဲ့ရာ စာနယ်ဇင်းများနှင့် ဒွေး၏ ပရိသတ်အစစ်များ လာရောက်ကြည့်ရှုခဲ့ကြပြီး ဒွေးကို သံယောဇဉ်ရှိသူ အနုပညာရှင် အချို့သာ လာရောက်ကြည့်ရှု ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဒွေး၏ပန်းချီပြပွဲကို စာနယ်ဇင်း ရန်ပုံငွေ အဖြစ်ရည်ရွယ်၍ ပြသခဲ့သော်လည်း မည်သည့် ပန်းချီကားမှ ရောင်းချခဲ့ရခြင်းမရှိဟု သိရှိရသည်။ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်ကမူ သူ့လက်ရေးနှင့် ရေးသားထားသည့် ပန်းချီကားတစ်ချပ်ကိုမူ အမှတ်တရ ဝယ်ယူသိမ်းဆည်းထားရန် ပိုက်ဆံစုသွားမည် ဖြစ်ကြောင်း လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။ ဒွေးရဲ့ပန်းချီလက်ရာများကို လျှပ်တစ်ပြက် ဂျာနယ်တိုက်မှပင် ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Friday, May 11, 2012

-သရုပ်ဆောင်မင်းသား *ဒွေး*အား-၀ိဥာဉ်ကောင် တစ္ဆေပြိတ္တာဘ၀တွင်-ရောက်ရှိကျင်လည်နေရတာကို-တွေ့မြင်ခဲ့ရပုံ မှတ်တမ်းသစ်ကြီး

နာမည်ကျော် သရုပ်ဆောင်မင်းသား ဒွေး ရဲ့-ယ္ခုရောက်ရှိကျင်လည်နေရဆဲ-၀ိဥာဉ်ဘ၀သစ်ကို-သမာဓိစိတ်အလင်းရောင်များဖြင့်-ရှာဖွေတွေ့မြင်ခဲ့ရပုံ မှတ်တမ်းသစ်

ဤယနေ့ ၂၄.၀၈.၂၀၁၁-နေ့အ၀င်-အာရုံတက်နီး ၅နာရီခန့်တွင်-အာနာပါနသမာဓိ လေ့ကျင့်စဉ်များဖြင့်-လေ့ကျင့်မှတ်သိ၍နေဆဲသူ-ဤစာရေးသူရဲ့ ရှေ့-လက်တစ်ကမ်းအကွာလောက်၌-နာမည်ကျော် သရုပ်ဆောင်မင်းသား ဒွေး ရဲ့-မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံတစ်ခု ပေါ်လာသဖြင့်-မေတ္တာပို့ပေးလိုက်ပြီးလျင်-
*ဒွေး*ရဲ့-ယ္ခုရောက်ရှိ ဖြစ်တည်နေရဆဲ ဘ၀ခန္ဓာသစ်ကို-အဓိဋ္ဌာန် အထူးပြုကာ-ရှာဖွေကြည့်ရှု၍-မှတ်သားထားသင့်၏-လို့-ဤစာရေးသူအား စိတ်အကြံဖြစ်မိသွားသောကြောင့်-
ဤစာရေးသူထံသို့-ကိုယ်တိုင် ကိုယ်ထင်ရှားဖြင့်-လာရောက်တွေ့ဆုံခဲ့ဘူးသမျှကုန်သော-သိကြားမင်းအပါအ၀င်-နတ်ကြီးများ-နတ်ဘီလူးကြီးများ-၀ိဇ္ဇာဓိုရ်ကြီးများ-၀ိဇ္ဇာချုပ်များ-စသည်တို့ကို-အထူးမေတ္တာပို့လွှတ် ဖြန်လွှမ်းပေးပြီးနောက်။။
**သရုပ်ဆောင်မင်းသား ဒွေးရဲ့-ယ္ခု ရောက်ရှိဖြစ်တည်နေရဆဲ-ဘ၀ကိုယ်ခန္ဓာအသစ် -တကယ်အစစ်အမှန်ကြီးကို-တွေ့မြင်မှတ်သားလိုပါ၍-အကျွန်ပ်မွန်ကျော်ဦးမှလဲ-အစွမ်းရှိသမျှ ကြိုးစားပါမည်။။သူတော်ကောင်း နတ်များ-သူတော်ကောင်း ၀ိဇ္ဇာဓိုရ်များမှလဲ-ကူညီရှာဖွေကာ-ပြဆောင်ပြောကြားလာကြပါ ခင်ဗျာ။-လို့-
အသံထွက် အဓိဋ္ဌာန်ပြုပြီးတော့--ထုံးစံအတိုင်း အာနာပါနသမာဓိတွင်-လေ့ကျင့်ချိန်ညှိလို့-စူးစိုက်နေလိုက်စဉ်-
စိတ်သမာဓိ အလင်းရောင်တန်းများ ပေါ်ထွက်လာရခြင်းနှင့်အတူ-သရုပ်ဆောင်မင်းသား ဒွေးရဲ့-ယ္ခုရောက်ရှိဖြစ်တည်နေရဆဲ ၀ိဥာဉ်ဘ၀သစ် အစစ်အမှန်ကြီးကို-ပီပြင်ပြတ်သား ပြည့်စုံစွာနှင့် တွေ့မြင်လိုက်ရ-မှတ်သားခဲ့ရပါတော့၏။။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
သရုပ်ဆောင်မင်းသား ဒွေး ရဲ့-ယ္ခုဖြစ်ရှိရပိုင်ထားဆဲ ၀ိဥာဉ်ဘ၀သစ်ကြီးအား-ဤစာရေးသူမှ-မြင်တွေ့ခဲ့ရပုံ အစအဆုံး
**အင်္ကျီလက်ရှည် အရောင်ညစ်ညစ်ကို ၀တ်ဆင်ထားသူ- ၀ိဥာဉ်ဘ၀သစ်ခန္ဒာနဲ့-ဒွေးသည်-မိမိရဲ့ လူသားဘ၀က အိမ်ဝင်းကြီးထဲသို့-အဆီးအတားအနှောင့်အယှက် ဘာမှ မရှိပဲနဲ့-လွတ်လပ်စွာပင်-(အဖော်မပါ -ဒွေး- တစ်ဦးထဲပဲနော်)လျှောက်လှမ်းဝင်ရောက်သွားပါ၏။
တစ်ရွေ့ရွေ့နှင့် လျှောက်လှမ်းဝင်လာသော ဒွေးသည် -လှေကားနေရာနဲ့ နီးလာသဖြင့်-၀မ်းသာတက်ကြွသွားပြီးတော့-ခြေလှမ်း ပိုသွက်လာတာ တွေ့ရ၏။။
လှေကားရင်းကို ရောက်ပါပြီ။။-ဒွေးရဲ့ ညာဘက်ခြေလှမ်းက-လှေကားရဲ့ လှေကားထစ်ပေါ်သို့-လှမ်းတက်သွားတာ ဤစာရေးသူမှ-ရှင်းလင်းထင်ရှားစွာပင်-တီဗွီကြည့်ရှုနေရသလိုပဲ-ကြည့်မြင်နေရ၏။
**လှေကားထစ်ပေါ်သို့ လှမ်းတက်သွားမလို့ မြှောက်တင် ချီဆောင်သွားသော *ဒွေး*ရဲ့-ရှေ့ဘက်ခြေချောင်းနေရာ ခြေခုံနေရာ၌-တိန်ကနဲနေအောင်-အထုခံလိုက်ရသည်ကို-ရှင်းရှင်းကြီးပဲ တွေ့မြင်လိုက်ရ၏။-အထုခံလိုက်ရတဲ့ ညာခြေထောက်က-လုံးဝကြီးပင် မလှုပ်ရှားနိုင်တော့လို့-*ဒွေး*ရဲ့ ဘယ်ခြေထောက်က-လှေကားထစ်ပေါ်သို့-လှမ်းတက်သွားတာ တွေ့လိုက်ရပြန်၏။-ထို ဘယ်ခြေထောက်သည်လဲ တိန်ကနဲပင်- အထုခံလိုက်ရလို့-ညာခြေထောက် နည်းတူပဲ-လုံးဝမလှုပ်ရှားနိုင်တော့လို့-ခြေစုံရပ်ကာ-စိတ်ဓာတ်ကျသွးတဲ့ပုံစံဖြင့် ခေတ္တငိုင်နေပြီးနောက်--၀မ်းဗိုက်ထဲမှ-အလွန်ဆာလောင်နေမှုတို့က-အတင်းနှိုးဆော်လာသောကြောင့်--အိမ်ပေါ်က လူတွေ-ကြားသွားစေရန် အသံကုန်ထုတ်၍-အော်ခေါ်နေတာကို၎င်း-အစွမ်းကုန် အားကုန် အော်ခေါ်နေသေည်လဲ အိမ်ပေါ်မှ-လူသားတွေက -၀ိဥာဉ်ဘ၀သစ်ခန္ဒာနဲ့ *ဒွေး*-ရဲ့ အော်ခေါ်သံကို-လုံးဝ မကြားကြပဲ-ခလောခလူးအိပ်ပျော်နေကြ၏။။(မလေးရှား နံနက် ၅နာရီခန့်=မြန်မာပြည် နံနက် ၃နညရီခွဲခန့် အချိန်နော်)။။
ဝိဥာဉ်ဘ၀သစ်ခန္ဓာနှင့်-*ဒွေး*အား-အလွန်ဗိုက်ဆာနေရတဲ့အထဲ-အလွန်ကြိုးစားကာ ထပ်ပြန်အခါခါ အော်ဟစ်ခဲ့ရလို့-အလွန်ကြီးပဲ မောဟိုက်သွားကာ-မခံမရပ်နိုင်လောက်အောင်ပင်-ဖြစ်နေရရှာသည်ကို-ဤစာရေးသူရဲ့ -သမာဓိစိတ်အလင်းရောင်စဉ် မြင်ကွင်းထဲ၌-ပီပြင်ရျင်းလင်းပြည့်စုံစွာပဲ-တွေ့မြင် မှတ်သားနေရ၏။။
လှေကားရင်းနေရာ၌-လှေကားအပေါ်ဘက်ရှိ အိမ်ပေါ်ထပ်ဆီသို့-မော့ကြည့်ရင်းနဲ့ ကျောက်ရုပ်ကြီးလို မလှုပ်မယှက် ရပ်နေရရှာသော-၀ိဥာဉ်ဘ၀သစ်ခန္ဓာနဲ့-*ဒွေး*သည်-မိမိရဲ့ ပါးစပ်ကြီးကို အိမ်အပေါ်ထပ်ဆီသို့-တည့်တန်းပင့်တင် (မော့တင်)ပေးထားလျက်ဖြင့်-တဖြေးဖြေးချင်း ဟပေးလိုက်တာ တွေ့မြင်ရပါ၏။-*၀ိဥာဉ်ဘ၀သစ်ခန္ဓာနဲ့ ဒွေး ရဲ့-ပါးစပါပေါက်သည်-ပုံမှန် လူသားရဲ့ ပါးစပ်ပေါက်လောက်သာ ဖြစ်နေရာမှ-အုတ်မှုတ်ခွက် အပေါက်လောက်ထိအောင်-ပိုကြီးလာ ပိုကျယ်လာတာ တွေ့မြင်လိုက်ရ၏။-ထိုမှတစ်ဆင့် တိုးတက်ပိုလွန်၍-ဆွမ်းအလူခံထွက်တတ်တဲ့ ကိုရင်လေးတို့ရဲ-မြေသပိတ်၏ အ၀ိုင်းပေါက် -အရွယ်ထိအောင်ပဲ-ကျယ်သထက် ပိုကျယ်-ကြီးသထက် ပိုကြိးလာတာတွေ့မြင်နေရ၏။
**၀ိဥာဉ်ဘ၀သစ်ခန္ဓာကိုယ်နဲ့-*ဒွေး*သည်-လှောကားရင်းနေရာမှ-မလှုမယှက် ရပ်တည်နေလျက်-မြေသပိတ် အ၀ိုင်းပေါက်အရွယ်လောက်ကြီးသော-မိမိရဲ့ ပါးစပ်ပေါက်ကြီးကို-အိမ်အပေါ်ထပ်ရှိ လူများထံသို့-ရည်ရွယ်တည့်တန်းထားလျက် ငြိမ်သက်စွာရပ်လို့-မျှော်နေရှာတာကို-ဤစာရေးသူအား-အထင်းသားကြီး အရှင်းကြီးပဲ တွေ့မြင် မှတ်သားခဲ့ရပါ၏-ခင်ဗျာ။။(အိမ်အပေါ်ထပ်က လူတွေ-စားစရာ တစ်ခုခု ပစ်ချလာပါက-လက်နဲ့ မဖမ်းပဲ-ပါးစပ်ပေါက်ကြီးနဲ့ပဲ-တစ်ခါထဲပင်- ဖမ်းစား ဖမ်းဝါးမဲ့-ပုံစံမျိုး အကြံမျိုးနဲ့-မိမိ(ဒွေး)ရဲ့ ပါးစပ်ပေါက်ကြီးကို-အိမ်အပေါ်ထပ်ဆီသို့ မော့တင် ဟပေး-ထားတယ်နော်။။)
ဤစာရေးသူရဲ့ နောက်ဆုံးမြင်ကွင်းထဲမှာ-*၀ိဥာဉ်ဘ၀သစ်နဲ့-ဒွေး ဟာ-အိမ်လှေကားရင်းမှာဗျာ---မတ်တတ်ကြီးရပ်လို့-မလှုပ်မယှက် ငြိမ်သက်နေလို့-ကျောက်ရုပ်လို ဖြစ်နေရရှာကာ--ဆာလွန်းနေလို့-အိမ်အပေါ်ထပ်ဆီသို့-သပိတ်ရဲ့ အ၀ိုင်းပေါက် အရွယ်လောက်ကြီးတဲ့ ပါးစပ်ပေါက်ကြီးကို-ပင့်တင် မြှောက်တင် ဟတင် ပေးထားလျက်နှင့်-စားစရာ သောက်စရာ-မျှော်နေရှာတာ ကြည့်မြင်နေရရင်းနဲ့ပဲ-သမာဓိမြင်ကွင်းအာရုံတွေကို-ဖြစ်ပျက်ဆင်ခြင်လိုက်ရာ-သူ့အလိုအလျောက်ပင်-ပျယ်ပျောက်သွားကုန်လေတော့၏။။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
တိတိကျကျမှတ်သားရန်။။။သရုပ်ဆောင်မင်းသား *ဒွေး*ခမျာမှာ- ၀ိဥာဉ်ကောင် တစ္ဆေပြိတ္တာဘ၀တွင်-တကယ်ပင် ရောက်ရှိနေရရှာပါ၏။။
*ဒွေး*ကို-ကယ်တင်နိုင်တဲ့ နည်းအမှန်ကတော့-*ဒွေးကို နာမည်ခေါ်ကာ-လှေကားထိပ်မှနေလို့-စားစရာတွေ အချိုရည်ဘာညာတွေကို ပစ်ချပေးပါ။ လောင်းချပေးပါ။-ဒွေးအတွက် ရည်မှန်းကာ-တကယ်သီလစင်ကြယ်တဲ့-သူတော်ကောင်း ရဟန်းသံဃာ သီလရှင်တို့အား-ပင့်ဖိတ်ဆွမ်းကျွေးပြီးတော့-*ဒွေး*ကို-လူဘ၀တုံးက-သူ့ကို ခေါ်ခဲ့ကြတဲ့အတိုင်း သုံးကြိမ်ထက်မနဲ အသံကျယ်ကြီးနဲ့ အော်ခေါ်ပြီးလျင်-ကုသိုလ်ကံ အမျှဝေပေးလိုက်ပါ။။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ဤ post ကြီးကို-သရုပ်ဆောင်မင်းသား*ဒွေး*အတွက်-လူသားဘ၀တုံးက-သမာဓိအမြင်အကြားပညာများဖြင့်-ချဲဂဏန်း ထီဂဏန်း ပေးခဲ့ဘူးကြောင်း လူပြောများနေတဲ့-"ရန်ကုန်တိုင်း ချောင်းဝ ကျောင်းတိုက်ကြီးထဲက-သင်္ကန်းဝတ် ပုဂ္ပိုလ်များမှ"-လွတ်လပ်စွာပင်-မိမိတို့ရဲ့ *ချဲကြည့် ထီဂဏန်းကြည့်-သမာဓိ ပလုတ်တုတ်များဖြင့်-ယ္ခုချက်ချင်းကြီးပင်-ကြည့်ရှုစစ်ဆေး နိုင်ပါကြောင်းခင်ဗျာ။။။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!\!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
(ဃ)။-။။။။-မဟာမကာရ လောပဥာဏ်စဉ်ကြီးရဲ့ -အစွမ်းသတ္တိအားအရှိန်များကို တိုင်းတာကြည့်ခဲ့ပုံ။။-ဆက်ရန်.......????????????????????????။။။

ဦးမြဦး ဒေါ်ဋ္ဌေးစီ ဇာနည်ထက် စည်သူထက် ပုဂံ ဘုရားဖူးရောက် အမှတ်တရ


ဦးမြဦး ဒေါ်ဋ္ဌေးစီ ဇာနည်ထက် စည်သူထက် ပုဂံ ဘုရားဖူးရောက် အမှတ်တရ